ရွမ္းျပည္နယ္တရားလႊတ္ေတာ္မွ ဝန္ထမ္းမ်ား၏ သားသမီးမ်ားအတြက္ ပညာသင္စရိတ္ေထာက္ပံ့မႈမ်ား ျပဳလုပ္ေပး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 29, 2019

ရွမ္းျပည္နယ္တရားလႊတ္ေတာ္မွ ဝန္ထမ္းမ်ား၏ သားသမီးမ်ားအတြက္ ပညာသင္စရိတ္ေထာက္ပံ့မႈမ်ား ျပဳလုပ္ေပး


ေကာင္းမြန္
.
ရွမ္းျပည္နယ္ တရားလႊတ္ေတာ္ မွ တရားေရးအရာရွိမ်ားႏွင့္ တရား႐ံုး ဝန္ထမ္းမ်ား၏ သားသမီးမ်ားအား ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠ သိုလ္ဝင္တန္းတြင္ ထူးခြ်န္စြာေအာင္ ျမင္ခဲ့သူမ်ားႏွင့္ ၂၀၁၉-၂၀၂၀ ပညာ သင္ႏွစ္အတြက္ ပညာသင္စရိတ္ ေထာက္ပံ့ျခင္း အခမ္းအနားကို ရွမ္း ျပည္နယ္ တရားလႊတ္ေတာ္တြင္ ဇူ လိုင္လ ၂၈ ရက္၊ မြန္းလြဲပိုင္းက က်င္းပ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
အခမ္းအနားတြင္ ရွမ္းျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္က ႏိုင္ငံေတာ္ အေန ျဖင့္ ဝန္ထမ္းမ်ား၏ စားဝတ္ေနေရး ျပည့္စံုရန္အတြက္ တာဝန္ယူရမည္ ျဖစ္ေၾကာင္း၊ သို႔ေသာ္ ယေန႔အခ်ိန္ တြင္ ႏိုင္ငံေတာ္၏ ဘ႑ာေရးအေျခ အေနအရ မိမိတို႔၏ အစီအစဥ္ျဖင့္ ပညာေရးကို ေထာက္ပံ့ေပးျခင္း ျဖစ္ ေၾကာင္း၊ ေထာက္ပံ့သည့္ ေငြေၾကး မွာလည္း မတရားနည္းျဖင့္ ရယူထား ေသာ ဥပေဒ၊ နည္းလမ္းေဘာင္ကို  ေက်ာ္လြန္ကာ ေဆာင္ရြက္ထားေသာ ေငြေၾကး မျဖစ္ရန္ လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ ဝန္ထမ္းမ်ား၏ သားသမီး မ်ားအား ပညာသင္စရိတ္ ေထာက္ပံ့ ေရးအတြက္ ေငြပေဒသာပင္ စိုက္ထူ ၿပီး ထိုေငြေၾကးမွ ရရွိေသာ အတိုးအ ျမတ္မ်ားကို ပညာသင္စရိတ္အျဖစ္ ေထာက္ပံ့ေပး ျခင္းျဖစ္ေၾကာင္း၊ ယခု ေထာက္ပံ့ေသာ ေငြေၾကးမွာ အလံုး အရင္းႏွင့္ မဟုတ္ဘဲ နည္းပါးသျဖင့္ ေက်ာင္းသား မိဘမ်ားအတြက္ အုတ္ တစ္ခ်ပ္ သဲတစ္ပြင့္ပမာ လွဴဒါန္းျခင္း ျဖစ္ေၾကာင္း၊ ေထာက္ပံ့ေသာေငြေၾကး မွာ မျဖစ္စေလာက္ ျဖစ္ေသာ္လည္း စိတ္ဓာတ္ခြန္အား ေပးျခင္းျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ေစတနာကို တံု႔ ျပန္ေသာအားျဖင့္ ဝန္ထမ္းမ်ားသည္ မိမိတို႕၏ သားသမီးမ်ားအား လူခြ်န္လူ ေကာင္းမ်ား ျဖစ္ေစေရး၊ အက်င့္စာ ရိတၲ ျမင့္မားသူမ်ား ျဖစ္ေစေရး၊ ႏိုင္ ငံေတာ္အေပၚ သစၥာ ေစာင့္သိသူ မ်ား ျဖစ္ေစေရးအတြက္ ျပဳစု ပ်ိဳး  ေထာင္ေပးျခင္းျဖင့္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံ့ အႀကီးအကဲမ်ား၊ ဌာနအႀကီး အကဲမ်ား၏ ေစတနာကို အသိအ မွတ္ျပဳကာ ေက်းဇူးျပန္ဆပ္ၾကရန္ လိုေၾကာင္း ေျပာၾကားခဲ့သည္။
.
ထို႔ေနာက္ ၂၀၁၈-၂၀၁၉ ပညာ သင္ႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲတြင္ ဂုဏ္ထူးရ ေက်ာင္းသား မ်ားအား ဂုဏ္ထူး တစ္ဘာသာလွ်င္ က်ပ္ ၅၀ဝ၀ဝ စီ၊ တကၠသိုလ္ အဆင့္ ေက်ာင္းသား/သူ တစ္ဦးလွ်င္ က်ပ္ ၄၀ဝ၀ဝ စီ၊ အထက္တန္းအဆင့္ ေက်ာင္းသား/သူမ်ားအား တစ္ဦးလွ်င္ က်ပ္ ၃၀ဝ၀ဝ စီ၊ အလယ္တန္းအဆင့္  ေက်ာင္းသား/သူ တစ္ဦးလွ်င္ က်ပ္ ၂၀ဝ၀ဝ စီ၊ မူလတန္းအဆင့္ ေက်ာင္း သား/သူမ်ားအား တစ္ဦးလွ်င္ က်ပ္ ၁၀ဝ၀ဝ စီ ေထာက္ပံ့ ေပးအပ္ခ်ီးျမႇင့္ ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ အခမ္းအနားသို႔ ရွမ္း ျပည္နယ္ တရားလႊတ္ေတာ္ တရား သူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္၊ ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီး ေဒၚခင္ေမတင့္၊ ရွမ္းျပည္နယ္ တရား ေရးဦးစီးမွဴး ဦးျမင့္စိုးတို႔ အပါအဝင္ တရား  ေရးအရာရွိမ်ားႏွင့္ ဝန္ထမ္း မ်ား၊ ေက်ာင္းသား/သူမ်ား စုစုေပါင္း ၅၇ ဦး တက္ေရာက္ခဲ့ေၾကာင္း သိ ရသည္။
.
============================================================
ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့မှုများ ပြုလုပ်ပေး
.
ကောင်းမွန်
.
ရှမ်းပြည်နယ် တရားလွှတ်တော် မှ တရားရေးအရာရှိများနှင့် တရားရုံး ဝန်ထမ်းများ၏ သားသမီးများအား ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္က သိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင် မြင်ခဲ့သူများနှင့် ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ခြင်း အခမ်းအနားကို ရှမ်း ပြည်နယ် တရားလွှတ်တော်တွင် ဇူ လိုင်လ ၂၈ ရက်၊ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က နိုင်ငံတော် အနေ ဖြင့် ဝန်ထမ်းများ၏ စားဝတ်နေရေး ပြည့်စုံရန်အတွက် တာဝန်ယူရမည် ဖြစ်ကြောင်း၊ သို့သော် ယနေ့အချိန် တွင် နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေ အနေအရ မိမိတို့၏ အစီအစဉ်ဖြင့် ပညာရေးကို ထောက်ပံ့ပေးခြင်း ဖြစ် ကြောင်း၊ ထောက်ပံ့သည့် ငွေကြေး မှာလည်း မတရားနည်းဖြင့် ရယူထား သော ဥပဒေ၊ နည်းလမ်းဘောင်ကို  ကျော်လွန်ကာ ဆောင်ရွက်ထားသော ငွေကြေး မဖြစ်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ သားသမီး များအား ပညာသင်စရိတ် ထောက်ပံ့ ရေးအတွက် ငွေပဒေသာပင် စိုက်ထူ ပြီး ထိုငွေကြေးမှ ရရှိသော အတိုးအ မြတ်များကို ပညာသင်စရိတ်အဖြစ် ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း၊ ယခု ထောက်ပံ့သော ငွေကြေးမှာ အလုံး အရင်းနှင့် မဟုတ်ဘဲ နည်းပါးသဖြင့် ကျောင်းသား မိဘများအတွက် အုတ် တစ်ချပ် သဲတစ်ပွင့်ပမာ လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ထောက်ပံ့သောငွေကြေး မှာ မဖြစ်စလောက် ဖြစ်သော်လည်း စိတ်ဓာတ်ခွန်အား ပေးခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် စေတနာကို တုံ့ ပြန်သောအားဖြင့် ဝန်ထမ်းများသည် မိမိတို့၏ သားသမီးများအား လူချွန်လူ ကောင်းများ ဖြစ်စေရေး၊ အကျင့်စာ ရိတ္တ မြင့်မားသူများ ဖြစ်စေရေး၊ နိုင် ငံတော်အပေါ် သစ္စာ စောင့်သိသူ များ ဖြစ်စေရေးအတွက် ပြုစု ပျိုး  ထောင်ပေးခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံ့ အကြီးအကဲများ၊ ဌာနအကြီး အကဲများ၏ စေတနာကို အသိအ မှတ်ပြုကာ ကျေးဇူးပြန်ဆပ်ကြရန် လိုကြောင်း ပြောကြားခဲ့သည်။
.
ထို့နောက် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား များအား ဂုဏ်ထူး တစ်ဘာသာလျှင် ကျပ် ၅ဝဝဝဝ စီ၊ တက္ကသိုလ် အဆင့် ကျောင်းသား/သူ တစ်ဦးလျှင် ကျပ် ၄ဝဝဝဝ စီ၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား တစ်ဦးလျှင် ကျပ် ၃ဝဝဝဝ စီ၊ အလယ်တန်းအဆင့်  ကျောင်းသား/သူ တစ်ဦးလျှင် ကျပ် ၂ဝဝဝဝ စီ၊ မူလတန်းအဆင့် ကျောင်း သား/သူများအား တစ်ဦးလျှင် ကျပ် ၁ဝဝဝဝ စီ ထောက်ပံ့ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ ရှမ်း ပြည်နယ် တရားလွှတ်တော် တရား သူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်မေတင့်၊ ရှမ်းပြည်နယ် တရား ရေးဦးစီးမှူး ဦးမြင့်စိုးတို့ အပါအဝင် တရား  ရေးအရာရှိများနှင့် ဝန်ထမ်း များ၊ ကျောင်းသား/သူများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats