ေတာင္ႀကီး ညေဈးတန္း အနီးရွိ စင္တင္ေတးဂီတေၾကာင့္ ၿမိဳ႕ဂုဏ္သိကၡာ က်ဆင္းေစဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, July 18, 2019

ေတာင္ႀကီး ညေဈးတန္း အနီးရွိ စင္တင္ေတးဂီတေၾကာင့္ ၿမိဳ႕ဂုဏ္သိကၡာ က်ဆင္းေစဟု ဆို


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ၿမိဳ႕ေတာ္၊ ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ညေဈးတန္းအနီးရွိ Dynasty စင္တင္ ေတးဂီတဆိုင္ေၾကာင့္ ၿမိဳ႕ဂုဏ္သိကၡာ က်ဆင္းေစသည္ဟု ေဒသခံ ျပည္သူ မ်ားမွ ေျပာဆိုလ်က္ရွိသည္။
.
 .
“ေတာင္ႀကီးမွာ ညေဈးတန္းက ၿမိဳ႕လယ္ေခါင္လည္း ျဖစ္တယ္။ ၿမိဳ႕မ ေဈးနဲ႔လည္း နီးတယ္။ အခုဆိုရင္ ညေဈးတန္းေရွ႕မွာ City Square Shopping Center ႀကီးလည္း ရွိလာၿပီ။ အဲဒီကို ေန႔တိုင္း လာေရာက္ေနတဲ႔သူက မနည္းဘူး။ တျခားၿမိဳ႕က ဧည့္သည္ေတြလည္း လာတယ္။ ကမၻာလွည့္ခရီးသြားေတြလည္း လာတာရွိမယ္။ အဲဒီနားမွာ စင္တင္ရွိတယ္။ ညဆိုရင္ အသံေတြက ဆူညံတယ္။ ဆိုင္ထဲမွာတင္ မဟုတ္ဘဲ လမ္းေပၚအထိ အသံေတြ ၾကားရတယ္။ တစ္ခါတေလဆို ညနက္တဲ႔အထိ ဖြင့္တယ္။ အဲဒီလိုဆိုေတာ့ ၿမိဳ႕ဂုဏ္ သိကၡာကို က်ေစပါတယ္”ဟု ေတာင္ႀကီးၿမိဳ႕ေန ေဒသခံျပည္သူ ဦးေဇယ်ာက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ေတာင္ႀကီး ညေဈးတန္းကို ေန႔စဥ္ႏွင့္အမွ် ေဒသခံျပည္သူမ်ား၊ ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္ မ်ားပါ လာေရာက္လည္ပတ္၍ ႐ိုးရာအစားအစာမ်ားကို စားေသာက္ေနၾကၿပီး ယခုလို ၿမိဳ႕၏ အထင္ကရေနရာ တစ္ခုျဖစ္ေသာ ညေဈးတန္းအနီး ၌ စင္တင္ ေတးဂီတဆိုင္မွ ဆူညံသံ မ်ားေၾကာင့္ ၿမိဳ႕၏သိကၡာ က်ဆင္း မည္ကို ေဒသခံမ်ားမွ စိုးရိမ္ေန ေၾကာင္း သိရသည္။
.
အဆိုပါကိစၥႏွင့္ Dynasty  စင္တင္ ေတးဂီတဆိုင္မွာ တာဝန္ရွိသူ ဦးစိုးတင့္က “ကြ်န္ေတာ္တို႕ ညဆိုရင္ ၇ နာရီခြဲ ၈ နာရီ ေလာက္မွာ စင္တင္စၿပီးဖြင့္တယ္။ ၁၁ နာရီဆို ပိတ္ပါတယ္။ ဆိုင္ဖြင့္လာတာကေတာ့ ႏွစ္အေတာ္ၾကာေနပါၿပီ။ အရင္ကေတာ့ ဘာျပႆနာမွာ မရွိခဲ႔ဘူး။ အသံေတြ ဆူညံေနတာကို ကြ်န္ေတာ္တို႔ အေနနဲ႔  အတတ္ႏိုင္ဆံုး ဆင္ျခင္ လုပ္ေဆာင္ပါမယ္”ဟု ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
Dynasty (ဒိုင္နက္စတီ) စင္တင္ ေတးဂီတဆိုင္သည္ ေတာင္ႀကီးၿမိဳ႕ လယ္တြင္ ဖြင့္လွစ္ထားသည္မွာ ၁၅ ႏွစ္ခန္႔ ၾကာျမင့္ခဲ့ၿပီျဖစ္ကာ ယခင္က ဆိုင္ႏွင့္ ပတ္သက္၍ ေဒသခံမ်ားမွ ေဝဖန္ေျပာဆိုျခင္း မရွိခဲ႔ေသာ္လည္း ယခုအခါ ေဒသခံအခ်ိဳ ႔မွ ေဝဖန္ေျပာ ဆိုလ်က္ရွိေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ အစား အေသာက္ႏွင့္ စင္တင္ေတးဂီတ သီးသန္႔ဆိုင္မ်ား ရွိသလို သီခ်င္းဆိုလွ်င္ မိန္းကေလးမ်ား ေခၚႏိုင္သည့္ KTV မ်ားႏွင့္ အႏွိပ္ခန္းမ်ား ရွိေနၿပီး ယင္း ဆိုင္မ်ားကို သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားက စိစစ္ၾကပ္မတ္ အေရးယူ ေပးေစလိုေၾကာင္း ေဒသခံမ်ားမွေျပာ ဆိုလ်က္ရွိသည္။
.
============================================================
တောင်ကြီး ညဈေးတန်း အနီးရှိ စင်တင်တေးဂီတကြောင့် မြို့ဂုဏ်သိက္ခာ ကျဆင်းစေဟု ဆို
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ညဈေးတန်းအနီးရှိ Dynasty စင်တင် တေးဂီတဆိုင်ကြောင့် မြို့ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ဒေသခံ ပြည်သူ များမှ ပြောဆိုလျက်ရှိသည်။
.
“တောင်ကြီးမှာ ညဈေးတန်းက မြို့လယ်ခေါင်လည်း ဖြစ်တယ်။ မြို့မ ဈေးနဲ့လည်း နီးတယ်။ အခုဆိုရင် ညဈေးတန်းရှေ့မှာ City Square Shopping Center ကြီးလည်း ရှိလာပြီ။ အဲဒီကို နေ့တိုင်း လာရောက်နေတဲ့သူက မနည်းဘူး။ တခြားမြို့က ဧည့်သည်တွေလည်း လာတယ်။ ကမ္ဘာလှည့်ခရီးသွားတွေလည်း လာတာရှိမယ်။ အဲဒီနားမှာ စင်တင်ရှိတယ်။ ညဆိုရင် အသံတွေက ဆူညံတယ်။ ဆိုင်ထဲမှာတင် မဟုတ်ဘဲ လမ်းပေါ်အထိ အသံတွေ ကြားရတယ်။ တစ်ခါတလေဆို ညနက်တဲ့အထိ ဖွင့်တယ်။ အဲဒီလိုဆိုတော့ မြို့ဂုဏ် သိက္ခာကို ကျစေပါတယ်”ဟု တောင်ကြီးမြို့နေ ဒေသခံပြည်သူ ဦးဇေယျာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီး ညဈေးတန်းကို နေ့စဉ်နှင့်အမျှ ဒေသခံပြည်သူများ၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် များပါ လာရောက်လည်ပတ်၍ ရိုးရာအစားအစာများကို စားသောက်နေကြပြီး ယခုလို မြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သော ညဈေးတန်းအနီး ၌ စင်တင် တေးဂီတဆိုင်မှ ဆူညံသံ များကြောင့် မြို့၏သိက္ခာ ကျဆင်း မည်ကို ဒေသခံများမှ စိုးရိမ်နေ ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် Dynasty  စင်တင် တေးဂီတဆိုင်မှာ တာဝန်ရှိသူ ဦးစိုးတင့်က “ကျွန်တော်တို့ ညဆိုရင် ၇ နာရီခွဲ ၈ နာရီ လောက်မှာ စင်တင်စပြီးဖွင့်တယ်။ ၁၁ နာရီဆို ပိတ်ပါတယ်။ ဆိုင်ဖွင့်လာတာကတော့ နှစ်အတော်ကြာနေပါပြီ။ အရင်ကတော့ ဘာပြဿနာမှာ မရှိခဲ့ဘူး။ အသံတွေ ဆူညံနေတာကို ကျွန်တော်တို့ အနေနဲ့  အတတ်နိုင်ဆုံး ဆင်ခြင် လုပ်ဆောင်ပါမယ်”ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
Dynasty (ဒိုင်နက်စတီ) စင်တင် တေးဂီတဆိုင်သည် တောင်ကြီးမြို့ လယ်တွင် ဖွင့်လှစ်ထားသည်မှာ ၁၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခင်က ဆိုင်နှင့် ပတ်သက်၍ ဒေသခံများမှ ဝေဖန်ပြောဆိုခြင်း မရှိခဲ့သော်လည်း ယခုအခါ ဒေသခံအချို ့မှ ဝေဖန်ပြော ဆိုလျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် အစား အသောက်နှင့် စင်တင်တေးဂီတ သီးသန့်ဆိုင်များ ရှိသလို သီချင်းဆိုလျှင် မိန်းကလေးများ ခေါ်နိုင်သည့် KTV များနှင့် အနှိပ်ခန်းများ ရှိနေပြီး ယင်း ဆိုင်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက စိစစ်ကြပ်မတ် အရေးယူ ပေးစေလိုကြောင်း ဒေသခံများမှပြော ဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats