တာခ်ီလိတ္၌ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူကို ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, July 31, 2019

တာခ်ီလိတ္၌ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူကို ဖမ္းဆီးရမိ


ျမင့္မိုရ္ (တာခ်ီလိတ္)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ေရႊတိဂံုဘုရားလမ္း၌ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူကို ဇူလိုင္ ၃၁ ရက္၊ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
 .
တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ရတနာ (၆)လမ္း၊ ဘုရင့္ေနာင္ေဈးအနီးတြင္ ဇူလိုင္လ ၁၈ ရက္က အသက္ ၁၅ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္သည္ အဝတ္ေလွ်ာ္ေနစဥ္ ယခင္က ခင္မင္ရင္းႏွီးၿပီး ၎အား တစ္ဘက္သတ္ ခ်စ္ႀကိဳက္ေနသည့္ ေနလင္းဦး (၂၁ ႏွစ္) မွ ေနအိမ္အတြင္း ဝင္ေရာက္လာကာ သားမယားအျဖစ္ ျပဳက်င့္ခဲ့ သျဖင့္ အမ်ိဳးသမီးငယ္၏ မိခင္မွ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ သြားေရာက္တိုင္တန္းခဲ့ျခင္းျဖစ္သည္။
.
တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္ေဇယ် ဦးစီးနယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊ ခ႐ိုင္မႈခင္း ႏွိမ္နင္း ေရးရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္နယ္မႈခင္းအကူ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ထြက္ေျပးတိမ္းေရွာင္ေနေသာ တရားခံအား ဖမ္းဆီးရမိေရးအတြက္ လိုက္လံစံုစမ္းေနစဥ္ ဇူလိုင္ ၃၁ ရက္ ေန႔လည္ ၁ နာရီခန္႔ တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္း ရပ္ကြက္၊ ေရႊတိဂံုဘုရားလမ္းတြင္ ဇူလိုင္လ ၃၁ ရက္၊ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ အလိုမတူဘဲ သားမယားအျဖစ္ျပဳခဲ့သူ ေနလင္းဦး(၂၁ ႏွစ္)၊ ယာေျမ၊ မကာဟိုခမ္းရပ္ကြက္၊ တာခ်ီလိတ္ၿမိဳ႕ေနသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက (ပ)၃၅၉/၂၀၁၉၊ ရာဇသတ္ၿပီးပုဒ္မ-၃၇၆ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
.
============================================================
တာချီလိတ်၌ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းဆီးရမိ
.
မြင့်မိုရ် (တာချီလိတ်)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၌ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဇူလိုင် ၃၁ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာ (၆)လမ်း၊ ဘုရင့်နောင်ဈေးအနီးတွင် ဇူလိုင်လ ၁၈ ရက်က အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်သည် အဝတ်လျှော်နေစဉ် ယခင်က ခင်မင်ရင်းနှီးပြီး ၎င်းအား တစ်ဘက်သတ် ချစ်ကြိုက်နေသည့် နေလင်းဦး (၂၁ နှစ်) မှ နေအိမ်အတွင်း ဝင်ရောက်လာကာ သားမယားအဖြစ် ပြုကျင့်ခဲ့ သဖြင့် အမျိုးသမီးငယ်၏ မိခင်မှ တာချီလိတ်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
.
တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျ ဦးစီးနယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်း နှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်မှုခင်းအကူ ရဲတပ်ဖွဲ့ဝင်များသည် ထွက်ပြေးတိမ်းရှောင်နေသော တရားခံအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေစဉ် ဇူလိုင် ၃၁ ရက် နေ့လည် ၁ နာရီခန့် တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းတွင် ဇူလိုင်လ ၃၁ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ အလိုမတူဘဲ သားမယားအဖြစ်ပြုခဲ့သူ နေလင်းဦး(၂၁ နှစ်)၊ ယာမြေ၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက (ပ)၃၅၉/၂၀၁၉၊ ရာဇသတ်ပြီးပုဒ်မ-၃၇၆ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats