ႏိုင္ငံသားစိစစ္ေရးကတ္ ျပဳလုပ္ရာတြင္ ၾကားပြဲစားမ်ားျဖင့္ မလုပ္ေဆာင္ေစလိုဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, July 18, 2019

ႏိုင္ငံသားစိစစ္ေရးကတ္ ျပဳလုပ္ရာတြင္ ၾကားပြဲစားမ်ားျဖင့္ မလုပ္ေဆာင္ေစလိုဟု ဆို


ခြန္သက္ထူး
.
ရွမ္းျပည္နယ္အတြင္း ႏိုင္ငံသား စိစစ္ေရးကတ္ျပားမ်ား ျပဳလုပ္ရာတြင္ အက်ိဳးေဆာင္(ပြဲစား) မ်ားျဖင့္ လုပ္ေဆာင္ ေနျခင္းမ်ား ရွိေနသည့္ အတြက္ ယင္းကဲ့သို႔ မလုပ္ေဆာင္ဘဲ ကာယကံရွင္ကိုယ္တိုင္ ႐ံုးသို႔ လာေရာက္ လုပ္ေဆာင္ ေစလိုေၾကာင္း ရွမ္းျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ႐ံုးမွ ျပည္နယ္ ဦးစီးမွဴး ဦးဝင္လြင္က ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
 .
“ပြဲစားကေနတစ္ဆင့္ ေဆာင္ရြက္တဲ့အခါ ပြဲစားက ေတာင္းဆိုတာ ေတြ႐ွိတယ္။ ၿမိဳ႕နယ္မွဴးကို ဘယ္ေလာက္ ေပးရမယ္။ တိုက္နယ္မွဴးကို ဘယ္ေလာက္ေပးရမယ္ဆိုၿပီးေတာင္း ဆိုၾကတယ္။ ၿမိဳ႕နယ္မွဴး၊ တိုက္နယ္မွဴး ေတြကလည္းမရဘူး။ ျဖစ္လာတဲ့ ျပႆနာက်ေတာ့ ပြဲစားက ေနတစ္ဆင့္ ေဆာက္ရြက္ေတာ့ဘယ္ေလာက္ ကုန္တယ္ဆိုတဲ့ မလိုလားအပ္တဲ့ ျပႆနာေတြ ထြက္လာတယ္။ အဓိကကေတာ့ ႐ံုးကို ေၾကာက္တာ၊ ဘာသာစကား မကြ်မ္းက်င္တာေၾကာင့္ ပြဲစားေတြနဲ႔ လုပ္ၾကတာပါ”ဟု ျပည္နယ္ဦးစီးမွဴး ဦးဝင္းလြင္က ေျပာသည္။
.
ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီးၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္အမ်ားစုတြင္ မွတ္ပံုတင္ ျပဳလုပ္ျခင္း အပါအဝင္ လဝက ဆိုင္ရာကိစၥမ်ားတြင္ ယင္းကဲ့သို႔ ပြဲစားမ်ားျဖင့္ ေဆာင္ရြက္ေနျခင္း မ်ားရွိေနၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၂၀ ရာခိုင္ႏႈန္းခန္႔ ရွိေနႏိုင္ေၾကာင္း ၎ကဆက္လက္ ေျပာၾကားခဲ့သည္။
.
ယင္းကဲ့သို႔ ေျပာဆိုမႈႏွင့္ ပတ္သက္၍ ေတာင္ႀကီး ေဒသခံတစ္ဦးက “ပြဲစားေတြကေန ေတာင္းတယ္ ဆိုတာကေတာ့ ဟုတ္ပါတယ္။ အဲဒီလိုမွ မလုပ္ရင္လည္း ျပည္သူေတြက မသြားတတ္၊ မလာတတ္နဲ႔ ျဖစ္ရတယ္။ ပြဲစား ေပးလိုက္ေတာ့ ျမန္ျမန္ ဆန္ဆန္ရတာေပါ့။ ဒါေပမဲ့ ပြဲစားက ေတာင္းတယ္ဆိုတာ သူ႕တစ္ဦးတည္းက ေတာင္းတာေတာ့ မျဖစ္ႏိုင္ပါဘူး။ ဝန္ထမ္းေတြလည္း တခ်ိဳ႕ ပါရင္ပါၾက မွာပါ” ဟု ၎၏အျမင္ကို ေျပာဆိုခဲ့ သည္။
.
အလုပ္သမား လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသိမ္းေဆြက ႏိုင္ငံသား စိစစ္ေရး ကတ္ျပားႏွင့္ အိမ္ေထာင္စုစာရင္း မ်ားကို ဥပေဒႏွင့္ အညီ အဆင္ ေျပေခ်ာေမြ႕ေစရန္အတြက္ ေဆာင္ ရြက္လ်က္ ရွိၿပီး လိုအပ္သည့္ အ ေထာက္အထား အခ်က္အလက္ မ်ားကိုလည္း အတတ္ႏိုင္ဆံုး ေျဖ ေလွ်ာ့ ေဆာင္ရြက္ ေပးသြားမည္ ျဖစ္ကာ ေကာက္ခံရမည့္ အနည္း ဆံုး လိုအပ္ခ်က္ကိုသာဆက္လက္ ေကာက္ခံသြားမည္ ျဖစ္ေၾကာင္းအား ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ဩဂုတ္ လ အတြင္းက ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ ျပည္သူ႕လႊတ္ေတာ္ အစည္းအေဝးတြင္ ေျပာဆိုထားသည္။
.
ၿပီးခဲ့သည့္ ဇြန္လ ၁၂ ရက္က ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈး ၿမိဳ႕နယ္ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆိုင္ရာ႐ံုးမွ ၿမိဳ႕နယ္ ဦးစီးမွဴးႏွင့္ ဝန္ထမ္း ၆ ဦး၊ အက်ိဳး ေဆာင္ပြဲစား ၁ ဦးတို႔အား အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မ ရွင္က အဂတိလိုက္စားမႈ တိုက္ဖ်က္ ေရး ဥပေဒျဖင့္ တရားစြဲဆို ထား ေၾကာင္း သိရသည္။
.
ႏိုင္ငံသား စိစစ္ေရးကတ္ ျပဳလုပ္ရာတြင္ အေထာက္အထားမ်ား ျပည့္စံုပါက ေန႔ခ်င္းၿပီးမွ ၂၈ ရက္အတြင္း ရရွိမည္ျဖစ္ကာ ကုန္က်စရိတ္ အျဖစ္ ႏိုင္ငံသား စိစစ္ေရးကတ္ (၁၀ႏွစ္ ျပည့္ သို႕မဟုတ္ ၁၈ႏွစ္ျပည့္) စတင္ ေလွ်ာက္ထားပါက ၆ က်ပ္၊ ၁၀ ႏွစ္ ျပည့္မွ ၁၈ ႏွစ္ျပည့္ ႏိုင္ငံသားစိစစ္ ေရးကတ္ လဲလွယ္ပါက ၃ က်ပ္၊ ေပ်ာက္ဆံုး၍ အသစ္(မိတၲဴ)ေလွ်ာက္ ထားပါက ၁၀ က်ပ္သာ ေပးသြင္းရ မည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ကြားပွဲစားများဖြင့် မလုပ်ဆောင်စေလိုဟု ဆို
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ရာတွင် အကျိုးဆောင်(ပွဲစား) များဖြင့် လုပ်ဆောင် နေခြင်းများ ရှိနေသည့် အတွက် ယင်းကဲ့သို့ မလုပ်ဆောင်ဘဲ ကာယကံရှင်ကိုယ်တိုင် ရုံးသို့ လာရောက် လုပ်ဆောင် စေလိုကြောင်း ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ပြည်နယ် ဦးစီးမှူး ဦးဝင်လွင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
“ပွဲစားကနေတစ်ဆင့် ဆောင်ရွက်တဲ့အခါ ပွဲစားက တောင်းဆိုတာ တွေရှိတယ်။ မြို့နယ်မှူးကို ဘယ်လောက် ပေးရမယ်။ တိုက်နယ်မှူးကို ဘယ်လောက်ပေးရမယ်ဆိုပြီးတောင်း ဆိုကြတယ်။ မြို့နယ်မှူး၊ တိုက်နယ်မှူး တွေကလည်းမရဘူး။ ဖြစ်လာတဲ့ ပြဿနာကျတော့ ပွဲစားက နေတစ်ဆင့် ဆောက်ရွက်တော့ဘယ်လောက် ကုန်တယ်ဆိုတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ထွက်လာတယ်။ အဓိကကတော့ ရုံးကို ကြောက်တာ၊ ဘာသာစကား မကျွမ်းကျင်တာကြောင့် ပွဲစားတွေနဲ့ လုပ်ကြတာပါ”ဟု ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်က ပြောသည်။
.
ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့အပါအဝင် မြို့နယ်အများစုတွင် မှတ်ပုံတင် ပြုလုပ်ခြင်း အပါအဝင် လဝက ဆိုင်ရာကိစ္စများတွင် ယင်းကဲ့သို့ ပွဲစားများဖြင့် ဆောင်ရွက်နေခြင်း များရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်းခန့် ရှိနေနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ပြောဆိုမှုနှင့် ပတ်သက်၍ တောင်ကြီး ဒေသခံတစ်ဦးက “ပွဲစားတွေကနေ တောင်းတယ် ဆိုတာကတော့ ဟုတ်ပါတယ်။ အဲဒီလိုမှ မလုပ်ရင်လည်း ပြည်သူတွေက မသွားတတ်၊ မလာတတ်နဲ့ ဖြစ်ရတယ်။ ပွဲစား ပေးလိုက်တော့ မြန်မြန် ဆန်ဆန်ရတာပေါ့။ ဒါပေမဲ့ ပွဲစားက တောင်းတယ်ဆိုတာ သူ့တစ်ဦးတည်းက တောင်းတာတော့ မဖြစ်နိုင်ပါဘူး။ ဝန်ထမ်းတွေလည်း တချို့ ပါရင်ပါကြ မှာပါ” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။
.
အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း များကို ဥပဒေနှင့် အညီ အဆင် ပြေချောမွေ့စေရန်အတွက် ဆောင် ရွက်လျက် ရှိပြီး လိုအပ်သည့် အ ထောက်အထား အချက်အလက် များကိုလည်း အတတ်နိုင်ဆုံး ဖြေ လျှော့ ဆောင်ရွက် ပေးသွားမည် ဖြစ်ကာ ကောက်ခံရမည့် အနည်း ဆုံး လိုအပ်ချက်ကိုသာဆက်လက် ကောက်ခံသွားမည် ဖြစ်ကြောင်းအား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဩဂုတ် လ အတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသည်။
.
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်း ၆ ဦး၊ အကျိုး ဆောင်ပွဲစား ၁ ဦးတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မ ရှင်က အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေဖြင့် တရားစွဲဆို ထား ကြောင်း သိရသည်။
.
နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် အထောက်အထားများ ပြည့်စုံပါက နေ့ချင်းပြီးမှ ၂၈ ရက်အတွင်း ရရှိမည်ဖြစ်ကာ ကုန်ကျစရိတ် အဖြစ် နိုင်ငံသား စိစစ်ရေးကတ် (၁ဝနှစ် ပြည့် သို့မဟုတ် ၁၈နှစ်ပြည့်) စတင် လျှောက်ထားပါက ၆ ကျပ်၊ ၁၀ နှစ် ပြည့်မှ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ် လဲလှယ်ပါက ၃ ကျပ်၊ ပျောက်ဆုံး၍ အသစ်(မိတ္တူ)လျှောက် ထားပါက ၁၀ ကျပ်သာ ပေးသွင်းရ မည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment