စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမ၊
ဆန္းမင္းဟိုတယ္အနီးတြင္ ယေန႔ ဇူလိုင္လ ၂၈ ရက္၊ ညေနပိုင္းက အိမ္စီးေမာ္ေတာ္ယာဥ္တစ္စီးမွ
လမ္းလယ္ကၽြန္းေမွ်ာရွိ လွ်ပ္စစ္ဓါတ္တိုင္အား ဝင္ေရာက္တိုက္မိမႈ ျဖစ္ပြားခဲ့ေၾကာင္း
သိရသည္။
.
![]() |
ဓါတ္ပံု - ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ |
.
“ေမာင္းေနရင္းနဲ႔
ဖုန္းၾကည့္လိုက္တဲ့အခ်ိန္မွာ လမ္းေခ်ာ္သြားၿပီး လမ္းမီးတိုင္ကို ဝင္တိုက္တယ္။ ကားကေတာ့
ပ်က္စီးသြားပါတယ္။ လူေတာ့ ထိခိုက္ဒဏ္ရာရတာ မရွိပါဘူး။ လူကလည္း လိုင္စင္ရွိတယ္။ ကားလည္း
လိုင္စင္ရွိတယ္။ ေမာ္ေတာ္ယာဥ္ဥပေဒနဲ႔ အေရးယူေဆာင္ရြက္သြားမွာပါ” ဟု အမွတ္
(၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ ခြဲမွဴး႐ံုး (ရွမ္းေတာင္) မွ ရဲမွဴးမ်ိဳးေဇာ္ေအာင္က ကေမ႓ာဇတိုင္းသို႔
ေျပာသည္။
.
အဆိုပါ ယာဥ္တိုက္မႈမွ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ယာဥ္ေမာင္းအမ်ိဳးသမီးကို
အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ ေမာ္ေတာ္ယာဥ္ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း
သိရသည္။
.
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၄ ရက္၊ ညပိုင္းအခ်ိန္ကလည္း ေတာင္ႀကီးၿမိဳ႕၊
ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းခန္းမအနီးတြင္ အရွိန္မထိန္းႏိုင္ေသာ
ေမာ္ေတာ္ယာဥ္တစ္စီးမွ လမ္းလယ္ကၽြန္းေမွ်ာႏွင့္ သစ္ပင္ ၂ ပင္အား ဝင္ေရာက္တိုက္မိမႈ ျဖစ္ပြားခဲ့ရာ
လမ္းလယ္ကၽြန္း အနည္းငယ္ ပ်က္စီးခဲ့ၿပီး ေမာ္ေတာ္ယာဥ္ေမာင္းအား ဖမ္းဆီးရမိမႈ မရွိေသးေၾကာင္း
သိရသည္။
.
============================================================
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ ဆန်းမင်းဟိုတယ်အနီးတွင် ယနေ့ ဇူလိုင်လ ၂၈
ရက်၊ ညနေပိုင်းက အိမ်စီးမော်တော်ယာဉ်တစ်စီးမှ လမ်းလယ်ကျွန်းမျှောရှိ လျှပ်စစ်ဓါတ်တိုင်အား
ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
![]() |
.
“မောင်းနေရင်းနဲ့
ဖုန်းကြည့်လိုက်တဲ့အချိန်မှာ လမ်းချော်သွားပြီး လမ်းမီးတိုင်ကို ဝင်တိုက်တယ်။ ကားကတော့
ပျက်စီးသွားပါတယ်။ လူတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ လူကလည်း လိုင်စင်ရှိတယ်။ ကားလည်း
လိုင်စင်ရှိတယ်။ မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာပါ” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ
ဒုတပ်ဖွဲ့ ခွဲမှူးရုံး (ရှမ်းတောင်) မှ ရဲမှူးမျိုးဇော်အောင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ
ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအမျိုးသမီးကို အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ
မော်တော်ယာဉ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့်
ဇူလိုင်လ ၂၄ ရက်၊ ညပိုင်းအချိန်ကလည်း တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရှမ်းစာပေနှင့်
ယဉ်ကျေးမှုအသင်းခန်းမအနီးတွင် အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်တစ်စီးမှ လမ်းလယ်ကျွန်းမျှောနှင့်
သစ်ပင် ၂ ပင်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ရာ လမ်းလယ်ကျွန်း အနည်းငယ် ပျက်စီးခဲ့ပြီး
မော်တော်ယာဉ်မောင်းအား ဖမ်းဆီးရမိမှု မရှိသေးကြောင်း သိရသည်။
.
No comments:
Post a Comment