တန္႔ယန္းတြင္ အုပ္စုဖြဲ႕အႏိုင္က်င့္ခဲ့သည့္ အမ်ိဳးသမီးငယ္မ်ားမွ အဓိကဦးေဆာင္သူကို ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 20, 2019

တန္႔ယန္းတြင္ အုပ္စုဖြဲ႕အႏိုင္က်င့္ခဲ့သည့္ အမ်ိဳးသမီးငယ္မ်ားမွ အဓိကဦးေဆာင္သူကို ဖမ္းမိ


မင္းေဇာ္မင္း 
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ တန္႔ယန္းၿမိဳကတြင္ ၿပီးခဲ့သည့္ ဇူလိုင္လ ၇ ရက္က ျဖစ္ပြားခဲ့သည့္ အမ်ိဳးသမီးငယ္ အခ်င္းခ်င္း အုပ္စုဖြဲ႕အႏိုင္က်င့္ခဲ့သည့္ အမႈမွ အဓိက ဦးေဆာင္သူကို ဇူလိုင္လ ၁၉ ရက္က ဖမ္းဆီးရမိခဲ့ၿပီျဖစ္ ေၾကာင္း တန္႔ယန္းၿမိဳ႕မရဲစခန္းမွ သိရသည္။
.
 .
အုပ္စုဖြဲ႕႐ိုက္ႏွက္မႈမွ ဦးေဆာင္သူ နန္းေအးလံုကုိ တန္႔ယန္းရဲစခန္းမွ ရတပ္ဖြဲ႕ဝင္မ်ားႏွင့္ မန္ပန္ျပည္သူ႔စစ္အဖြဲ႕မ်ား ပူးေပါင္းကာ နမ့္ဟူးလြယ္ကာေက်းရြာအနီးတြင္ ရွာေဖြပိတ္ဆို႔ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ ဟုသိရသည္။
.
“အခုေတာ့ သူ႔ကိုစစ္ေဆးေနဆဲျဖစ္ပါတယ္။ အားလံုးက အသက္ ၁၇ ႏွစ္ေအာက္ေတြျဖစ္လို႔ အာမခံနဲံ ၂ ေယာက္ ေပးထားၿပီး က်န္သူေတြကိုေတာ့ မိဘရပ္ထံ အပ္ႏွံထားပါတယ္”ဟု တန္႔ယန္းၿမိဳ႕မရဲစခန္းမွ ဒုစခန္းမွဴး ရဲအုပ္ ေအာင္ေက်ာ္စိုးက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
အုပ္စုဖြဲ႕႐ိုက္ႏွက္မႈကို ဦးေဆာင္သူျဖစ္သည့္ နန္းေအးလံုအား ၂ ပတ္ခန္႔အၾကာတြင္ဖမ္းဆီးရမိျခင္းျဖစ္ၿပီး က်ဴးလြန္သူမ်ားအနက္ ၆ ဦးမွာ ယခင္ရက္မ်ားက ဖမ္းဆီးရမိခဲ့ၿပီးေနာက္ အသက္ (၁၇) ႏွစ္အရြယ္ မိန္းကေလး ၂ ဦးကို အာမခံေပး၍လည္းေကာင္း၊ က်န္ ၁၆ ႏွစ္ေအာက္ ၄ ဦး ကို ၀န္ခံကတိျဖင့္ မိဘထံ အပ္ႏွံထားျခင္းျဖင့္ လည္းေကာင္း ေဆာင္ရြက္ထားသည္ဟု သိရသည္။
.
နန္းေအးလံုဦးေဆာင္သည့္အဖြဲ႕သည္ ဇူလိုင္လ ၇ ရက္က တန္႔ယန္း-မိုင္းေကာင္သြားလမ္း ထင္း႐ွဴးကုန္းတြင္ မိန္းကေလးငယ္ ၅ ဦးအား တစ္ႀကိမ္လွ်င္ တစ္ဦးက်စီေခၚယူကာ အုပ္စုဖြဲ႕ ႐ိုက္ႏွက္ခဲ့သည့္အျပင္ ဖုန္းျဖင့္ လူမႈကြန္ရက္မွ Live လႊင့္ကာ တင္ခဲ့ျခင္းျဖစ္ၿပီး အရိုက္ခံရသူမိန္းကေလးငယ္မ်ားအနက္ နန္းေမြခမ္းဆိုသူ မွာ ဒဏ္ရာ မသက္သာသျဖင့္ မႏၱေလးတြင္ ေဆးကုသလ်က္ရွိသည္ဟု အဆိုပါ ကိစၥအား လိုက္ပါေဆာင္ရြက္ေနသူ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႕အဖြဲ႕အစည္း (လားရႈိး)မွ ေဒၚသန္းသန္းေအးက ေျပာသည္။
.
“ကၽြန္မတို႔က အမွန္တရားေပၚေပါက္ေစဖို႔ လိုက္ပါကူညီေနတာပါ။ အခုက ျမန္မာ့လူ႔အဖြဲ႕အစည္းအတြက္ လက္မခံသင့္တဲ့ အေျခအေနမ်ဳိးကို ဂုိဏ္းဖြဲ႕က်ဴးလြန္လာတာေတြ႕ရတယ္။ ဒီစ႐ိုက္ေတြက ဘယ္ကလာသလဲဆိုတာ ဆန္းစစ္ဖို႔ လိုလာတယ္လို႔ ျမင္တယ္။ ဒါေတြကို သက္ဆိုင္ရာေတြက စိစစ္ဖို႔ လိုလာပါၿပီ။ အရပ္ဘက္လူမႈအဖြဲ႕ေတြကေတာ့ ဒီလိုအျဖစ္မ်ိဳးေတြ မျဖစ္ရေအာင္ တြန္းအားေပးသြားမွာျဖစ္တယ္” ဟု ေဒၚသန္းသန္းေအးက ေျပာသည္။
.
ယင္းကဲ့သို႔ အုပ္စုဖြဲ႕ အႏိုင္က်င့္မႈႏွင့္ ပတ္သက္၍ တန္႕ယန္းၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းဆန္စိန္ႏွင့္ ဦးစိုင္းခမ္းျမတ္တို႔က မွတ္သားေလာက္သည့္ ထိုက္သင့္ျပစ္ဒဏ္မ်ား ေပးအပ္ႏိုင္ပါမွ ေနာက္ေနာင္ အလားတူျဖစ္ရပ္မ်ိဳးျဖစ္ပြားမလာေစရန္ ထိန္းသိမ္းႏိုင္မည္ျဖစ္သည္ဟု ကေမၻာဇတိုင္းကို ေျပာၾကားခဲ့သည္။
.
အဆိုပါ အုပ္စုဖြဲ႕ အႏိုင္က်င့္႐ိုက္ႏွက္မႈတြင္ ပါဝင္သူ နန္းေအးလံုပါ ၇ ဦးအား တန္႔ယန္းၿမိဳ႕မရဲစခန္းမွ (ပ) ၄၁/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/ ၃၂၅/ ၃၅၄/၁၁၄ တို႔ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနၿပီး ဗီဒီယို႐ိုက္ကာ လူမႈကြန္ရက္ေပၚတင္မႈႏွင့္ ၿခိမ္းေျခာက္မႈတို႔အတြက္ တရားစြဲတင္ရာတြင္ ပါရွိႏိုင္မည္ျဖစ္သည္ဟု ရဲတပ္ဖြဲ႕ တာဝန္ရွိသူ တစ္ဦးထံမွ သိရသည္။
.
============================================================
တန့်ယန်းတွင် အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့သည့် အမျိုးသမီးငယ်များမှ အဓိကဦးဆောင်သူကို ဖမ်းမိ
.
မင်းဇော်မင်း 
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြိုကတွင် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က ဖြစ်ပွားခဲ့သည့် အမျိုးသမီးငယ် အချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့သည့် အမှုမှ အဓိက ဦးဆောင်သူကို ဇူလိုင်လ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ပြီဖြစ် ကြောင်း တန့်ယန်းမြို့မရဲစခန်းမှ သိရသည်။
.
အုပ်စုဖွဲ့ရိုက်နှက်မှုမှ ဦးဆောင်သူ နန်းအေးလုံကို တန့်ယန်းရဲစခန်းမှ ရတပ်ဖွဲ့ဝင်များနှင့် မန်ပန်ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းကာ နမ့်ဟူးလွယ်ကာကျေးရွာအနီးတွင် ရှာဖွေပိတ်ဆို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ဟုသိရသည်။
.
“အခုတော့ သူ့ကိုစစ်ဆေးနေဆဲဖြစ်ပါတယ်။ အားလုံးက အသက် ၁၇ နှစ်အောက်တွေဖြစ်လို့ အာမခံနဲံ ၂ ယောက် ပေးထားပြီး ကျန်သူတွေကိုတော့ မိဘရပ်ထံ အပ်နှံထားပါတယ်”ဟု တန့်ယန်းမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် အောင်ကျော်စိုးက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အုပ်စုဖွဲ့ရိုက်နှက်မှုကို ဦးဆောင်သူဖြစ်သည့် နန်းအေးလုံအား ၂ ပတ်ခန့်အကြာတွင်ဖမ်းဆီးရမိခြင်းဖြစ်ပြီး ကျူးလွန်သူများအနက် ၆ ဦးမှာ ယခင်ရက်များက ဖမ်းဆီးရမိခဲ့ပြီးနောက် အသက် (၁၇) နှစ်အရွယ် မိန်းကလေး ၂ ဦးကို အာမခံပေး၍လည်းကောင်း၊ ကျန် ၁၆ နှစ်အောက် ၄ ဦး ကို ဝန်ခံကတိဖြင့် မိဘထံ အပ်နှံထားခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ထားသည်ဟု သိရသည်။
.
နန်းအေးလုံဦးဆောင်သည့်အဖွဲ့သည် ဇူလိုင်လ ၇ ရက်က တန့်ယန်း-မိုင်းကောင်သွားလမ်း ထင်းရှူးကုန်းတွင် မိန်းကလေးငယ် ၅ ဦးအား တစ်ကြိမ်လျှင် တစ်ဦးကျစီခေါ်ယူကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့်အပြင် ဖုန်းဖြင့် လူမှုကွန်ရက်မှ Live လွှင့်ကာ တင်ခဲ့ခြင်းဖြစ်ပြီး အရိုက်ခံရသူမိန်းကလေးငယ်များအနက် နန်းမွေခမ်းဆိုသူ မှာ ဒဏ်ရာ မသက်သာသဖြင့် မန္တလေးတွင် ဆေးကုသလျက်ရှိသည်ဟု အဆိုပါ ကိစ္စအား လိုက်ပါဆောင်ရွက်နေသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (လားရှိုး)မှ ဒေါ်သန်းသန်းအေးက ပြောသည်။
.
“ကျွန်မတို့က အမှန်တရားပေါ်ပေါက်စေဖို့ လိုက်ပါကူညီနေတာပါ။ အခုက မြန်မာ့လူ့အဖွဲ့အစည်းအတွက် လက်မခံသင့်တဲ့ အခြေအနေမျိုးကို ဂိုဏ်းဖွဲ့ကျူးလွန်လာတာတွေ့ရတယ်။ ဒီစရိုက်တွေက ဘယ်ကလာသလဲဆိုတာ ဆန်းစစ်ဖို့ လိုလာတယ်လို့ မြင်တယ်။ ဒါတွေကို သက်ဆိုင်ရာတွေက စိစစ်ဖို့ လိုလာပါပြီ။ အရပ်ဘက်လူမှုအဖွဲ့တွေကတော့ ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရအောင် တွန်းအားပေးသွားမှာဖြစ်တယ်” ဟု ဒေါ်သန်းသန်းအေးက ပြောသည်။
.
ယင်းကဲ့သို့ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနှင့် ပတ်သက်၍ တန့်ယန်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်နှင့် ဦးစိုင်းခမ်းမြတ်တို့က မှတ်သားလောက်သည့် ထိုက်သင့်ပြစ်ဒဏ်များ ပေးအပ်နိုင်ပါမှ နောက်နောင် အလားတူဖြစ်ရပ်မျိုးဖြစ်ပွားမလာစေရန် ထိန်းသိမ်းနိုင်မည်ဖြစ်သည်ဟု ကမ္ဘောဇတိုင်းကို ပြောကြားခဲ့သည်။
.
အဆိုပါ အုပ်စုဖွဲ့ အနိုင်ကျင့်ရိုက်နှက်မှုတွင် ပါဝင်သူ နန်းအေးလုံပါ ၇ ဦးအား တန့်ယန်းမြို့မရဲစခန်းမှ (ပ) ၄၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၂၅/ ၃၅၄/၁၁၄ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်နေပြီး ဗီဒီယိုရိုက်ကာ လူမှုကွန်ရက်ပေါ်တင်မှုနှင့် ခြိမ်းခြောက်မှုတို့အတွက် တရားစွဲတင်ရာတွင် ပါရှိနိုင်မည်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
.

No comments:

Post a Comment