မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းေပၚတြင္ က်ပ္သိန္း ၁၂၀ ေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ ဘိန္းစိမ္း မ်ား ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Saturday, July 27, 2019

မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းေပၚတြင္ က်ပ္သိန္း ၁၂၀ ေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ ဘိန္းစိမ္း မ်ား ဖမ္းဆီးရမိ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းအုပ္စု၊ မိုင္းဆတ္-တာခ်ီလိတ္သြား ကားလမ္းမေပၚ တြင္ ဇူလိုင္လ ၂၅ ရက္၊ ညပိုင္းက က်ပ္သိန္း ၁၂၀ ေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ ဘိန္းစိမ္းမ်ား အား သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
.
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု (၃၀) တာခ်ီလိတ္မွ တာဝန္ရွိသူမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕ သည္ သက္ေသမ်ားႏွင့္အတူ ဇူလိုင္လ ၂၅ ရက္၊ ည ၇ နာရီခန္႔က တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာ အုပ္စု၊ မိုင္းဆတ္-တာခ်ီလိတ္သြား ကားလမ္းေပၚတြင္ မူးယစ္ေဆးဝါးသတင္းအရ ေစာင့္ဆိုင္းေနစဥ္ ႀကိဳတင္ သတင္းရရွိထားသူ အား႐ိုး သည္ နံပါတ္မပါ Honda Wave-i(110) အမ်ိဳးအစား၊ ခဲ/ျပာေရာင္ဆိုင္ကယ္ျဖင့္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္ေရာက္ရွိလာသျဖင့္ ရပ္တန္႔စစ္ေဆးရွာေဖြရာ အေအးစုပ္ပိုက္ ျဖတ္စျဖင့္ ထည့္လ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား ၃၈ ျပား၊ အေလးခ်ိန္ ၃ ဒသမ ၈ ဂရမ္ခန္႔(ေဒသတန္ဖိုးေငြက်ပ္ ၃၈၀ဝ၀)ခန္႔၊ ဘိန္းစိမ္းဟုယူဆရေသာ အမဲေရာင္ အေစးအေလးခ်ိန္ ၂၅ ဂရမ္ခန္႔(ေဒသတန္ဖိုးေငြက်ပ္ ၃၇၅၀ဝ)ခန္႔အားလည္းေကာင္း၊ ဆိုင္ကယ္တူးေဘာက္အတူးမွ WY စာတမ္းပါ နီညိဳေရာင္ စိတ္ႂကြေဆးျပား ၁၂၀ဝ၀ ျပား၊ အေလးခ်ိန္ ၁ ဒသမ ၂ ကီလိုခန္႔ (ေဒသတန္ဖိုး ေငြက်ပ္သိန္း ၁၂၀)ခန္႔အား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ မူးယစ္ေဆးဝါးမ်ားႏွင့္အတူေတြ႕ရွိသည့္ အား႐ိို(၅၄ ႏွစ္)၊ စန္းလု(အေပၚ)ေက်းရြာ၊ လြယ္ေတာ္ခမ္းအုပ္စု၊ တာခ်ီလိတ္ၿမိဳ႕နယ္ေနသူ အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက မယ(ပ)၁၀ဝ/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ကာ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
.
============================================================
မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်တွင် ကျပ်သိန်း ၁၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်း များ ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းမပေါ် တွင် ဇူလိုင်လ ၂၅ ရက်၊ ညပိုင်းက ကျပ်သိန်း ၁၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ ဇူလိုင်လ ၂၅ ရက်၊ ည ၇ နာရီခန့်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အုပ်စု၊ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင် သတင်းရရှိထားသူ အားရိုး သည် နံပါတ်မပါ Honda Wave-i(110) အမျိုးအစား၊ ခဲ/ပြာရောင်ဆိုင်ကယ်ဖြင့် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်ရောက်ရှိလာသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ အအေးစုပ်ပိုက် ဖြတ်စဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၃၈ ပြား၊ အလေးချိန် ၃ ဒသမ ၈ ဂရမ်ခန့်(ဒေသတန်ဖိုးငွေကျပ် ၃၈ဝဝဝ)ခန့်၊ ဘိန်းစိမ်းဟုယူဆရသော အမဲရောင် အစေးအလေးချိန် ၂၅ ဂရမ်ခန့်(ဒေသတန်ဖိုးငွေကျပ် ၃၇၅ဝဝ)ခန့်အားလည်းကောင်း၊ ဆိုင်ကယ်တူးဘောက်အတူးမှ WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၁၂ဝဝဝ ပြား၊ အလေးချိန် ၁ ဒသမ ၂ ကီလိုခန့် (ဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀)ခန့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရှိသည့် အားရိို(၅၄ နှစ်)၊ စန်းလု(အပေါ်)ကျေးရွာ၊ လွယ်တော်ခမ်းအုပ်စု၊ တာချီလိတ်မြို့နယ်နေသူ အား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁ဝဝ/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats