ေတာင္ႀကီးၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္တစ္စီးမွ ရပ္ထားေသာ အျခားယာဥ္ ၄ စီးအား ဆင့္တိုက္မႈ ျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, July 12, 2019

ေတာင္ႀကီးၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္တစ္စီးမွ ရပ္ထားေသာ အျခားယာဥ္ ၄ စီးအား ဆင့္တိုက္မႈ ျဖစ္ပြား


စိုင္းရာဇာ
.
ေတာင္ႀကီးၿမိဳ႕၊ ေရထြက္ဦးလမ္း၊ ကိုးၿမိဳ႕ရွင္နတ္နန္းအနီး၊ က်ိဳင္းတံုဘုန္းႀကီးေက်ာင္းေရွ႕တြင္ ဇူလိုင္လ ၁၁ ရက္၊ ညပိုင္းက ေမာ္ေတာ္ယာဥ္ တစ္စီးမွ အျခားယာဥ္ ၄ စီးအား ဆင့္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
 .
၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၁ ရက္၊ ည ၉ နာရီခန္႔တြင္ ေတာင္ႀကီးၿမိဳ႕၊ အေရွ႕ၿမိဳ႕ပတ္လမ္းဘက္မွ ေရထြက္ဦးလမ္းသို႔ အေနာက္မွ အေရွ႕အတုိင္း ေမာင္းႏွင္လာေသာ Ford အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္သည္ က်ိဳင္းတံုဘုန္းႀကီးေက်ာင္းေရွ႕တြင္ ရပ္နားထားသည့္ ေမာ္ေတာ္ယာဥ္ ၂ စီးအား ဦးစြာ ဝင္ေရာက္တိုက္မိခဲ့ၿပီးေနာက္ ထပ္မံ၍ အျခားေမာ္ေတာ္ယာဥ္ ၂ စီးအား တိုက္မိခဲ့ျခင္းျဖစ္သည္။
.
“မေန႔ (ဇူလိုင္လ ၁၁ ရက္)ညက လမ္းေဘးမွာရပ္ထားတဲ့ ယာဥ္ ၂ စီးကို အရင္တိုက္တယ္။ ၿပီးေတာ့ ျပန္အထြက္မွာ ေနာက္ထပ္ ၂ စီးကို ထပ္တိုက္မိတယ္။ လူထိခိုက္မႈေတာ့ မရွိဘူး။ Ford ကား ေမာင္းလာတဲ့သူကေတာ့ နည္းနည္း ထိခိုက္မိသြားတယ္” ဟု အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာဝန္ရွိသူတစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္အခ်ိဳ႕ ထိခိုက္မႈ ရွိခဲ့ေသာ္လည္း လူထိခိုက္မႈ မရွိခဲ့ေၾကာင္းႏွင့္ ယာဥ္ ၄ စီးအား ဝင္ေရာက္တိုက္မိသည္အထိ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ Ford ကား ယာဥ္ေမာင္းအား အေရးယူႏုိင္ေရး အတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
တောင်ကြီးမြို့တွင် မော်တော်ယာဉ်တစ်စီးမှ ရပ်ထားသော အခြားယာဉ် ၄ စီးအား ဆင့်တိုက်မှု ဖြစ်ပွား
.
စိုင်းရာဇာ
.
တောင်ကြီးမြို့၊ ရေထွက်ဦးလမ်း၊ ကိုးမြို့ရှင်နတ်နန်းအနီး၊ ကျိုင်းတုံဘုန်းကြီးကျောင်းရှေ့တွင် ဇူလိုင်လ ၁၁ ရက်၊ ညပိုင်းက မော်တော်ယာဉ် တစ်စီးမှ အခြားယာဉ် ၄ စီးအား ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 .
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ ည ၉ နာရီခန့်တွင် တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်းဘက်မှ ရေထွက်ဦးလမ်းသို့ အနောက်မှ အရှေ့အတိုင်း မောင်းနှင်လာသော Ford အမျိုးအစား အဖြူရောင်မော်တော်ယာဉ်သည် ကျိုင်းတုံဘုန်းကြီးကျောင်းရှေ့တွင် ရပ်နားထားသည့် မော်တော်ယာဉ် ၂ စီးအား ဦးစွာ ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ထပ်မံ၍ အခြားမော်တော်ယာဉ် ၂ စီးအား တိုက်မိခဲ့ခြင်းဖြစ်သည်။
.
“မနေ့ (ဇူလိုင်လ ၁၁ ရက်)ညက လမ်းဘေးမှာရပ်ထားတဲ့ ယာဉ် ၂ စီးကို အရင်တိုက်တယ်။ ပြီးတော့ ပြန်အထွက်မှာ နောက်ထပ် ၂ စီးကို ထပ်တိုက်မိတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ Ford ကား မောင်းလာတဲ့သူကတော့ နည်းနည်း ထိခိုက်မိသွားတယ်” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်အချို့ ထိခိုက်မှု ရှိခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်းနှင့် ယာဉ် ၄ စီးအား ဝင်ရောက်တိုက်မိသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သူ Ford ကား ယာဉ်မောင်းအား အရေးယူနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats