၃ ရာခိုင္ႏႈန္း အခြန္ေဆာင္လာေသာ စားေသာက္ကုန္မ်ားကို တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ ျဖတ္သန္းခြင့္ မျပဳ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 13, 2019

၃ ရာခိုင္ႏႈန္း အခြန္ေဆာင္လာေသာ စားေသာက္ကုန္မ်ားကို တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ ျဖတ္သန္းခြင့္ မျပဳ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ျမန္မာ-ထိုင္းအမွတ္(၁)ခ်စ္ ၾကည္ေရးတံတား၌ တစ္ပိုင္တစ္ႏိုင္ စားေသာက္ကုန္မ်ားအျဖစ္ ၃ ရာ ခိုင္ႏႈန္း အခြန္ေဆာင္လာေသာကုန္မ်ားကို တာခ်ီလိတ္ကုန္သြယ္ေရး စခန္းတြင္ ျဖတ္သန္းခြင့္မရွိေၾကာင္းႏွင့္ ကုန္သြယ္မႈ လိုင္စင္၊ ပါမစ္ေလွ်ာက္ထားၿပီး ႏိုင္ငံေတာ္ကိုသတ္ မွတ္ထားသည့္ က်သင့္အခြန္မ်ား ေပးေဆာင္ၿပီးမွသာ တင္ပို႔/ တင္သြင္းရမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ ကုန္သြယ္ေရးစခန္း တာဝန္ခံထံမွ သိရသည္။
.


.
“၃ ရာခိုင္ႏႈန္း အခြန္ေဆာင္ၿပီးရင္ မယ္ယန္းဂိတ္ကို ျဖတ္လို႔ရတယ္လို႔ ထင္ေနၾကတဲ့အတြက္ ေျပာတာ ျဖစ္ပါတယ္။ မယ္ယန္းဂိတ္က ကုန္သြယ္ေရးစခန္း ျဖစ္ပါတယ္။ ကုန္သြယ္ေရးစခန္းကို ျဖတ္ၿပီး ကုန္သြယ္မႈလုပ္မယ္ဆိုရင္ လိုင္စင္၊ပါမစ္ ေလွ်ာက္ထားဖို႔လိုတဲ့ ပစၥည္းေတြကို လိုင္စင္၊ ပါမစ္ေလွ်ာက္ထားယူရ ပါမယ္။ ၿပီးရင္ ED/ID ဖြင့္ၿပီး သတ္ မွတ္ထားတဲ့ က်သင့္အခြန္ကို တင္ ပို႔/တင္သြင္းလို႔ရမွာျဖစ္ပါတယ္”ဟု တာခ်ီလိတ္ ကုန္သြယ္ေရးစခန္း တာဝန္ခံ၊ ဒုတိယၫႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္လြင္က ေျပာသည္။
.
၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ တာခ်ီလိတ္ ကုန္သြယ္ေရးစခန္း၏ ပို႔ကုန္/သြင္းကုန္ ကုန္သြယ္မႈလုပ္ငန္း ေဆာင္ရြက္မႈ လ်ာထားခ်က္၊ လုပ္ငန္းေဆာင္ရြက္မႈဆိုင္ရာ အေျခအေန မ်ားႏွင့္ ကုန္သြယ္မႈ မူဝါဒဆိုင္ရာ ၫႊန္ၾကားခ်က္မ်ား၊ တင္ပို႔/ တင္သြင္းသည့္ ကုန္စည္မ်ားအတြက္ ဝင္ေငြႏွစ္အတြင္း ႀကိဳတင္ခြန္ ေကာက္ခံရမည့္ ႏႈန္းထားမ်ားႏွင့္ နည္းလမ္းမ်ား၊ ကုန္သြယ္လုပ္ငန္းခြန္ေပးေခ်မႈအတြက္ လိုအပ္ေသာ သက္ေသခံ စာရြက္စာတမ္း မ်ားႏွင့္ စပ္လ်ဥ္း၍ လိုက္နာေဆာင္ရြက္ရန္ ကိစၥရပ္မ်ား ေဆြးေႏြးပြဲကို ဇြန္လ ၂၈ ရက္က တာခ်ီလိတ္ ကုန္သြယ္ေရး စခန္းတြင္ ျပဳလုပ္ရာ ဦးေမာင္ေမာင္လြင္က ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
.
အဆိုပါ ၃ ရာခိုင္ႏႈန္းႏွင့္ ပတ္သက္၍ ခ႐ိုင္စီမံခန္႔ခြဲမႈေကာ္မတီ၊ ခ႐ိုင္ငါးလုပ္ငန္းဦးစီးဌာနသို႔ လိပ္မူၿပီး ေဒသတြင္း ငါးစားသံုးမႈ ဖူလံုေရး အတြက္ Border Trade မွ သယ္ ေဆာင္ခြင့္ ျပဳခဲ့ၿပီး ေရထြက္ပစၥည္း သယ္ယူခြင့္ အေထာက္ အထား ထုတ္ေပးခဲ့ေသာ္လည္း မယ္ယန္း ကုန္သြယ္ေရးစခန္းတြင္ ျပန္လွည့္ခိုင္းေၾကာင္းႏွင့္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၏ ေထာက္ခံခ်က္ျဖင့္ ငါးတင္သြင္းမႈ ျပဳလုပ္မည္ဆိုပါက အေကာက္ခြန္ဦးစီးဌာနတြင္ ID ဖြင့္ ကာ က်သင့္အခြန္ ေပးေဆာင္ျဖတ္ သန္းရမည္ျဖစ္ေၾကာင္း ၎က ဆကက္လက္ေျပာၾကားခဲ့သည္။
.
ရွမ္းျပည္နယ္ အစိုးရအေနျဖင့္ တာခ်ီလိတ္နယ္စပ္ေဒသတြင္ စား ကုန္ ေသာက္ကုန္မ်ား ဖူလံုေရး အတြက္ ၃ ရာခိုင္ႏႈန္း အခြန္ေဆာင္ေစၿပီး ျမန္မာ-ထိုင္းအမွတ္(၁)ခ်စ္ ၾကည္ေရးတံတားမွ တစ္ပိုင္တစ္ႏိုင္ စားေသာက္ကုန္ သယ္ေဆာင္ခြင့္ ျပဳထားျခင္း ျဖစ္ေၾကာင္း သိရသည္။
.
၃ ရာခိုင်နှုန်း အခွန်ဆောင်လာသော စားသောက်ကုန်များကို တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဖြတ်သန်းခွင့် မပြု
.
မိုင်းမော (တြိဂံနယ်မြေ)
.
မြန်မာ-ထိုင်းအမှတ်(၁)ချစ် ကြည်ရေးတံတား၌ တစ်ပိုင်တစ်နိုင် စားသောက်ကုန်များအဖြစ် ၃ ရာ ခိုင်နှုန်း အခွန်ဆောင်လာသောကုန်များကို တာချီလိတ်ကုန်သွယ်ရေး စခန်းတွင် ဖြတ်သန်းခွင့်မရှိကြောင်းနှင့် ကုန်သွယ်မှု လိုင်စင်၊ ပါမစ်လျှောက်ထားပြီး နိုင်ငံတော်ကိုသတ် မှတ်ထားသည့် ကျသင့်အခွန်များ ပေးဆောင်ပြီးမှသာ တင်ပို့/ တင်သွင်းရမည်ဖြစ်ကြောင်း တာချီလိတ် ကုန်သွယ်ရေးစခန်း တာဝန်ခံထံမှ သိရသည်။
.
“၃ ရာခိုင်နှုန်း အခွန်ဆောင်ပြီးရင် မယ်ယန်းဂိတ်ကို ဖြတ်လို့ရတယ်လို့ ထင်နေကြတဲ့အတွက် ပြောတာ ဖြစ်ပါတယ်။ မယ်ယန်းဂိတ်က ကုန်သွယ်ရေးစခန်း ဖြစ်ပါတယ်။ ကုန်သွယ်ရေးစခန်းကို ဖြတ်ပြီး ကုန်သွယ်မှုလုပ်မယ်ဆိုရင် လိုင်စင်၊ပါမစ် လျှောက်ထားဖို့လိုတဲ့ ပစ္စည်းတွေကို လိုင်စင်၊ ပါမစ်လျှောက်ထားယူရ ပါမယ်။ ပြီးရင် ED/ID ဖွင့်ပြီး သတ် မှတ်ထားတဲ့ ကျသင့်အခွန်ကို တင် ပို့/တင်သွင်းလို့ရမှာဖြစ်ပါတယ်”ဟု တာချီလိတ် ကုန်သွယ်ရေးစခန်း တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က ပြောသည်။
.
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တာချီလိတ် ကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်မှု လျာထားချက်၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အခြေအနေ များနှင့် ကုန်သွယ်မှု မူဝါဒဆိုင်ရာ ညွှန်ကြားချက်များ၊ တင်ပို့/ တင်သွင်းသည့် ကုန်စည်များအတွက် ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန် ကောက်ခံရမည့် နှုန်းထားများနှင့် နည်းလမ်းများ၊ ကုန်သွယ်လုပ်ငန်းခွန်ပေးချေမှုအတွက် လိုအပ်သော သက်သေခံ စာရွက်စာတမ်း များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်က တာချီလိတ် ကုန်သွယ်ရေး စခန်းတွင် ပြုလုပ်ရာ ဦးမောင်မောင်လွင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ ၃ ရာခိုင်နှုန်းနှင့် ပတ်သက်၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနသို့ လိပ်မူပြီး ဒေသတွင်း ငါးစားသုံးမှု ဖူလုံရေး အတွက် Border Trade မှ သယ် ဆောင်ခွင့် ပြုခဲ့ပြီး ရေထွက်ပစ္စည်း သယ်ယူခွင့် အထောက် အထား ထုတ်ပေးခဲ့သော်လည်း မယ်ယန်း ကုန်သွယ်ရေးစခန်းတွင် ပြန်လှည့်ခိုင်းကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ငါးတင်သွင်းမှု ပြုလုပ်မည်ဆိုပါက အကောက်ခွန်ဦးစီးဌာနတွင် ID ဖွင့် ကာ ကျသင့်အခွန် ပေးဆောင်ဖြတ် သန်းရမည်ဖြစ်ကြောင်း ၎င်းက ဆကက်လက်ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ် အစိုးရအနေဖြင့် တာချီလိတ်နယ်စပ်ဒေသတွင် စား ကုန် သောက်ကုန်များ ဖူလုံရေး အတွက် ၃ ရာခိုင်နှုန်း အခွန်ဆောင်စေပြီး မြန်မာ-ထိုင်းအမှတ်(၁)ချစ် ကြည်ရေးတံတားမှ တစ်ပိုင်တစ်နိုင် စားသောက်ကုန် သယ်ဆောင်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats