ေတာင္ႀကီးတြင္ ၃၁ ႏွစ္ေျမာက္ ၈၈၈၈ ႏွစ္ပတ္လည္ေန႔ အခမ္းအနား ျပဳလုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, July 30, 2019

ေတာင္ႀကီးတြင္ ၃၁ ႏွစ္ေျမာက္ ၈၈၈၈ ႏွစ္ပတ္လည္ေန႔ အခမ္းအနား ျပဳလုပ္မည္


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ ၈၈၈၈ လူထုအေရးေတာ္ ပံု ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ အခမ္းအနားကို ဩဂုတ္လ ၈ ရက္၊ နံနက္ပိုင္း၌ က်င္းပ ျပဳလုပ္သြား မည္ျဖစ္ေၾကာင္း သိရသည္။
.
 
.
ယင္းကဲ့သို႔ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ အခမ္းအနား ျပဳလုပ္ ရာတြင္ နံနက္ပိုင္း၌ ေတာင္ႀကီးၿမိဳ႕၊ ကန္ေအာက္ရပ္ကြက္ရွိ မင္းေက်ာင္း ပရိယတၲိစာသင္တိုက္၌ ပင့္ေလွ်ာက္ ထားေသာ ဆရာေတာ္/သံဃာေတာ္ မ်ားအား ဝါဆိုသကၤန္းႏွင့္ ဆြမ္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး အဆိုပါေက်ာင္း ေရွ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပန္းၿခံအထိ လမ္းေလွ်ာက္ ခ်ီတက္ၾကမည္ျဖစ္ ေၾကာင္း သိရသည္။
.
ဒီမိုကေရစီအေရးနဲ႔ ပတ္သက္ ၿပီးေတာ့ ၁၉၈၈ ခုႏွစ္ ကတည္းက ဦးစားေပးၿပီး လႈပ္ရွားခဲ႔တယ္ေပါ့။ ၁၉၈၈ ခုႏွစ္က ဒီမိုကေရစီအေရးနဲ႔ ပတ္သက္ၿပီး ေတာ္လွန္ေရးတစ္ရပ္နဲ႔ ရဟန္း၊ ရွင္လူ၊ ေက်ာင္းသား၊ ျပည္သူေတြ အကုန္လံုးရဲ႕ ဆႏၵကို ကြ်န္ေတာ္တို႔ အခုခ်ိန္အထိ မမွိတ္မသုန္ ဆက္လက္ႀကိဳးစားေဆာင္ရြက္ ေနတယ္။ အခုအခ်ိန္အထိ တိုင္းျပည္ ရဲ႕ အေျခေနက ကြ်န္ေတာ္တို႔ လိုခ်င္ တဲ့ ရည္မွန္းခ်က္ကို မျပည့္မီေသးတဲ႔ အတြက္ ဒါကိုဆက္ၿပီး သြားေနတာ ျဖစ္တယ္။ မ်ိဳးဆက္သစ္ေတြကိုလည္း မီးေမာင္းထိုးေပးမယ္ဟု ပြဲ ျဖစ္ေျမာက္ေရး ဦးစီးေကာ္မတီမွ ဦးေဇာ္ဝင္းထူးက ကေမၻာဇတိုင္းသို႔ေျပာ သည္။ 
.
၃၁ ႏွစ္ေျမာက္ ၈၈၈၈ ႏွစ္ပတ္ လည္ေန႔ အခမ္းအနား ျပဳလုပ္ႏိုင္ေရး အတြက္ အႀကိဳညႇိႏိႈင္း အစည္းအေဝး ကို ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ ကြက္ရွိ ရွမ္းျပည္ ႏိုင္ငံေရးအဖြဲ႕မွ ကြယ္လြန္သူ ဦးတင္ေမာင္တိုး၏ ေန အိမ္တြင္ ဇူလိုင္လ ၂၇ ရက္ မြန္းလြဲ ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
၃၁ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ အခမ္းအနားနဲ႔ ပတ္သက္ၿပီး အႀကိဳ ညႇိႏိႈင္း အစည္းအေဝးလုပ္တယ္။ အ ရင္ႏွစ္ေတြကေတာ့ ၈ နာရီ၊ ၈ မိနစ္၊ ၈ စကၠန္႔ လုပ္တာေတြ ရွိတယ္။ ဒီ ႏွစ္မွာေတာ့ အဲဒီလို မလုပ္ေတာ့ဘူး။ မင္းေက်ာင္းကေန ဗိုလ္ခ်ဳပ္ပန္းၿခံ အထိ လမ္းေလွ်ာက္မယ္။ ပန္းၿခံအ တြင္းမွာရွိတဲ့ ၈၈၈၈ ေက်ာက္တိုင္ မွာ ၈၈၈၈ နဲ႔ ပတ္သက္တဲ႔ အမွတ္ တရစကားေတြ ေျပာမယ္။ ၿငိမ္းစုစီ တင္ထားတယ္။ လူဦးေရကေတာ့ ၅၀ နဲ႔ ၁၀ဝ ၾကားပဲ ျဖစ္ပါမယ္ဟု ဦးေဇာ္ဝင္းထူးက ဆက္လက္ေျပာ ၾကားခဲ့သည္။
.
ယင္း အခမ္းအနားသို႔ တက္ေရာက္ရန္ အစိုးရအဖြဲ ႔အပါအဝင္ႏိုင္ ငံေရး အဖြဲ႕အစည္းမ်ားႏွင့္ လူထုမ်ား အားလံုးကို ဖိတ္ၾကားထားၿပီး မည္ သူမဆို တက္ေရာက္ႏိုင္ေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က ၈၈၈၈ အေရးေတာ္ပံု ႏွစ္ ၃၀ ျပည့္ ပုလဲရတုအခမ္းအနားကို ေတာင္ႀကီး ၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပန္းၿခံအ တြင္း ျပဳလုပ္ခဲ့ၿပီး ၈၈၈၈ ႏွင့္ ပတ္ သက္ေသာ အေၾကာင္းအရာမ်ားကို ဓါတ္ပံုျပခန္းမ်ား၊ သ႐ုပ္ေဖာ္တင္ဆက္ မႈမ်ားျဖင့္ ခင္းက်င္း ျပသခဲ့ေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးတွင် ၃၁ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်မည်
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ၈၈၈၈ လူထုအရေးတော် ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်း၌ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ် ရာတွင် နံနက်ပိုင်း၌ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်ရှိ မင်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ပင့်လျှောက် ထားသော ဆရာတော်/သံဃာတော် များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်း ရှေ့မှ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအထိ လမ်းလျှောက် ချီတက်ကြမည်ဖြစ် ကြောင်း သိရသည်။
.
ဒီမိုကရေစီအရေးနဲ့ ပတ်သက် ပြီးတော့ ၁၉၈၈ ခုနှစ် ကတည်းက ဦးစားပေးပြီး လှုပ်ရှားခဲ့တယ်ပေါ့။ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး တော်လှန်ရေးတစ်ရပ်နဲ့ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေ အကုန်လုံးရဲ့ ဆန္ဒကို ကျွန်တော်တို့ အခုချိန်အထိ မမှိတ်မသုန် ဆက်လက်ကြိုးစားဆောင်ရွက် နေတယ်။ အခုအချိန်အထိ တိုင်းပြည် ရဲ့ အခြေနေက ကျွန်တော်တို့ လိုချင် တဲ့ ရည်မှန်းချက်ကို မပြည့်မီသေးတဲ့ အတွက် ဒါကိုဆက်ပြီး သွားနေတာ ဖြစ်တယ်။ မျိုးဆက်သစ်တွေကိုလည်း မီးမောင်းထိုးပေးမယ်ဟု ပွဲ ဖြစ်မြောက်ရေး ဦးစီးကော်မတီမှ ဦးဇော်ဝင်းထူးက ကမ္ဘောဇတိုင်းသို့ပြော သည်။ 
.
၃၁ နှစ်မြောက် ၈၈၈၈ နှစ်ပတ် လည်နေ့ အခမ်းအနား ပြုလုပ်နိုင်ရေး အတွက် အကြိုညှိနှိုင်း အစည်းအဝေး ကို တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ် ကွက်ရှိ ရှမ်းပြည် နိုင်ငံရေးအဖွဲ့မှ ကွယ်လွန်သူ ဦးတင်မောင်တိုး၏ နေ အိမ်တွင် ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
၃၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနဲ့ ပတ်သက်ပြီး အကြို ညှိနှိုင်း အစည်းအဝေးလုပ်တယ်။ အ ရင်နှစ်တွေကတော့ ၈ နာရီ၊ ၈ မိနစ်၊ ၈ စက္ကန့် လုပ်တာတွေ ရှိတယ်။ ဒီ နှစ်မှာတော့ အဲဒီလို မလုပ်တော့ဘူး။ မင်းကျောင်းကနေ ဗိုလ်ချုပ်ပန်းခြံ အထိ လမ်းလျှောက်မယ်။ ပန်းခြံအ တွင်းမှာရှိတဲ့ ၈၈၈၈ ကျောက်တိုင် မှာ ၈၈၈၈ နဲ့ ပတ်သက်တဲ့ အမှတ် တရစကားတွေ ပြောမယ်။ ငြိမ်းစုစီ တင်ထားတယ်။ လူဦးရေကတော့ ၅၀ နဲ့ ၁ဝဝ ကြားပဲ ဖြစ်ပါမယ်ဟု ဦးဇော်ဝင်းထူးက ဆက်လက်ပြော ကြားခဲ့သည်။
.
ယင်း အခမ်းအနားသို့ တက်ရောက်ရန် အစိုးရအဖွဲ ့အပါအဝင်နိုင် ငံရေး အဖွဲ့အစည်းများနှင့် လူထုများ အားလုံးကို ဖိတ်ကြားထားပြီး မည် သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကို တောင်ကြီး မြို့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအ တွင်း ပြုလုပ်ခဲ့ပြီး ၈၈၈၈ နှင့် ပတ် သက်သော အကြောင်းအရာများကို ဓါတ်ပုံပြခန်းများ၊ သရုပ်ဖော်တင်ဆက် မှုများဖြင့် ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats