တာခ်ီလိတ္တြင္ မူးယစ္ေဆးဝါးသယ္ေဆာင္သူႏွင့္ ေရာင္းခ်သူ ၄ ဦးကို ကြင္းဆက္ျဖင့္ ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019

တာခ်ီလိတ္တြင္ မူးယစ္ေဆးဝါးသယ္ေဆာင္သူႏွင့္ ေရာင္းခ်သူ ၄ ဦးကို ကြင္းဆက္ျဖင့္ ဖမ္းဆီးရမိ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ေဂါက္ကြင္းလမ္းႏွင့္ ဆန္ဆိုင္း(က)ရပ္ကြက္၊ ခြာညိဳလမ္းတို႔တြင္ ဇူလိုင္လ ၁၉ ရက္၊ ညေနပိုင္းက မူးယစ္ေဆးဝါး သယ္ေဆာင္သူႏွင့္ ေရာင္းခ်သူ ၄ ဦးတို႔ကို ကြင္းဆက္ျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
 .
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္ေရးရဲတပ္ဖြဲဲ႕၊ တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ ဝင္းထြန္းႏွင့္ ရဲအုပ္ ေအာင္သူမိုး ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕(မူခင္းအကူအဖြဲ႕)မွ ရဲအုပ္ေမာင္းမ်ိဳး ဦးစီးအဖြဲ႕တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္၊ သက္ေသ မ်ား ႏွင့္အတူ ဇူလိုင္လ ၁၉ ရက္၊ ေန႔လယ္ ၂ နာရီခန္႔က တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ေဂါက္ကြင္းလမ္းတြင္ မူးယစ္ေဆးဝါးအသင္းအရ ေစာင့္ဆိုင္းေနစဥ္ ေဂါက္ကြင္းလမ္းမွ ၁၉၉ အကင္ဘက္သို႔ က်ိဳင္းႏြဲ႕(ခ)အိုက္ႏြဲ႕ ေမာင္းႏွင္ၿပီး၊ ေနာက္တြင္ အိုက္လံု(ခ)စိုင္းလံုႏွင့္ အိုက္အြန္(ခ)ပီအြန္တို႔ လိုက္ပါလာ သည့္ Honda တီးတာအမ်ိဳးအစား အနက္ေရာင္ ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာသျဖင့္ ထိန္းသိမ္းရွာေဖြရာ Ecstasy ဟုယူဆရေသာ CU စာတမ္းပါ အျဖဴေရာင္ ေဆးျပား ၇၀၈ ျပား၊ အေလးခ်ိန္ ၁၇၇ ဂရမ္ခန္႔ (ေဒသတန္ဖိုး ေငြက်ပ္ ၂၈၃၂၀ဝ၀ဝ)ခန္႔ႏွင့္ ဖုန္း သံုးလံုးတို႔ကို ရွာေဖြေတြ႕ရွိခဲ့သျဖင့္ ၄င္းတို႔စီးနင္းလာေသာ ဆိုင္ကယ္ႏွင့္အတူ သက္ေသမ်ားေရွ႕ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့သည္။
.
သိမ္းဆည္းရမိ မူးယစ္ေဆးဝါးမ်ားသည္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ ခြာညိဳ လမ္း၊ အမွတ္(၂/၄၀)တြင္ ေနထိုင္ေသာ ကြမ္းယံု (ခ)အားယံုထံမွ ေရာင္းခ်ရန္ ယူေဆာင္လာေသာ ပစၥည္းမ်ားျဖစ္ေၾကာင္း ဖမ္းဆီးရမိသူမ်ား၏  ထြက္ဆိုခ်က္အရ ပူးေပါင္းအဖြဲ႕က ၄င္း၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ Ecstasy ဟုယူဆရေသာ CU စာတမ္းပါ အျဖဴေရာင္ ေဆးျပား ၉၉ ျပား၊ အေလးခ်ိန္ ၂၄ ဒသမ ၄၇ ဂရမ္ခန္႔ႏွင့္ အစိမ္းေရာင္ေဆးျပား ၁၅ ျပား၊ အေလးခ်ိန္ ၃ ဒသမ ၇၅ ဂရမ္ခန္႔တို႔အား ရွာေဖြေတြ႕ရွိခဲ့သည္။
.
သို႔ျဖစ္၍ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းခ်သူ က်ိဳင္းႏြဲ႕(ခ)အိုက္ႏြဲ႕၊ အိုက္လံု(ခ)စိုင္းလံု၊ အိုက္အြန္(ခ)ပီအြန္တို႔ ၃ ဦးအား တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းက မယ(ပ)၉၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္လည္းေကာင္း၊ ကြမ္းယံု (ခ)အားယံုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက မယ(ပ)၉၉/ ၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ လည္းေကာင္း အသီးသီး ေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
.
============================================================
တာချီလိတ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူနှင့် ရောင်းချသူ ၄ ဦးကို ကွင်းဆက်ဖြင့် ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်၊ ခွာညိုလမ်းတို့တွင် ဇူလိုင်လ ၁၉ ရက်၊ ညနေပိုင်းက မူးယစ်ဆေးဝါး သယ်ဆောင်သူနှင့် ရောင်းချသူ ၄ ဦးတို့ကို ကွင်းဆက်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် ဝင်းထွန်းနှင့် ရဲအုပ် အောင်သူမိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မူခင်းအကူအဖွဲ့)မှ ရဲအုပ်မောင်းမျိုး ဦးစီးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည်၊ သက်သေ များ နှင့်အတူ ဇူလိုင်လ ၁၉ ရက်၊ နေ့လယ် ၂ နာရီခန့်က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းတွင် မူးယစ်ဆေးဝါးအသင်းအရ စောင့်ဆိုင်းနေစဉ် ဂေါက်ကွင်းလမ်းမှ ၁၉၉ အကင်ဘက်သို့ ကျိုင်းနွဲ့(ခ)အိုက်နွဲ့ မောင်းနှင်ပြီး၊ နောက်တွင် အိုက်လုံ(ခ)စိုင်းလုံနှင့် အိုက်အွန်(ခ)ပီအွန်တို့ လိုက်ပါလာ သည့် Honda တီးတာအမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် ထိန်းသိမ်းရှာဖွေရာ Ecstasy ဟုယူဆရသော CU စာတမ်းပါ အဖြူရောင် ဆေးပြား ၇၀၈ ပြား၊ အလေးချိန် ၁၇၇ ဂရမ်ခန့် (ဒေသတန်ဖိုး ငွေကျပ် ၂၈၃၂ဝဝဝဝ)ခန့်နှင့် ဖုန်း သုံးလုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ၄င်းတို့စီးနင်းလာသော ဆိုင်ကယ်နှင့်အတူ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများသည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခွာညို လမ်း၊ အမှတ်(၂/၄၀)တွင် နေထိုင်သော ကွမ်းယုံ (ခ)အားယုံထံမှ ရောင်းချရန် ယူဆောင်လာသော ပစ္စည်းများဖြစ်ကြောင်း ဖမ်းဆီးရမိသူများ၏  ထွက်ဆိုချက်အရ ပူးပေါင်းအဖွဲ့က ၄င်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ Ecstasy ဟုယူဆရသော CU စာတမ်းပါ အဖြူရောင် ဆေးပြား ၉၉ ပြား၊ အလေးချိန် ၂၄ ဒသမ ၄၇ ဂရမ်ခန့်နှင့် အစိမ်းရောင်ဆေးပြား ၁၅ ပြား၊ အလေးချိန် ၃ ဒသမ ၇၅ ဂရမ်ခန့်တို့အား ရှာဖွေတွေ့ရှိခဲ့သည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချသူ ကျိုင်းနွဲ့(ခ)အိုက်နွဲ့၊ အိုက်လုံ(ခ)စိုင်းလုံ၊ အိုက်အွန်(ခ)ပီအွန်တို့ ၃ ဦးအား တာချီလိတ် မြို့မရဲစခန်းက မယ(ပ)၉၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ ကွမ်းယုံ (ခ)အားယုံအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၉၉/ ၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အသီးသီး ရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats