တောင်ကြီးမြို့၊ ထီဖောင်ေးကျးရွာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး အသိပညာပေး ဟောပြော - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 13, 2019



ကမ္ဘောဇတိုင်း
.
.
 .
.
.
တောင်ကြီးမြို့၊ ထီဖောင်ေးကျးရွာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး အသိပညာပေး ဟောပြော
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ထီဖောင်းကျေးရွာ၊ ချိန်ခါမီ လုံးကောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့ ဇူလိုင်လ ၁၃ ရက်၊ နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အသိပညာပေး ဆွေးနွေးပွဲတွင် ရှေးဦးစွာ တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုခွဲမှူးကြီး ဦးမြင့်ဆွေက ပညာပေး ဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းမှုများကို တပ်ဖွဲ့မှ အရာရှိများ၊ အကြပ်စစ်သည် များမှ ပြန်လည်ရှင်းလင်းဖြေကြားကာ လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြသခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးငြှိမ်းသတ် သရုပ်ပြပွဲသို့ တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ခွဲမှူးကြီး ဦးအောင်ကိုဦး၊ နည်းပြဆရာ ဒုခွဲမှူး ဦးမြင့်ဆွေနှင့် တပ်ဖွဲ့မှ အရာရှိ အကြပ်စစ်သည် ၁၀ ဦးနှင့် ကျောင်းသား/သူ ၅၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment