ေတာင္ႀကီးၿမိဳ႕၊ ဘုရားျဖဴရပ္ကြက္တြင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ကြင္းဆင္းေဆာင္ရြက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 30, 2019

ေတာင္ႀကီးၿမိဳ႕၊ ဘုရားျဖဴရပ္ကြက္တြင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ကြင္းဆင္းေဆာင္ရြက္


ေကာင္းမြန္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ဘုရားျဖဴရပ္ကြက္၊ နယ္ေျမ (၁) တြင္ ဇူလိုင္လ ၂၉ ရက္၊ နံနက္ပိုင္းက ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားမွ အုပ္ခ်ဳပ္ေရး၊ လူမႈေရး၊ စီးပြားေရး၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကြင္းဆင္း ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
.
 .
ထိုသို႔ ကြင္းဆင္းေဆာင္ရြက္ရာတြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရး၊ မီးသတ္၊ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ စည္ပင္သာယာေရးဌာန၊ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေရးလုပ္ငန္းတို႔မွ ပူးေပါင္း ပါဝင္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
.
"ရည္ရြယ္ခ်က္ကေတာ့ နယ္ေျမတစ္ခုခ်င္းစီရဲ႕အုပ္ခ်ဴပ္ေရးလူမႈေရး စီးပြားေရး ေဒသဖံြ႔ၿဖိဳးေရး အတြက္ ေဆာင္ရြက္တာျဖစ္ပါတယ္။ ပထမဆံုးအေနနဲ႔ဘုရားျဖဴရပ္ကြက္နယ္ေျမ () ကိုလာေရာက္ေဆာင္ရြက္တာပါ။ ေနာက္ပိုင္းက်ရင္ေတာ့ တျခားနယ္ေျမေတြလဲ လုပ္မွာပါ။ လက္ေတြ႔စမ္းသပ္ကြင္းဆင္းတဲ့သေဘာပါ"ဟု ေတာင္ႀကီးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဴပ္ေရးဦးစီးဌာန ဒုတိယဦးစီးမႉး ဦးခြန္သက္ေနာင္က ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
ယင္းကဲ့သို႔ ကြင္းဆင္း ေဆာင္ရြက္မႈႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕၊ ဘုရားျဖဴရပ္ကြက္ေန ေဒသခံတစ္ဦးက "ဒီလိုကြင္းဆင္းလာတာေကာင္းပါတယ္။ ျပ ည္သူေတြနဲ႔ တိုက္႐ိုက္ထိေတြ႔ခြင့္ရတယ္။ အၾကံေပးၾကတယ္။ မသိတာေတြေျပာၾကားေပးတယ္။ ေရ၊မီးကအစ အိမ္သာ အဆံုး လိုက္လံစစ္ေဆးေပးပါတယ္” ဟု ၎၏ အျမင္ကို ေျပာဆိုခဲ့သည္။
.
ကြင္းဆင္းေဆာင္ရြက္ရာတြင္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားမွ ၃ ဖြဲ႕ခြဲ၍ ေသာက္သံုးေရ၊ လွ်ပ္စစ္မီး၊ အိမ္သာ၊ အိမ္ေထာင္စုပံုစံ၊ ပိုင္ဆိုင္မႈ၊ အိမ္အေနအထား၊ ပတ္ဝန္းက်င္ စသည့္အေျခအေနမ်ားကို စစ္ေဆးေဆာင္ရြက္ ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါကြင္းဆင္းေလ့လာေဆာင္ရြက္မႈအား ဇူလိုင္လ ၂၉ ရက္မွ ၃၀ ရက္အထိ ၂ ရက္တာ ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်
.
ကောင်းမွန်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁) တွင် ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
"ရည်ရွယ်ချက်ကတော့ နယ်မြေတစ်ခုချင်းစီရဲ့အုပ်ချူပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁) ကိုလာရောက်ဆောင်ရွက်တာပါ။ နောက်ပိုင်းကျရင်တော့ တခြားနယ်မြေတွေလဲ လုပ်မှာပါ။ လက်တွေ့စမ်းသပ်ကွင်းဆင်းတဲ့သဘောပါ"ဟု တောင်ကြီးမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်သက်နောင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ကွင်းဆင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ဒေသခံတစ်ဦးက "ဒီလိုကွင်းဆင်းလာတာကောင်းပါတယ်။ ပြ ည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတယ်။ အကြံပေးကြတယ်။ မသိတာတွေပြောကြားပေးတယ်။ ရေ၊မီးကအစ အိမ်သာ အဆုံး လိုက်လံစစ်ဆေးပေးပါတယ်ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ကွင်းဆင်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ၃ ဖွဲ့ခွဲ၍ သောက်သုံးရေ၊ လျှပ်စစ်မီး၊ အိမ်သာ၊ အိမ်ထောင်စုပုံစံ၊ ပိုင်ဆိုင်မှု၊ အိမ်အနေအထား၊ ပတ်ဝန်းကျင် စသည့်အခြေအနေများကို စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
.
အဆိုပါကွင်းဆင်းလေ့လာဆောင်ရွက်မှုအား ဇူလိုင်လ ၂၉ ရက်မှ ၃၀ ရက်အထိ ၂ ရက်တာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment