တာခ်ီလိတ္၌ ပထမအႀကိမ္လူသစ္တန္း ကာယဗလေမာင္ ၿပိဳင္ပြဲႏွင့္ ဆုေပးပြဲက်င္းပ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, July 23, 2019

တာခ်ီလိတ္၌ ပထမအႀကိမ္လူသစ္တန္း ကာယဗလေမာင္ ၿပိဳင္ပြဲႏွင့္ ဆုေပးပြဲက်င္းပ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
တာခ်ီလိတ္ခ႐ိုင္ အားကစားႏွင့္ကာယပညာဦးစီးဌာန၊ BP Fitness၊ Johnny Fitness Center၊ မိုးေသာက္ၾကယ္ မိသားစု၊ Keng Tong Fitness Center၊ Fitness & Gym တို႔က ႀကီးမွဴးက်င္းပသည့္ ပထမအႀကိမ္လူသစ္တန္း ကာယဗလေမာင္ ၿပိဳင္ပြဲႏွင့္ ဆုေပးပြဲ အခမ္းအနားကို ဇူလိုင္လ ၂၁ ရက္ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း (ခ) ရပ္ကြက္၊ မိုးလံုေလလံု အားကစား႐ံု၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
အခမ္းအနားတြင္ တာခ်ီလိတ္ခ႐ိုင္အားကစားႏွင့္ ကာယပညာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က အဖြင့္အမွာ စကားေျပာၾကားၿပီး က်ိဳင္းတံု၊ တာခ်ီလိတ္ႏွင့္ ထိုင္းႏိုင္ငံမွ ၿပိဳင္ပြဲဝင္ ၁၁ ဦးတို႔က လူသစ္တန္းကာယဗလေမာင္ ယွဥ္ၿပိဳင္ခဲ့ရာ ပထမဆုကို က်ိဳင္းတံု Fitness Center မွ ခါးနံပတ္ ၁၀ ေဝေအာင္ၿဖိဳး၊ ဒုတိယဆိုကို BP Fitness မွ ခါးနံပတ္ ၂ ျမတ္ကို၊ တတိယဆုကို ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ္႕မွ ခါးနံပတ္ ၉  ေအာင္လ တို႔က အသီးသီး ဆုတံဆိပ္မ်ား ဆြတ္ခူးခဲ့သည္။
.
“ကာယဗလေမာင္ၿပိဳင္ပြဲကို ဒီအားကစား ခန္းမမွာ ၂၀ဝ၅ ခုႏွစ္က က်င္းပခဲ့တယ္။ ၂၀ဝ၆ ခုႏွစ္က ေအာင္ျမတ္ခန္းမ မွာ က်င္းပခဲ့တယ္။ အခု ျပန္က်င္းပတာက ၁၅ ႏွစ္အတြင္းမွာ ပထမဆံုး လို႔ေျပာရမွာေပါ့။ သူတို႔ကစားေပမဲ့ ၿပိဳင္ပြဲ မရွိေတာ့ သူတို႔ ေလ့က်င့္ထားတဲ့ ၾကြက္သား အလွေတြ ထုတ္ျပခြင့္ မရဘူးေပါ့။ ဝါသနာပါတဲ့သူေတြက လူသစ္တန္း က်င္းပခ်င္တယ္ဆိုေတာ့ ၿပိဳင္ပြဲမဝင္ဖူးေသးတဲ့သူေတြအတြက္ လုပ္ေပးတာေပါ့။ တိုင္းနဲ႔ ျပည္နယ္က်ေတာ့ ၂၅ ႏွစ္ ေအာက္တို႔ အသက္ ကန္႔သတ္ခ်က္ေတြ ရွိတာေပါ့။ ဒီထဲမွာ အလားအလာရွိတဲ့ ကေလးေတြ ေတြ႕ရပါတယ္။ တိုင္းနဲ႔ ျပည္နယ္အတြက္လည္း အလားအလာ ေကာင္းပါတယ္”ဟု တာခ်ီလိတ္ခ႐ိုင္အားကစားႏွင့္ကာယပညာဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က ေျပာသည္။
.
ယွဥ္ၿပိဳင္ခဲ့သည့္ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားကို တာဝန္ရွိသူမ်ားက ပထမဆုရရွိသူကို ဆုေငြ ၅၀ဝ၀ ဘတ္၊ ဒုတိယဆုရရွိသူကို ဆုေငြ ၃၀ဝ၀ ဘတ္၊ တတိယဆုရရွိသူကို ဆုေငြ ၂၀ဝ၀ ဘတ္ အသီးသီးခ်ီးျမႇင့္ေပးခဲ့ေၾကာင္း သိရသည္။
.
============================================================
တာချီလိတ်၌ ပထမအကြိမ်လူသစ်တန်း ကာယဗလမောင် ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
.
မိုင်းမော (တြိဂံနယ်မြေ)
.
တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ BP Fitness၊ Johnny Fitness Center၊ မိုးသောက်ကြယ် မိသားစု၊ Keng Tong Fitness Center၊ Fitness & Gym တို့က ကြီးမှူးကျင်းပသည့် ပထမအကြိမ်လူသစ်တန်း ကာယဗလမောင် ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်ညနေပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် တာချီလိတ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က အဖွင့်အမှာ စကားပြောကြားပြီး ကျိုင်းတုံ၊ တာချီလိတ်နှင့် ထိုင်းနိုင်ငံမှ ပြိုင်ပွဲဝင် ၁၁ ဦးတို့က လူသစ်တန်းကာယဗလမောင် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ကျိုင်းတုံ Fitness Center မှ ခါးနံပတ် ၁၀ ဝေအောင်ဖြိုး၊ ဒုတိယဆိုကို BP Fitness မှ ခါးနံပတ် ၂ မြတ်ကို၊ တတိယဆုကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့်မှ ခါးနံပတ် ၉  အောင်လ တို့က အသီးသီး ဆုတံဆိပ်များ ဆွတ်ခူးခဲ့သည်။
.
“ကာယဗလမောင်ပြိုင်ပွဲကို ဒီအားကစား ခန်းမမှာ ၂ဝဝ၅ ခုနှစ်က ကျင်းပခဲ့တယ်။ ၂ဝဝ၆ ခုနှစ်က အောင်မြတ်ခန်းမ မှာ ကျင်းပခဲ့တယ်။ အခု ပြန်ကျင်းပတာက ၁၅ နှစ်အတွင်းမှာ ပထမဆုံး လို့ပြောရမှာပေါ့။ သူတို့ကစားပေမဲ့ ပြိုင်ပွဲ မရှိတော့ သူတို့ လေ့ကျင့်ထားတဲ့ ကြွက်သား အလှတွေ ထုတ်ပြခွင့် မရဘူးပေါ့။ ဝါသနာပါတဲ့သူတွေက လူသစ်တန်း ကျင်းပချင်တယ်ဆိုတော့ ပြိုင်ပွဲမဝင်ဖူးသေးတဲ့သူတွေအတွက် လုပ်ပေးတာပေါ့။ တိုင်းနဲ့ ပြည်နယ်ကျတော့ ၂၅ နှစ် အောက်တို့ အသက် ကန့်သတ်ချက်တွေ ရှိတာပေါ့။ ဒီထဲမှာ အလားအလာရှိတဲ့ ကလေးတွေ တွေ့ရပါတယ်။ တိုင်းနဲ့ ပြည်နယ်အတွက်လည်း အလားအလာ ကောင်းပါတယ်”ဟု တာချီလိတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က ပြောသည်။
.
ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမားများကို တာဝန်ရှိသူများက ပထမဆုရရှိသူကို ဆုငွေ ၅ဝဝဝ ဘတ်၊ ဒုတိယဆုရရှိသူကို ဆုငွေ ၃ဝဝဝ ဘတ်၊ တတိယဆုရရှိသူကို ဆုငွေ ၂ဝဝဝ ဘတ် အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)