ေတာင္ႀကီး ေဆးတကၠသိုလ္ေရွ႕ရွိ ကုန္တင္ကားႀကီးစခန္းကို ေျပာင္းေရႊ႕ ၿပီး သင္ၾကားေရးေဆး႐ံု တည္ေဆာက္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019

ေတာင္ႀကီး ေဆးတကၠသိုလ္ေရွ႕ရွိ ကုန္တင္ကားႀကီးစခန္းကို ေျပာင္းေရႊ႕ ၿပီး သင္ၾကားေရးေဆး႐ံု တည္ေဆာက္မည္

စိုင္ရာဇာ
.
ေတာင္ႀကီးေဆးတကၠသိုလ္ေရွ႕ရွိ ကုန္တင္ကားႀကီးစခန္း ေျပာင္းေရႊ႕ၿပီး ယင္းေနရာတြင္ သင္ၾကားေရး ေဆး႐ံုတည္ေဆာက္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။
.
 .
ေတာင္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၂ မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခြန္သူရေအာင္က “ေတာင္ႀကီး ေဆးတကၠသိုလ္ေရွ႕ရွိ ကုန္တင္ကားႀကီးစခန္းအား ေဆာက္ လုပ္ၿပီးစီးသည့္ ေခတ္မီအဆင့္ျမင့္ ယာဥ္ရပ္နားစခန္း သို႔ ေျပာင္းေရႊ႕ရန္ ႏွင့္ ေနရာေဟာင္းတြင္ ရွမ္းျပည္နယ္ ၏ က်န္းမာေရးဇုန္ ေနရာအျဖစ္ သတ္ မွတ္ေပးရန္ အစီအစဥ္ ရွိ/မရွိ” ၾကယ္ပြင့္ျပ ေမးခြန္းအား ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) ဒုတိယေန႔တြင္ ေမးျမန္းခဲ့ျခင္း ျဖစ္ သည္။
.
အဆိုပါေမးခြန္းႏွင့္ စပ္လ်ဥ္း၍ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ ျပည္ နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္မွ “ေဆးတကၠသိုလ္ေရွ႕ရွိ ကုန္တင္ကားႀကီးကြင္းကို ေတာင္ႀကီးၿမိဳ႕အထြက္ရွိ ေတာင္ႀကီးစီးပြားေရးဇုန္ (TBC)တြင္ ေျပာင္းေရႊ႕ထားရွိမည္ျဖစ္ပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ေမလ ၃၀ ရက္ ရွမ္း ျပည္နယ္အစိုးရအဖြဲ႕ ညႇိႏိႈင္းအစည္း အေဝးတြင္ ၎ကုန္တင္ကားႀကီး ကြင္း ေျမေနရာအား အစိုးရစီမံခန္႔ခြဲ ေသာ ေျမေနရာအျဖစ္ သတ္မွတ္ၿပီး ေတာင္ႀကီးေဆးတကၠသိုလ္သင္ၾကား ေရးေဆး႐ံု ထားရွိရန္ ရည္ရြယ္ထားပါ ေၾကာင္းႏွင့္ မူလကုန္တင္ကားႀကီး ကြင္းအား ေျပာင္းေရႊ႕ဖြင့္လွစ္ၿပီးမွသာ သင္ၾကားေရးေဆး႐ံု ေဆာက္လုပ္ရန္ အတြက္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္မည္ျဖစ္ပါေၾကာင္း” ေျဖၾကားခဲ့သည္။
.
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္ လႊတ္ေတာ္ အထူးအစည္းအေဝး (၁/ ၂၀၁၉) ဒုတိယေန႔ကို ဇူလိုင္လ ၉ ရက္ နံနက္ပိုင္းကျပဳလုပ္ရာ လႊတ္ေတာ္သို႔ တက္ေရာက္ခြင့္ရွိသူျပည္နယ္ လႊတ္ ေတာ္ကိုယ္စားလွယ္ ၁၄၀ ဦးရွိသည့္ အနက္ ၁၂၁ ဦး တက္ေရာက္ခဲ့ၿပီး ခြင့္ပန္ၾကားသူ ၁၉ ဦး ရွိၿပီး ရာခိုင္ႏႈန္း အားျဖင့္ ၈၆ ဒသမ ၄၃ ရာခိုင္ႏႈန္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
============================================================
တောင်ကြီး ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ကားကြီးစခန်းကို ပြောင်းရွှေ့ ပြီး သင်ကြားရေးဆေးရုံ တည်ဆောက်မည်
.
စိုင်ရာဇာ
.
တောင်ကြီးဆေးတက္ကသိုလ် ရှေ့ ရှိ ကုန်တင်ကားကြီးစခန်း ပြောင်းရွှေ့ ပြီး ယင်းနေရာတွင် သင်ကြားရေး ဆေးရုံတည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
.
 .
တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်က “တောင်ကြီး ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ကားကြီးစခန်းအား ဆောက် လုပ်ပြီးစီးသည့် ခေတ်မီအဆင့်မြင့် ယာဉ်ရပ်နားစခန်း သို့ ပြောင်းရွှေ့ရန် နှင့် နေရာဟောင်းတွင် ရှမ်းပြည်နယ် ၏ ကျန်းမာရေးဇုန် နေရာအဖြစ် သတ် မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းအား ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့တွင် မေးမြန်းခဲ့ခြင်း ဖြစ် သည်။
.
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည် နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ “ဆေးတက္ကသိုလ်ရှေ့ရှိ ကုန်တင်ကားကြီးကွင်းကို တောင်ကြီးမြို့အထွက်ရှိ တောင်ကြီးစီးပွားရေးဇုန် (TBC)တွင် ပြောင်းရွှေ့ထားရှိမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် မေလ ၃၀ ရက် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ညှိနှိုင်းအစည်း အဝေးတွင် ၎င်းကုန်တင်ကားကြီး ကွင်း မြေနေရာအား အစိုးရစီမံခန့်ခွဲ သော မြေနေရာအဖြစ် သတ်မှတ်ပြီး တောင်ကြီးဆေးတက္ကသိုလ်သင်ကြား ရေးဆေးရုံ ထားရှိရန် ရည်ရွယ်ထားပါ ကြောင်းနှင့် မူလကုန်တင်ကားကြီး ကွင်းအား ပြောင်းရွှေ့ဖွင့်လှစ်ပြီးမှသာ သင်ကြားရေးဆေးရုံ ဆောက်လုပ်ရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း” ဖြေကြားခဲ့သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေး (၁/ ၂၀၁၉) ဒုတိယနေ့ကို ဇူလိုင်လ ၉ ရက် နံနက်ပိုင်းကပြုလုပ်ရာ လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ၁၄၀ ဦးရှိသည့် အနက် ၁၂၁ ဦး တက်ရောက်ခဲ့ပြီး ခွင့်ပန်ကြားသူ ၁၉ ဦး ရှိပြီး ရာခိုင်နှုန်း အားဖြင့် ၈၆ ဒသမ ၄၃ ရာခိုင်နှုန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment