၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ မြန္ဂိုမ်ိဳးႏြယ္ ေဂၚရခါး ေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆု ခ်ီးျမႇင့္ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 28, 2019

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ မြန္ဂိုမ်ိဳးႏြယ္ ေဂၚရခါး ေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆု ခ်ီးျမႇင့္


စိုင္းရာဇာ
.
၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ မြန္ဂိုမ်ိဳးႏြယ္ဝင္ ေဂၚရခါး ေက်ာင္းသား/ေက်ာင္းသူ မ်ားအား ဒုတိယအႀကိမ္ေျမာက္ ပညာရည္ခၽြန္ ဂုဏ္ျပဳဆု ခ်ီးျမႇင့္ပြဲကို ဇူလိုင္လ ၂၈ ရက္၊ နံနက္ပိုင္းက ေတာင္ႀကီး ၿမိဳ႕၊ ကန္ေအာက္ရပ္ကြက္ရွိ သူရႆတီမယ္ေတာ္ေက်ာင္းတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
“ကၽြန္ေတာ္တို႔ လူမ်ိဳးစုေတြက လူဦးေရ နည္းတယ္။ လူနည္းေတာ့ တိုးတက္မႈနဲ႔ စည္း႐ံုးမႈ နည္းတယ္။ အဓိကကေတာ့ ပညာေရးေပါ့။ ကေလးေတြကို ပညာေရးအားေပးတဲ႔အေနနဲ႔ လုပ္ရျခင္း ျဖစ္တယ္။ ပညာသင္ စရိတ္ေတြ ေထာက္ပံ႔တဲ႔အစီအစဥ္ေတြ အမ်ားႀကီး ရွိပါေသးတယ္။ အရမ္းေငြေၾကးအဆင္မေျပတဲ႔ မိဘေတြဆုိရင္ သီးျခားအေနနဲ႔ သပ္သပ္ ေထာက္ပံ႔ေပးတာ ရွိပါတယ္။ သက္ႀကီးဘိုးဘြားေတြကိုလည္း ေထာက္ပံ႔တာ ရွိတယ္။ ဟု ပြဲျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠဌ ဦးဘီဆန္းက ကေမၻာဇတုိင္းသို႔ ေျပာသည္။
.
မြန္ဂိုမ်ိဳးႏြယ္ဝင္ ေဂၚရခါး အမ်ိဳးသားမ်ားမွ ဦးစီး၍ ပညာရည္ခၽြန္ ဂုဏ္ျပဳဆု ခ်ီးျမႇင့္ျခင္း ကို ယခင္ႏွစ္က စတင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္ ဂုဏ္ထူးရ မြန္ဂိုမ်ိဳးႏြယ္ဝင္ ေဂၚ ရခါး ေက်ာင္းသား/သူ ၃ ဦး ရွိခဲ့ၿပီး၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ ဂုဏ္ထူးရေက်ာင္းသား/သူ မရွိေၾကာင္း သိရသည္။
.
ပညာရည္ခၽြန္ ဆုေပးပြဲတြင္ မြန္ဂိုမ်ိဳးႏြယ္ ေဂၚရခါးအမ်ိဳးသားေကာ္မတီ ဥကၠဌမွ အဖြင့္အမွာစကား ေျပာၾကား ခဲ့ၿပီး က်ိဳင္းတံုတကၠသိုလ္ တာဝန္ခံ (ၿငိမ္း) ပါေမာကၡခ်ဳပ္ ေဒါက္တာေက်ာ္စိုးျမင့္မွ ပညာေရးကိစၥမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
.
ထို႔ေနာက္ မြန္ဂိုမ်ိဳးႏြယ္ ေဂၚရခါးအမ်ိဳးသားေကာ္မတီ နာယက ဦးဘာရတ္(သ)႐ိုင္းမွ မြန္ဂိုမ်ိဳးႏြယ္ေဂၚရခါး အမ်ိဳးသားအေၾကာင္း သိေကာင္းစရာမ်ားအား ရွင္းလင္းေျပာၾကားခဲ႔ၿပီး ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္ဝင္ တန္းေအာင္ ေက်ာင္းသား/ေက်ာင္းသူမ်ားကိုယ္စား ေက်ာင္းသားတစ္ဦးမွ ေက်းဇူးတင္စကား ေျပာၾကားခဲ႔ေၾကာင္း သိရသည္။
.
အဆိုပါ ပညာရည္ခၽြန္ ဆုေပးပြဲတြင္ ေတာင္ႀကီးၿမိဳ႕နယ္ႏွင့္ ဟိုပံုးၿမိဳ႕နယ္အတြင္း ေနထိုင္ၾကေသာ တကၠ သိုလ္ဝင္တန္းေအာင္ မြန္ဂိုမ်ိဳးႏြယ္ဝင္ ေဂၚရခါးတိုင္းရင္းသား ေက်ာင္းသား/သူ ၁၂ ဦးအာ ပညာသင္ေထာက္ပံ့ေငြ တစ္ဦးလွ်င္ က်ပ္ ၂ ေသာင္းႏွင့္ ဂုဏ္ျပဳဆုတံဆိပ္မ်ား ခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ကလည္း ေတာင္ႀကီးၿမိဳ႕နယ္ မြန္ဂိုမ်ိဳးႏြယ္ ေဂၚဂခါးအမ်ိဳးသားမ်ားမွ ဦးစီး၍ တကၠသိုလ္ဝင္တန္းေအာင္ ေဂၚရခါး (မြန္ဂိုမ်ိဳးႏြယ္) ေက်ာင္းသား/ေက်ာင္းသူ ၂၄ ဦးအား ပညာသင္ဆုမ်ား  ေပးအပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
.
============================================================
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် မွန်ဂိုမျိုးနွယ် ဂေါ်ရခါး ကျောင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်
.
စိုင်းရာဇာ
.
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် မွန်ဂိုမျိုးနွယ်ဝင် ဂေါ်ရခါး ကျောင်းသား/ကျောင်းသူ များအား ဒုတိယအကြိမ်မြောက် ပညာရည်ချွန် ဂုဏ်ပြုဆု ချီးမြှင့်ပွဲကို ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းက တောင်ကြီး မြို့၊ ကန်အောက်ရပ်ကွက်ရှိ သူရဿတီမယ်တော်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ကျွန်တော်တို့ လူမျိုးစုတွေက လူဦးရေ နည်းတယ်။ လူနည်းတော့ တိုးတက်မှုနဲ့ စည်းရုံးမှု နည်းတယ်။ အဓိကကတော့ ပညာရေးပေါ့။ ကလေးတွေကို ပညာရေးအားပေးတဲ့အနေနဲ့ လုပ်ရခြင်း ဖြစ်တယ်။ ပညာသင် စရိတ်တွေ ထောက်ပံ့တဲ့အစီအစဉ်တွေ အများကြီး ရှိပါသေးတယ်။ အရမ်းငွေကြေးအဆင်မပြေတဲ့ မိဘတွေဆိုရင် သီးခြားအနေနဲ့ သပ်သပ် ထောက်ပံ့ပေးတာ ရှိပါတယ်။ သက်ကြီးဘိုးဘွားတွေကိုလည်း ထောက်ပံ့တာ ရှိတယ်။” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးဘီဆန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မွန်ဂိုမျိုးနွယ်ဝင် ဂေါ်ရခါး အမျိုးသားများမှ ဦးစီး၍ ပညာရည်ချွန် ဂုဏ်ပြုဆု ချီးမြှင့်ခြင်း ကို ယခင်နှစ်က စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ မွန်ဂိုမျိုးနွယ်ဝင် ဂေါ် ရခါး ကျောင်းသား/သူ ၃ ဦး ရှိခဲ့ပြီး၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဂုဏ်ထူးရကျောင်းသား/သူ မရှိကြောင်း သိရသည်။
.
ပညာရည်ချွန် ဆုပေးပွဲတွင် မွန်ဂိုမျိုးနွယ် ဂေါ်ရခါးအမျိုးသားကော်မတီ ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ကျိုင်းတုံတက္ကသိုလ် တာဝန်ခံ (ငြိမ်း) ပါမောက္ခချုပ် ဒေါက်တာကျော်စိုးမြင့်မှ ပညာရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် မွန်ဂိုမျိုးနွယ် ဂေါ်ရခါးအမျိုးသားကော်မတီ နာယက ဦးဘာရတ်(သ)ရိုင်းမှ မွန်ဂိုမျိုးနွယ်ဂေါ်ရခါး အမျိုးသားအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပညာရည်ချွန် ဆုပေးပွဲတွင် တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း နေထိုင်ကြသော တက္က သိုလ်ဝင်တန်းအောင် မွန်ဂိုမျိုးနွယ်ဝင် ဂေါ်ရခါးတိုင်းရင်းသား ကျောင်းသား/သူ ၁၂ ဦးအာ ပညာသင်ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် ၂ သောင်းနှင့် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကလည်း တောင်ကြီးမြို့နယ် မွန်ဂိုမျိုးနွယ် ဂေါ်ဂခါးအမျိုးသားများမှ ဦးစီး၍ တက္ကသိုလ်ဝင်တန်းအောင် ဂေါ်ရခါး (မွန်ဂိုမျိုးနွယ်) ကျောင်းသား/ကျောင်းသူ ၂၄ ဦးအား ပညာသင်ဆုများ  ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About