တာခ်ီလိတ္တြင္ ဆိုင္ကယ္အား တစ္ေနရာမွ ခိုးလာၿပီး ပိုင္ဆိုင္ေၾကာင္း အေထာက္အထားမျပႏိုင္သည့္ လူငယ္ ႏွစ္ဦးကို ဖမ္းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 23, 2019

တာခ်ီလိတ္တြင္ ဆိုင္ကယ္အား တစ္ေနရာမွ ခိုးလာၿပီး ပိုင္ဆိုင္ေၾကာင္း အေထာက္အထားမျပႏိုင္သည့္ လူငယ္ ႏွစ္ဦးကို ဖမ္းဆီးရမိ


မိုင္းေမာ (ႀတိဂံနယ္ေျမ)
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ထြန္းလင္းေအာင္လမ္းသြယ္ၾကား၌ ဇူလိုင္လ ၂၂ ရက္၊ နံနက္ပိုင္းက ဆိုင္ကယ္အား တစ္ေနရာမွ ခိုးလာၿပီး ပိုင္ဆိုင္ေၾကာင္း အေထာက္အထားမျပႏိုင္သည့္ လူငယ္ ႏွစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
 .
တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္ေဇယ် ဦးစီးနယ္ထိန္းအဖြဲ႕သည္ ဇူလိုင္ ၂၂ ရက္နံနက္ ၁၁ နာရီေက်ာ္ ခန္႔တြင္ သက္ေသမ်ားႏွင့္ အတူ လွည့္ကင္းေဆာင္ရြက္ေနစဥ္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ထြန္းလင္းေအာင္လမ္းသြယ္ၾကားတြင္ ဗိုလ္ခ်ဳပ္လမ္းဘက္မွ ထြန္းလင္း ေအာင္သြယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ Wave-I (110) ျဖဴ/ျပာေရာင္ ဆိုင္ကယ္အား ရပ္တန္႔စစ္ေမးရာ ဟိစေတ(ခ)လဝ(ခ)မီးသတ္(၂၀ ႏွစ္)ႏွင့္ မ်ိဳးလိႈင္ကို(ခ)အငယ္ေကာင္ (၁၈ ႏွစ္)၊ ေအာင္ပါေစလိုင္းခန္းငွား၊ မယ္ေခါင္ရပ္ကြက္ေနသူ ႏွစ္ဦး စီးနင္းလာေသာ ဆိုင္ကယ္ႏွင့္ ပတ္သက္၍ ေမးျမန္းရာ ပိုင္ဆိုင္ေၾကာင္း အေထာက္အထား တစ္စံု တစ္ရာျပသႏိုင္ျခင္းမရွိသျဖင့္ ဆိုင္ကယ္အား တစ္ေနရာရာမွ ခိုးယူလာသည္ဟု မသကၤာ၍ သက္ေသမ်ားေရွ႕ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့သည္။
.
သို႔ျဖစ္၍ ဆိုင္ကယ္ႏွင့္အတူ လက္ဝယ္ေတြရွိသူ ဟိစေတ(ခ)လဝ(ခ)မီးသတ္(၂၀ ႏွစ္)ႏွင့္ မ်ိဳးလိႈင္ကို(ခ) အငယ္ေကာင္ (၁၈ ႏွစ္)တို႔ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက (ပ)၃၉၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၅၄(ဆိုင္ကယ္)ျဖင့္ အမႈဖြင့္ကာ ဆိုင္ကယ္ပိုင္ရွင္အား ျပန္လည္ရရွိေရး အတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
တာချီလိတ်တွင် ဆိုင်ကယ်အား တစ်နေရာမှ ခိုးလာပြီး ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သည့် လူငယ် နှစ်ဦးကို ဖမ်းဆီးရမိ
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ထွန်းလင်းအောင်လမ်းသွယ်ကြား၌ ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ်အား တစ်နေရာမှ ခိုးလာပြီး ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သည့် လူငယ် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ဇေယျ ဦးစီးနယ်ထိန်းအဖွဲ့သည် ဇူလိုင် ၂၂ ရက်နံနက် ၁၁ နာရီကျော် ခန့်တွင် သက်သေများနှင့် အတူ လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ထွန်းလင်းအောင်လမ်းသွယ်ကြားတွင် ဗိုလ်ချုပ်လမ်းဘက်မှ ထွန်းလင်း အောင်သွယ်ဘက်သို့ မောင်းနှင်လာသည့် Wave-I (110) ဖြူ/ပြာရောင် ဆိုင်ကယ်အား ရပ်တန့်စစ်မေးရာ ဟိစတေ(ခ)လဝ(ခ)မီးသတ်(၂၀ နှစ်)နှင့် မျိုးလှိုင်ကို(ခ)အငယ်ကောင် (၁၈ နှစ်)၊ အောင်ပါစေလိုင်းခန်းငှား၊ မယ်ခေါင်ရပ်ကွက်နေသူ နှစ်ဦး စီးနင်းလာသော ဆိုင်ကယ်နှင့် ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာပြသနိုင်ခြင်းမရှိသဖြင့် ဆိုင်ကယ်အား တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
သို့ဖြစ်၍ ဆိုင်ကယ်နှင့်အတူ လက်ဝယ်တွေရှိသူ ဟိစတေ(ခ)လဝ(ခ)မီးသတ်(၂၀ နှစ်)နှင့် မျိုးလှိုင်ကို(ခ) အငယ်ကောင် (၁၈ နှစ်)တို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက (ပ)၃၉၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄(ဆိုင်ကယ်)ဖြင့် အမှုဖွင့်ကာ ဆိုင်ကယ်ပိုင်ရှင်အား ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment