ေတာင္ႀကီးတြင္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲ ျပဳလုပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, July 17, 2019

ေတာင္ႀကီးတြင္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲ ျပဳလုပ္


ကေမ႓ာဇတိုင္း
.
ေတာင္ႀကီးၿမိဳ ႔တြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္သူလူထု ေထာက္ခံပြဲကို ယေန႔ ဇူလိုင္လ ဇူလိုင္လ ၁၇ ရက္၊ နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
"၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒသည္ ျပည္သူ႔ဆႏၵနဲ႔အညီေရးဆြဲ ထားတဲ့ အေျခခံဥပေဒလဲ မဟုတ္ဘူး။ ျပင္ဆင္ သင့္တာေတြလည္း အမ်ားႀကီး႐ွိတယ္။ လႊတ္ေတာ္မွာလည္း အၾကံျပဳခ်က္ေတြ တင္ေနတယ္။ လက္ေတြ႔မွာ ဆိုရင္လည္း ျပည္သူေတြနဲ႔ သဟဇာတ မျဖစ္ဘူး။ ျပင္ဆင္လိုတယ္။ အဲဒီအတြက္ အေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲကို ျပဳလုပ္ရျခင္းျဖစ္ပါတယ္။ အခု အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကေန တင္လာတဲ့ထဲက သိရသေလာက္ အၾကမ္းဖ်ဥ္းကေတာ့ အမ်ားစုျပင္ခ်င္ တာေတြက ကၽြန္ေတာ္တို႔ဆႏၵနဲ႔ ထပ္တူက် ေနတယ္။ ျပင္ဆင္ႏို္င္ေအာင္ ဝိုင္းဝန္းေဆာင္ရြက္သြားမွာပါ” ဟု တရားဥပေဒစိုးမိုးေရး ကြန္ယက္မွ ကိုဝင္းႏိုင္စိုးက ကေမၻာဇတုိင္းသို႔ ေျပာသည္။
.
ထိုသို႔ ေထာက္ခံပြဲ ျပဳလုပ္ရာတြင္ ေတာင္ႀကီးၿမိဳ ႔၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေဘးရွိ မင္းေက်ာင္းပရိယတၱိ စာသင္တိုက္ေရွ ႔တြင္ လူစုကာ ၂၀၀၈ ဖြဲ ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး၊ ဒို႔အေရး ဟူေသာ ေႂကြးေၾကာ္သံ မ်ားျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပန္းၿခံအထိ လမ္းေလွ်ာက္ ခ်ီတက္ၾကမည္ ျဖစ္ၿပီး ပန္းၿခံ အေရွ ႔တြင္ တရားဥပေဒ စိုးမိုးေရးကြန္ယက္မွ ကိုဝင္းႏိုင္စိုးက ေထာက္ခံပြဲက်င္းပျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္ႏွင့္ စပ္လ်ဥ္း၍ လည္းေကာင္း၊ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းေရႊမွ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္ ပတ္သက္၍ ဥပေဒပိုင္းဆိုင္ရာ ကိစၥရပ္ မ်ားကိုလည္းေကာင္း ေဟာေျပာေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
အလားတူ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး လူထုေထာက္ခံပြဲကို ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊ ၿမိဳ႕တြင္လည္း ယေန႔ နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ ႔တြင္ ၿပီးခဲ့သည့္ ေတာင္သူလယ္သမားေန႔ ျဖစ္သည့္ မတ္လ ၂ ရက္ကလည္း အရပ္ဘက္ အဖြဲ႔အစည္းမ်ားႏွင့္ ျပည္သူအခ်ိဳ ႔မွ ၂၀၀၈ ဖြဲ ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပဲြကို ျပဳလုပ္ခဲ႔ၾကသည္။
.
============================================================
တောင်ကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်
.
ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံပွဲကို ယနေ့ ဇူလိုင်လ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူ့ဆန္ဒနဲ့အညီရေးဆွဲ ထားတဲ့ အခြေခံဥပဒေလဲ မဟုတ်ဘူး။ ပြင်ဆင် သင့်တာတွေလည်း အများကြီးရှိတယ်။ လွှတ်တော်မှာလည်း အကြံပြုချက်တွေ တင်နေတယ်။ လက်တွေ့မှာ ဆိုရင်လည်း ပြည်သူတွေနဲ့ သဟဇာတ မဖြစ်ဘူး။ ပြင်ဆင်လိုတယ်။ အဲဒီအတွက် အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ အခု အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ တင်လာတဲ့ထဲက သိရသလောက် အကြမ်းဖျဉ်းကတော့ အများစုပြင်ချင် တာတွေက ကျွန်တော်တို့ဆန္ဒနဲ့ ထပ်တူကျ နေတယ်။ ပြင်ဆင်နို်င်အောင် ဝိုင်းဝန်းဆောင်ရွက်သွားမှာပါ” ဟု တရားဥပဒေစိုးမိုးရေး ကွန်ယက်မှ ကိုဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ထောက်ခံပွဲ ပြုလုပ်ရာတွင် တောင်ကြီးမြို ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးရှိ မင်းကျောင်းပရိယတ္တိ စာသင်တိုက်ရှေ ့တွင် လူစုကာ ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒို့အရေး ဟူသော ကြွေးကြော်သံ များဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအထိ လမ်းလျှောက် ချီတက်ကြမည် ဖြစ်ပြီး ပန်းခြံ အရှေ ့တွင် တရားဥပဒေ စိုးမိုးရေးကွန်ယက်မှ ကိုဝင်းနိုင်စိုးက ထောက်ခံပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းရွှေမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ မြို့တွင်လည်း ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို ့တွင် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့ ဖြစ်သည့် မတ်လ ၂ ရက်ကလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူအချို ့မှ ၂၀၀၈ ဖွဲ ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။
.

No comments:

Post a Comment