ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္တြင္ မီးေလာင္မႈျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019

ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္တြင္ မီးေလာင္မႈျဖစ္ပြား


ကေမၻာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္၊ နယ္ေျမ (၁)၊ ႐ႈခင္းသာလမ္း၊ အမွတ္ (၁၂၂/ခ) ေန ဦးတင္ဝင္း (ခ) အူမဲ၏ ေနအိမ္တြင္ ယေန႔ ဇူလိုင္လ ၂၁ ရက္၊ မြန္းလြဲ ၁ နာရီခန္႔က မီးအားျမႇင့္စက္ အပူလြန္ကဲရာမွတဆင့္ ဝါယာေရွာ့ခ္ျဖစ္ကာ  မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
 .
မီးေလာင္ကၽြမ္းရာသို႔ ႐ွမ္းျပည္နယ္ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ၫႊန္မွဴး ဦးေအာင္သူ၊  ေတာင္ႀကီးခ႐ိုင္ မီးသတ္ဦးစီးဌာနမွဴး ဦးေက်ာ္သူ၊ ေတာင္ႀကီးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမႉး ဦးစန္းခ်ိဳ ႏွင့္ မီးသတ္တပ္ဖြဲ႔ဝင္မ်ား၊  ေတာင္ႀကီးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးၿဖိဳးမင္းထိုက္ ႏွင့္ ဌာနဆိုင္ရာ တာဝန္႐ွိသူမ်ား၊  ေတာင္ႀကီး ၿမိဳ႕မရဲစခန္းမႉး ဒုရဲမွဴး တင္ဝင္းေအာင္ ဦးစီးတပ္ဖြဲ႔ဝင္မ်ား၊ ေဒသခံ ျပည္သူမ်ား၊ စုစုေပါင္း ၁၀၀ ဦးခန္႔တို႔မွ မီးသတ္ယာဥ္ ၆ စီး၊ ေရသယ္ယာဥ္ ၄ စီး၊ ေပါင္း ၁၀ စီးတို႔ျဖင့္ ဝိုင္းဝန္းၿငိမ္း သတ္ခ့ဲရာ ေန႔လယ္ ၁ နာရီခြဲအခ်ိန္ခန္႔တြင္ မီးၿငႇိမ္းသတ္ႏိုင္ခ့ဲေၾကာင္း သိရသည္။
.
အဆိုပါ မီးေလာင္မႈေၾကာင့္ အလ်ား ၃၀ ေပ၊ အနံ ၁၈ ေပ အရြယ္ သြပ္မိုး၊ အုတ္ကာ၊ ပ်ဥ္ခင္း အုတ္ညႇပ္ ၂ ထပ္ အေဆာက္အဦ မီးသင့္ေလာင္ကၽြမ္းမႈ ျဖစ္ပြားခဲ့ၿပီး ကာလတန္ဖိုးေငြ ၃၂ သိန္းက်ပ္ခန္႔ႏွင့္ ေနအိမ္အတြင္း႐ွိ လူ႔အသံုး အေဆာင္ပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား မီးေလာင္ကြၽမ္း ပ်က္စီးခ့ဲကာ ကာလတန္ဖိုးေငြ ၆ သိန္းက်ပ္ခန္႔၊ ဆံုး႐ံႈးမႈ တန္ဖိုးေငြ စုစုေပါင္း ၃၈ သိန္းက်ပ္ခန္႔ မီးေလာင္ကြၽမ္း ပ်က္စီးခ့ဲၿပီး မီးေလာင္ကြၽမ္းမႈေၾကာင့္ လူ/တိရစၦာန္ထိခိုက္ဒဏ္ရာ ရ႐ွိျခင္း မ႐ွိေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ မီးေပါ့ဆစြာသံဳးစြဲသူ ဦးတင္​ဝင္​း (ခ) အူမဲ အား ေတာင္ႀကီးၿမိဳ႕မရဲစခန္းမွ (ပ)/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ (၁)၊ ရှုခင်းသာလမ်း၊ အမှတ် (၁၂၂/ခ) နေ ဦးတင်ဝင်း (ခ) အူမဲ၏ နေအိမ်တွင် ယနေ့ ဇူလိုင်လ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှတဆင့် ဝါယာရှော့ခ်ဖြစ်ကာ  မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းရာသို့ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးအောင်သူ၊  တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးကျော်သူ၊ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစန်းချို နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  တောင်ကြီး မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ဝင်းအောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ စုစုပေါင်း ၁၀၀ ဦးခန့်တို့မှ မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၄ စီး၊ ပေါင်း ၁၀ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်း သတ်ခဲ့ရာ နေ့လယ် ၁ နာရီခွဲအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၁၈ ပေ အရွယ် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း အုတ်ညှပ် ၂ ထပ် အဆောက်အဦ မီးသင့်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုးငွေ ၃၂ သိန်းကျပ်ခန့်နှင့် နေအိမ်အတွင်းရှိ လူ့အသုံး အဆောင်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ကျွမ်း ပျက်စီးခဲ့ကာ ကာလတန်ဖိုးငွေ ၆ သိန်းကျပ်ခန့်၊ ဆုံးရှုံးမှု တန်ဖိုးငွေ စုစုပေါင်း ၃၈ သိန်းကျပ်ခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးတင်ဝင်း (ခ) အူမဲ အား တောင်ကြီးမြို့မရဲစခန်းမှ (ပ)/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment