တရားဥပေဒ စိုးမိုးမႈရွိရန္အတြက္ ျပည္သူႏွင့္ အစိုးရ ပူးေပါင္းေဆာင္ရြက္ေစလိုဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, July 25, 2019

တရားဥပေဒ စိုးမိုးမႈရွိရန္အတြက္ ျပည္သူႏွင့္ အစိုးရ ပူးေပါင္းေဆာင္ရြက္ေစလိုဟု ဆို


ခြန္သက္ထူး
.
တရားဥပေဒ စိုးမိုးမႈ ရွိရန္အတြက္ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူမ်ားမွလည္း စိတ္ဝင္စားမႈ ရွိ ေနေသာေၾကာင့္ ျပည္သူႏွင့္ အစိုးရအၾကား ပူးေပါင္းေဆာင္ရြက္ေစလိုသည္ဟု တရားဥပေဒစိုးမိုးေရးကြန္ယက္မွ ကိုဝင္းႏိုင္စိုးက ေျပာဆိုခဲ့သည္။
.
 .
"တရားဥပေဒ စိုးမိုးေရးအတြက္ အစိုးရေကာ၊ ျပည္သူေကာ၊ အရပ္ဘက္အဖြဲ႕အစည္းေတြေကာ ပူးေပါင္း ေဆာင္ရြက္ဖို႔ အထူးလိုအပ္တယ္။ အခုကသီးျခားစီဆိုေတာ့ အဆင္မေျပဘူးေလ။ အစိုးရအဖြဲ႕က တာဝန္႐ွိ သူေတြေကာ အရပ္ဘက္က အဖြဲ႕အစည္းေတြေကာ ျပည္သူေတြပါ ပူးေပါင္း ေဆာင္ရြက္ဖို႕ လိုအပ္တယ္။ ျပည္သူေတြထဲမွာလည္း တရားဥပေဒ စိုးမိုးေရးကို စိတ္ဝင္စားတဲ့သူေတြ ႐ွိတယ္။ အၿငိမ္းစား ယူသြားတဲ့ ဥပေဒ ပညာ႐ွိေတြလည္း ႐ွိတယ္။ အၿငိမ္းစား ဝန္ထမ္းေတြလည္း ႐ွိတယ္။ တရားဝင္ ျဖစ္ေစခ်င္တာကေတာ့ အစိုးရေကာ ျပည္သူေကာ အားလံုးပူး ေပါင္းၿပီး ကင္းတစ္ခုလိုမ်ိဳး ပူးေပါင္း ေဆာင္ရြက္ေစလိုတာေပါ့"ဟု ကိုဝင္း ႏိုင္စိုးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
တရားဥပေဒစိုးမိုးေရး လုပ္ငန္းသည္ တိုင္းျပည္ အေျခအေနအရ အလြန္အေရးႀကီးေနၿပီး အျမန္ဆံုး အေကာင္ထည္ေဖာ္ ေဆာင္ရြက္ေစလိုေၾကာင္း ၎မွ ဆက္လက္ေျပာ ၾကားခဲ့သည္။
.
"ျပည္သူလူထုနဲ႔ အစိုးရထိေတြ႕ဖို႔ လိုအပ္တာေတာ့ အမွန္ပဲေလ။ အစိုးရ အေနနဲ႔လည္း လိုက္ၿပီးေတာ့ မွ ထိေတြ႕ေနတယ္။ ဒီထက္ေတာ့ ပိုၿပီး ထိေတြ႕ဖို႕ လိုအပ္တယ္လို႕ ထင္တာေပါ့။ ျပည္သူေတြနဲ႔ ပိုၿပီးေတာ့ နီးစပ္ေလ သတင္းပိုရေလပါပဲ။ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို ပိုသိေလ ဘာေတြ လုပ္ေဆာင္ေပးရမယ္ဆိုတာ ေတြ ပိုသိလာမွာေပါ့။ ရင္းႏွီးမႈရေလ ပိုၿပီး ေကာင္းေလေပါ့"ဟု ႐ွမ္းျပည္ နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ ေဇာ္ခင္ ေအာင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ျပည္ထဲေရးဝန္ႀကီးဌာန အေနျဖင့္ တရားဥပေဒ စိုးမိုးေရးအတြက္ မဟာဗ်ဴဟာ ခ်မွတ္ေရးဆြဲ ေဆာင္ရြက္လ်က္ရွိၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕မ်ားအား ေခၚယူရွင္းလင္း တင္ျပခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ ေဒသႏွင့္ လိုက္ေလ်ာညီေထြသည့္ မႈခင္းက်ဆင္းေရး အစီအမံေရးဆြဲ မႈမ်ားကို ဆက္လက္အေကာင္ အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိေၾကာင္းျဖင့္ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴးရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က ၿပီးခဲ့သည့္ ဇြန္လအတြင္းက ျပဳလုပ္ခဲ့သည့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၏ တတိယ တစ္ႏွစ္တာ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ား သတင္းစာ ရွင္းလင္းပြဲတြင္ သတင္း မီဒီယာမ်ားအား ေျပာဆိုထားသည္။
.
============================================================
တရားဥပဒေ စိုးမိုးမှုရှိရန်အတွက် ပြည်သူနှင့် အစိုးရ ပူးပေါင်းဆောင်ရွက်စေလိုဟု ဆို
.
ခွန်သက်ထူး
.
တရားဥပဒေ စိုးမိုးမှု ရှိရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများမှလည်း စိတ်ဝင်စားမှု ရှိ နေသောကြောင့် ပြည်သူနှင့် အစိုးရအကြား ပူးပေါင်းဆောင်ရွက်စေလိုသည်ဟု တရားဥပဒေစိုးမိုးရေးကွန်ယက်မှ ကိုဝင်းနိုင်စိုးက ပြောဆိုခဲ့သည်။
.
"တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရကော၊ ပြည်သူကော၊ အရပ်ဘက်အဖွဲ့အစည်းတွေကော ပူးပေါင်း ဆောင်ရွက်ဖို့ အထူးလိုအပ်တယ်။ အခုကသီးခြားစီဆိုတော့ အဆင်မပြေဘူးလေ။ အစိုးရအဖွဲ့က တာဝန်ရှိ သူတွေကော အရပ်ဘက်က အဖွဲ့အစည်းတွေကော ပြည်သူတွေပါ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်။ ပြည်သူတွေထဲမှာလည်း တရားဥပဒေ စိုးမိုးရေးကို စိတ်ဝင်စားတဲ့သူတွေ ရှိတယ်။ အငြိမ်းစား ယူသွားတဲ့ ဥပဒေ ပညာရှိတွေလည်း ရှိတယ်။ အငြိမ်းစား ဝန်ထမ်းတွေလည်း ရှိတယ်။ တရားဝင် ဖြစ်စေချင်တာကတော့ အစိုးရကော ပြည်သူကော အားလုံးပူး ပေါင်းပြီး ကင်းတစ်ခုလိုမျိုး ပူးပေါင်း ဆောင်ရွက်စေလိုတာပေါ့"ဟု ကိုဝင်း နိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရားဥပဒေစိုးမိုးရေး လုပ်ငန်းသည် တိုင်းပြည် အခြေအနေအရ အလွန်အရေးကြီးနေပြီး အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်စေလိုကြောင်း ၎င်းမှ ဆက်လက်ပြော ကြားခဲ့သည်။
.
"ပြည်သူလူထုနဲ့ အစိုးရထိတွေ့ဖို့ လိုအပ်တာတော့ အမှန်ပဲလေ။ အစိုးရ အနေနဲ့လည်း လိုက်ပြီးတော့ မှ ထိတွေ့နေတယ်။ ဒီထက်တော့ ပိုပြီး ထိတွေ့ဖို့ လိုအပ်တယ်လို့ ထင်တာပေါ့။ ပြည်သူတွေနဲ့ ပိုပြီးတော့ နီးစပ်လေ သတင်းပိုရလေပါပဲ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပိုသိလေ ဘာတွေ လုပ်ဆောင်ပေးရမယ်ဆိုတာ တွေ ပိုသိလာမှာပေါ့။ ရင်းနှီးမှုရလေ ပိုပြီး ကောင်းလေပေါ့"ဟု ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင် အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် မဟာဗျူဟာ ချမှတ်ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအား ခေါ်ယူရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ကြောင်းနှင့် ဒေသနှင့် လိုက်လျောညီထွေသည့် မှုခင်းကျဆင်းရေး အစီအမံရေးဆွဲ မှုများကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် ဇော်ခင်အောင်က ပြီးခဲ့သည့် ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် သတင်း မီဒီယာများအား ပြောဆိုထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats