မိန္းကေလးတစ္စု ဝိုင္းရိုက္ျခင္း ခံရေသာ အမ်ိဳးသမီးငယ္ မႏၱေလးတြင္ ေဆးကုသမႈခံယူမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 19, 2019

မိန္းကေလးတစ္စု ဝိုင္းရိုက္ျခင္း ခံရေသာ အမ်ိဳးသမီးငယ္ မႏၱေလးတြင္ ေဆးကုသမႈခံယူမည္


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း တန္႔ယန္းၿမိဳ႕တြင္ ဇူလိုင္ ၈ ရက္က မိန္းကေလးတစ္စု၏ ဝိုင္း႐ိုက္ျခင္းခံရေသာ အမ်ိဳးသမီးငယ္မွာ က်န္းမာေရးအေျခအေနမေကာင္းျခင္းေၾကာင့္ ဇူလိုင္ ၁၇ ရက္ နံနက္ပိုင္းက မႏၱေလးသို႔ ေဆး ကုသရန္ သြားေရာက္ခဲ႔ေၾကာင္း သိရသည္။
.
 .
တန္႔ယန္းၿမိဳ႕တြင္ အသက္ (၁၄)ႏွစ္ခန္႔ရွိေသာ အမ်ိဳးသမီးငယ္တစ္ဦးအား အမ်ိဳးသမီးအဖဲြ႔ ၇ ဦးမွ ၎ တို႔အား ၾကည့္လို႔ဟုဆိုကာ ဝိုင္းဝန္း႐ိုက္ႏွက္ခဲ႔ျခင္းေၾကာင့္ ဒဏ္ရာမ်ားရရွိခဲ႔ေၾကာင္း သိရသည္။
.
“သူတို႔ကို ၾကည့္လို႔ ဆိုၿပီးေတာ့ ေကာင္းမေလး ၇ ေယာက္က ဝိုင္းၿပီး႐ိုက္ၾကတယ္။ အခုေတာ့ အမႈဖြင့္ထား ပါတယ္။ စာၾကည့္ရင္ ေခါင္းမူးၿပီး အန္အန္ေနလို႔ မႏၱေလးကို ဆင္းၿပီးေဆးသြားကုေနပါတယ္။ ကြ်န္မတို႔က အမွန္ တရားေပၚေပါက္ဖို႔အတြက္ ကူညီေပးေနတဲ႔သူေတြပါ” ဟု ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင္႔ ပြင့္လင္း လူ႔အဖြဲ႔အစည္း (လားရိႈး)မွ ေဒၚသန္းသန္းေအးက ေျပာသည္။
.
တန္႔ယန္းၿမိဳ႕တြင္ ဇူလိုင္ ၈ ရက္က ေက်ာင္းသူတစ္ဦးအား အမ်ိဳးသမီးအဖဲြ႔တစ္ဖဲြ႔မွ ၎တို႔အား ၾကည့္ေသာ ေၾကာင့္ ဝိုင္းဝန္းရိုက္ႏွက္သည့္ ဗီဒီယိုဖိုင္အား အြန္လိုင္းတြင္ တင္ခဲ႔ရာမွ ဖမ္းဆီးအမႈဖြင့္ အေရးယူခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
“က်န္ေနတဲ႔ တစ္ေယာက္ကို ကြ်န္ေတာ္တို႔ အျမန္ဆံုးဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာေတြနဲ႔ ခ်ိတ္ဆက္ ေဆာင္ရြက္ေနပါတယ္။ ေသခ်ာေအာင္လုပ္ေနပါတယ္။ သူတစ္ေယာက္မရွိေတာ့ စဲြခ်က္တင္ဖို႔ ခက္ေနတာပါ” ဟု တန္႔ယန္းၿမိဳ႕နယ္မွ ရဲမွဴး ဝင္းေက်ာ္က ေျပာသည္။
.
အဆိုပါ ဝိုင္းဝန္း႐ိုက္ႏွက္၊ အဝတ္အစား ဆြဲခြ်တ္ျခင္းမ်ားကို လုပ္ေဆာင္ခဲ႔သူ ၇ ဦးမွ ၆ ဦးအား ဖမ္းဆီးကာ အသက္မျပည့္ေသးျခင္းေၾကာင့္ ဝန္ခံကတိျဖင့္ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္ အပ္ႏွံထားေၾကာင္း သိရသည္။ 
.
============================================================
မိန်းကလေးတစ်စု ဝိုင်းရိုက်ခြင်း ခံရသော အမျိုးသမီးငယ် မန္တလေးတွင် ဆေးကုသမှုခံယူမည်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့တွင် ဇူလိုင် ၈ ရက်က မိန်းကလေးတစ်စု၏ ဝိုင်းရိုက်ခြင်းခံရသော အမျိုးသမီးငယ်မှာ ကျန်းမာရေးအခြေအနေမကောင်းခြင်းကြောင့် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက မန္တလေးသို့ ဆေး ကုသရန် သွားရောက်ခဲ့ကြောင်း သိရသည်။
.
တန့်ယန်းမြို့တွင် အသက် (၁၄)နှစ်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးအား အမျိုးသမီးအဖွဲ့ ၇ ဦးမှ ၎င်း တို့အား ကြည့်လို့ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
.
“သူတို့ကို ကြည့်လို့ ဆိုပြီးတော့ ကောင်းမလေး ၇ ယောက်က ဝိုင်းပြီးရိုက်ကြတယ်။ အခုတော့ အမှုဖွင့်ထား ပါတယ်။ စာကြည့်ရင် ခေါင်းမူးပြီး အန်အန်နေလို့ မန္တလေးကို ဆင်းပြီးဆေးသွားကုနေပါတယ်။ ကျွန်မတို့က အမှန် တရားပေါ်ပေါက်ဖို့အတွက် ကူညီပေးနေတဲ့သူတွေပါ” ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (လားရှိုး)မှ ဒေါ်သန်းသန်းအေးက ပြောသည်။
.
တန့်ယန်းမြို့တွင် ဇူလိုင် ၈ ရက်က ကျောင်းသူတစ်ဦးအား အမျိုးသမီးအဖွဲ့တစ်ဖွဲ့မှ ၎င်းတို့အား ကြည့်သော ကြောင့် ဝိုင်းဝန်းရိုက်နှက်သည့် ဗီဒီယိုဖိုင်အား အွန်လိုင်းတွင် တင်ခဲ့ရာမှ ဖမ်းဆီးအမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ကျန်နေတဲ့ တစ်ယောက်ကို ကျွန်တော်တို့ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ သေချာအောင်လုပ်နေပါတယ်။ သူတစ်ယောက်မရှိတော့ စွဲချက်တင်ဖို့ ခက်နေတာပါ” ဟု တန့်ယန်းမြို့နယ်မှ ရဲမှူး ဝင်းကျော်က ပြောသည်။
.
အဆိုပါ ဝိုင်းဝန်းရိုက်နှက်၊ အဝတ်အစား ဆွဲချွတ်ခြင်းများကို လုပ်ဆောင်ခဲ့သူ ၇ ဦးမှ ၆ ဦးအား ဖမ်းဆီးကာ အသက်မပြည့်သေးခြင်းကြောင့် ဝန်ခံကတိဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံထားကြောင်း သိရသည်။ 
.

No comments:

Post a Comment