ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊
ေတာင္ႀကီးခ႐ိုင္အတြင္းရွိ အမွတ္ (၂) သံမဏိစက္႐ံု (ပင္းပက္)တည္ေဆာက္ေရး စီမံကိန္း လုပ္ငန္းမ်ားကို
လတ္တ ေလာတြင္ ယာယီရပ္ဆိုင္းထားၿပီး ႏိုင္ငံေတာ္အတြက္ အေကာင္းဆံုး၊ အက်ိဳးရွိဆံုးျဖစ္ေအာင္
စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳက
ေျပာဆိုခဲ့သည္။
.
.
ဒုတိယအႀကိမ္ ျပည္သူ႕လႊတ္
ေတာ္ (၁၃) ႀကိမ္ေျမာက္ ပံုမွန္အစည္း အေဝး တတိယေန႔ကို ဇူလိုင္လ ၂၃ ရက္က ေနျပည္ေတာ္တြင္
က်င္းပ ရာ အစည္းအေဝးတြင္ မင္းကင္း ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္
ဦးေမာင္ျမင့္က ေတာင္ႀကီးၿမိဳ႕နယ္ရွိ အမွတ္(၂) သံ မဏိစက္႐ံု (ပင္းပက္) စီမံကိန္းကို
မည္သည့္အတြက္ေၾကာင့္ ရပ္ဆိုင္းထားေၾကာင္းႏွင့္ အနာဂတ္တြင္ တိုင္းျပည္အတြက္ ဆံုး႐ံႈးမႈ
မရွိေအာင္ မည္သို႔ စီမံေဆာင္ရြက္သြားမည္ကို သိရွိလိုေၾကာင္း ေမးခြန္းေမးျမန္းမႈကို
ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳ က ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ ျခင္းျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီးက
အမွတ္ (၂) သံမဏိစက္႐ံု(ပင္းပက္)မွ ထြက္ရွိသည့္ သက္တမ္းႏု သံသတၲဳ႐ိုင္း မ်ားကို ႐ုရွားနည္းပညာ
အသစ္ျဖစ္ သည့္ Romelt Process စနစ္ျဖင့္ ထုတ္လုပ္ႏိုင္ရန္ ေရြးခ်ယ္ခဲ့ၿပီး ၂၀ဝ၅ ခုႏွစ္မွ စတင္၍ လုပ္ငန္းမ်ား
ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယင္းစက္႐ံုမွ တစ္ႏွစ္လွ်င္ သံစိမ္းတန္ခ်ိန္ ၂ သိန္း ခန္႔
ထုတ္လုပ္ႏိုင္မည္ ျဖစ္ေၾကာင္း၊ အဆိုပါ စက္႐ံုစီမံကိန္းကို ၂၀၁၂ ခုႏွစ္၊ ေအာက္တိုဘာလ
၁ ရက္က ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း ထံမွ လႊဲေျပာင္း ရယူခဲ့ၿပီး ၂၀၁၇ ခုႏွစ္၊
ဧၿပီလ ၂၀ ရက္က ျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စု အစိုးရအဖြဲ႕၊ စီးပြားေရး ေကာ္မတီ၏ (၇/၂၀၁၇)
အစည္းအ ေဝး ဆံုးျဖတ္ခ်က္အရ စီမံကိန္း လုပ္ ငန္းမ်ားကို လတ္တေလာ ရပ္ဆိုင္း ထားခဲ့ပါေၾကာင္း၊
စီမံကိန္းဆက္လက္ ေဆာင္ရြက္ရန္ သင့္/မသင့္ကို လႊတ္ ေတာ္အဖြဲ႕မ်ားမွ ေလ့လာ သံုးသပ္မႈ
မ်ား ျပဳလုပ္ခဲ့ၿပီး ႏိုင္ငံေတာ္စီးပြားေရးရာ ေပါင္းစပ္ညႇိႏိႈင္းေရး ေကာ္မတီ(NEEC) မွ ျပည္ပပညာရွင္အဖြဲ႕ မ်ားျဖင့္ လာေရာက္ ေလ့လာသံုးသပ္ မႈမ်ား ျပဳလုပ္ခဲ့ပါေၾကာင္း၊
စီမံကိန္း ႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အတြက္ ဆံုး႐ံႈးမႈ မရွိေစရန္၊ ႏိုင္ငံေတာ္တြင္ အမွန္တကယ္
လိုအပ္ေနသည့္ သံ႐ိုင္းေက်ာက္ (Pig Iron) မ်ား ထုတ္ လုပ္ရန္ ျပန္လည္သံုးသပ္လ်က္
ရွိပါ ေၾကာင္း၊ စီမံကိန္း လုပ္ငန္းမ်ားအား လံုး ရပ္ဆိုင္းထားျခင္းမဟုတ္ဘဲ ႏိုင္ ငံေတာ္အတြက္
အက်ိဳးအရွိဆံုး၊ အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ေန ပါေၾကာင္း လႊတ္ေတာ္တြင္ ေျဖၾကား
ခဲ့သည္။
.
သံသတၲဳ႐ိုင္းမွ သံစိမ္းထုတ္
လုပ္သည့္ နည္းစဥ္မ်ားတြင္ Basic Oxygen
Furnace ေခၚ Basic Oxyten Furnace, Smelting Reduction ေခၚ COREX Process ႏွင့္ Romelt Process ဟူ၍ ၃ မ်ိဳးရွိ ရာ Romelt Process သည္ သက္တမ္းႏု သံသတၲဳ႐ိုင္းမ်ားကို
သံစိမ္း ထုတ္လုပ္သည့္ နည္းစဥ္ျဖစ္ၿပီး ကာဇက္စတန္ႏိုင္ငံတြင္ ယင္း Romelt
Process ကို အသံုးျပဳ၍ သံႏွင့္ေၾကး နီမ်ားကို ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္
ေနၿပီျဖစ္ေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ စီမံကိန္းလုပ္ငန္း
မ်ား ရပ္ဆိုင္းထားမႈႏွင့္ ပတ္သက္၍ အမွတ္ (၂) သံမဏိစက္႐ံု (ပင္းပက္) မွ တာဝန္ရွိသူအား
ကေမၻာဇတိုင္း မွ သြားေရာက္ ေတြ႕ဆံု ေမးျမန္းရာ “ေလာေလာဆယ္မွာ စီမံကိန္းကို ယာယီ ရပ္နားထားတဲ့အတြက္ ေျဖ ၾကား စရာမရွိပါဘူး”ဟု ျပန္လည္ေျဖ ၾကားခဲ့သည္။
.
အဆိုပါ စက္႐ံုစီမံကိန္းမ်ားကို
ရပ္ဆိုင္းခဲ့စဥ္က စက္႐ံုစီမံကိန္းတည္ ေဆာက္မႈ ၉၈ ဒသမ ၈၆ ရာခိုင္ ႏႈန္းခန္႔ ၿပီးစီးေနၿပီျဖစ္ကာ
တည္ ေဆာက္ရန္ က်န္အပိုင္းမ်ားကိုရင္း ႏွီးျမႇဳပ္ႏွံရန္အတြက္ ေငြက်ပ္ ၇၁ ဘီ လီယံေက်ာ္
ထပ္မံလိုအပ္မည္ျဖစ္ၿပီး တည္ေဆာက္ရန္ က်န္ရွိေနေသးသည့္ အပိုင္းမ်ားမွာ Waste Heat Boiler & Air Separation Plant အတြက္ Piping လုပ္ငန္းမ်ား၊ Heat Recovery
Power Station ႏွင့္ Turbine Installation လုပ္ငန္းမ်ား၊
Romelt Furnace,Pig iron Melting Furnace ႏွင့္ Slag
Melting Furnace မ်ား၌ Refractory မီးခံအုတ္စီျခင္း
လုပ္ငန္းမ်ားႏွင့္အ တူ Insulation လုပ္ငန္းမ်ားလည္းပါ ဝင္ပါေၾကာင္း
သိရသည္။
.
စက္႐ံုအတြက္ လိုအပ္သည့္
ကုန္ၾကမ္းမ်ားျဖစ္ေသာ သံသတၲဳ႐ိုင္းမ်ားကို ပင္းပက္ေဒသတြင္ ရရွိႏိုင္မည္ ျဖစ္ၿပီး အျခားကုန္ၾကမ္းမ်ားျဖစ္သည့္
ေက်ာက္မီးေသြးအား ေက်းသီးၿမိဳ႕ နယ္၊ ထံုးေက်ာက္ကို ဟိုပံုးၿမိဳ႕နယ္၊ ေနာင္ကာကယ္ေဒသ၊ ဒိုလိုမိုက္ကို ထန္းဆာေတာင္ႏွင့္
သလင္းျြကယ္ သည့္သဲကို သာစည္ၿမိဳ႕နယ္၊ ယင္းမာ ပင္၊ ကြ်ဲတက္ဆံု ေဒသမ်ားမွ ရရွိႏိုင္ မည္ျဖစ္ေၾကာင္း
သိရသည္။
.
ထို႕အျပင္ စက္႐ံုမွ
ထြက္ရွိလာမည့္ စြန္႔ပစ္အပူကို အသံုးျပဳ၍ ၄၀ မဂၢါဝပ္ရွိသည့္ လွ်ပ္စစ္ဓာတ္အားကို ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး
စက္႐ံုသံုး စြဲမႈမွ ပိုလွ်ံသည့္ ၁၅ မဂၢါဝပ္ကို မဟာ ဓာတ္အားလိုင္း (National Grid) သို႔ ပို႔လႊတ္သြားမည္ျဖစ္ကာ
သံရည္ က်ိဳရာမွ ထြက္ရွိလာမည့္ ေခ်ာရည္ မ်ားကိုလည္း ေခ်ာ္လံုး၊ ေခ်ာ္ခဲမ်ား ျပဳလုပ္ၿပီး
ဘိလပ္ေျမ စက္႐ံုမ်ား သို႔ ေရာင္းခ် ေပးသြားႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။
.
ျမန္မာႏိုင္ငံအတြင္း
သက္တမ္း ရင့္ သတၲဳ႐ိုင္းမ်ားကို စီးပြားျဖစ္ ထုတ္ လုပ္ႏိုင္သည္အထိ အေျမာက္အမ်ား မေတြ႕ရွိရေသးဘဲ
သက္တမ္းႏု သံ သတၲဳ႐ိုင္းေက်ာက္မ်ားကိုသာ ေတြ႕ရွိ ေနရၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္း၊
ပင္းပက္ေဒသသည္ ျမန္မာႏိုင္ငံတြင္ သက္တမ္းႏု သတၲဳ႐ိုင္း အမ်ားဆံုး ထြက္ရွိသည့္ ေဒသတစ္ခုျဖစ္ေၾကာင္း
သိရသည္။
.
============================================================
ယာယီရပ်ဆိုင်းထားသော အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)
စီမံကိန်းအား နိုင်ငံတော်အတွက် အကောင်းဆုံး အကျိုးရှိအောင် ဆောင်ရွက်နေ
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ အမှတ် (၂)
သံမဏိစက်ရုံ (ပင်းပက်)တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများကို လတ်တ လောတွင် ယာယီရပ်ဆိုင်းထားပြီး
နိုင်ငံတော်အတွက် အကောင်းဆုံး၊ အကျိုးရှိဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောဆိုခဲ့သည်။
.
ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်း
အဝေး တတိယနေ့ကို ဇူလိုင်လ ၂၃ ရက်က နေပြည်တော်တွင် ကျင်းပ ရာ အစည်းအဝေးတွင် မင်းကင်း
မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က တောင်ကြီးမြို့နယ်ရှိ
အမှတ်(၂) သံ မဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းထားကြောင်းနှင့်
အနာဂတ်တွင် တိုင်းပြည်အတွက် ဆုံးရှုံးမှု မရှိအောင် မည်သို့ စီမံဆောင်ရွက်သွားမည်ကို
သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ယင်းကဲ့သို့
ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။
.
ပြည်ထောင်စုဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)မှ ထွက်ရှိသည့်
သက်တမ်းနု သံသတ္တုရိုင်း များကို ရုရှားနည်းပညာ အသစ်ဖြစ် သည့် Romelt Process စနစ်ဖြင့်
ထုတ်လုပ်နိုင်ရန် ရွေးချယ်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
ယင်းစက်ရုံမှ တစ်နှစ်လျှင် သံစိမ်းတန်ချိန် ၂ သိန်း ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊
အဆိုပါ စက်ရုံစီမံကိန်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
ထံမှ လွှဲပြောင်း ရယူခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု
အစိုးရအဖွဲ့၊ စီးပွားရေး ကော်မတီ၏ (၇/၂၀၁၇) အစည်းအ ဝေး ဆုံးဖြတ်ချက်အရ စီမံကိန်း လုပ်
ငန်းများကို လတ်တလော ရပ်ဆိုင်း ထားခဲ့ပါကြောင်း၊ စီမံကိန်းဆက်လက် ဆောင်ရွက်ရန် သင့်/မသင့်ကို
လွှတ် တော်အဖွဲ့များမှ လေ့လာ သုံးသပ်မှု များ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီးပွားရေးရာ
ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ(NEEC)
မှ ပြည်ပပညာရှင်အဖွဲ့ များဖြင့် လာရောက် လေ့လာသုံးသပ် မှုများ ပြုလုပ်ခဲ့ပါကြောင်း၊
စီမံကိန်း နှင့် ပတ်သက်၍ နိုင်ငံတော်အတွက် ဆုံးရှုံးမှု မရှိစေရန်၊ နိုင်ငံတော်တွင်
အမှန်တကယ် လိုအပ်နေသည့် သံရိုင်းကျောက် (Pig
Iron) များ ထုတ် လုပ်ရန် ပြန်လည်သုံးသပ်လျက် ရှိပါ ကြောင်း၊ စီမံကိန်း
လုပ်ငန်းများအား လုံး ရပ်ဆိုင်းထားခြင်းမဟုတ်ဘဲ နိုင် ငံတော်အတွက် အကျိုးအရှိဆုံး၊
အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေ ပါကြောင်း လွှတ်တော်တွင် ဖြေကြား ခဲ့သည်။
.
သံသတ္တုရိုင်းမှ သံစိမ်းထုတ် လုပ်သည့် နည်းစဉ်များတွင် Basic Oxygen Furnace ခေါ်
Basic Oxyten
Furnace, Smelting Reduction ခေါ် COREX
Process နှင့် Romelt
Process ဟူ၍ ၃ မျိုးရှိ ရာ Romelt
Process သည် သက်တမ်းနု သံသတ္တုရိုင်းများကို သံစိမ်း ထုတ်လုပ်သည့် နည်းစဉ်ဖြစ်ပြီး
ကာဇက်စတန်နိုင်ငံတွင် ယင်း Romelt
Process ကို အသုံးပြု၍ သံနှင့်ကြေး နီများကို အောင်မြင်စွာ ထုတ်လုပ်နိုင်
နေပြီဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ စီမံကိန်းလုပ်ငန်း များ ရပ်ဆိုင်းထားမှုနှင့် ပတ်သက်၍
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ တာဝန်ရှိသူအား ကမ္ဘောဇတိုင်း မှ သွားရောက် တွေ့ဆုံ
မေးမြန်းရာ “လောလောဆယ်မှာ
စီမံကိန်းကို ယာယီ ရပ်နားထားတဲ့အတွက် ဖြေ ကြား စရာမရှိပါဘူး”ဟု ပြန်လည်ဖြေ
ကြားခဲ့သည်။
.
အဆိုပါ စက်ရုံစီမံကိန်းများကို ရပ်ဆိုင်းခဲ့စဉ်က စက်ရုံစီမံကိန်းတည်
ဆောက်မှု ၉၈ ဒသမ ၈၆ ရာခိုင် နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ တည် ဆောက်ရန် ကျန်အပိုင်းများကိုရင်း
နှီးမြှုပ်နှံရန်အတွက် ငွေကျပ် ၇၁ ဘီ လီယံကျော် ထပ်မံလိုအပ်မည်ဖြစ်ပြီး တည်ဆောက်ရန်
ကျန်ရှိနေသေးသည့် အပိုင်းများမှာ Waste
Heat Boiler & Air Separation Plant အတွက် Piping လုပ်ငန်းများ၊
Heat Recovery Power
Station နှင့် Turbine
Installation လုပ်ငန်းများ၊ Romelt
Furnace,Pig iron Melting Furnace နှင့် Slag
Melting Furnace များ၌ Refractory
မီးခံအုတ်စီခြင်း လုပ်ငန်းများနှင့်အ တူ Insulation လုပ်ငန်းများလည်းပါ ဝင်ပါကြောင်း
သိရသည်။
.
စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများဖြစ်သော သံသတ္တုရိုင်းများကို
ပင်းပက်ဒေသတွင် ရရှိနိုင်မည် ဖြစ်ပြီး အခြားကုန်ကြမ်းများဖြစ်သည့် ကျောက်မီးသွေးအား
ကျေးသီးမြို့ နယ်၊ ထုံးကျောက်ကို ဟိုပုံးမြို့နယ်၊ နောင်ကာကယ်ဒေသ၊ ဒိုလိုမိုက်ကို ထန်းဆာတောင်နှင့်
သလင်းြွကယ် သည့်သဲကို သာစည်မြို့နယ်၊ ယင်းမာ ပင်၊ ကျွဲတက်ဆုံ ဒေသများမှ ရရှိနိုင် မည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် စက်ရုံမှ ထွက်ရှိလာမည့် စွန့်ပစ်အပူကို အသုံးပြု၍
၄၀ မဂ္ဂါဝပ်ရှိသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စက်ရုံသုံး စွဲမှုမှ
ပိုလျှံသည့် ၁၅ မဂ္ဂါဝပ်ကို မဟာ ဓာတ်အားလိုင်း (National Grid) သို့ ပို့လွှတ်သွားမည်ဖြစ်ကာ
သံရည် ကျိုရာမှ ထွက်ရှိလာမည့် ချောရည် များကိုလည်း ချော်လုံး၊ ချော်ခဲများ ပြုလုပ်ပြီး
ဘိလပ်မြေ စက်ရုံများ သို့ ရောင်းချ ပေးသွားနိုင်မည်ဖြစ် ကြောင်း သိရသည်။
.
မြန်မာနိုင်ငံအတွင်း သက်တမ်း ရင့် သတ္တုရိုင်းများကို စီးပွားဖြစ်
ထုတ် လုပ်နိုင်သည်အထိ အမြောက်အများ မတွေ့ရှိရသေးဘဲ သက်တမ်းနု သံ သတ္တုရိုင်းကျောက်များကိုသာ
တွေ့ရှိ နေရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းပက်ဒေသသည် မြန်မာနိုင်ငံတွင် သက်တမ်းနု
သတ္တုရိုင်း အများဆုံး ထွက်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment