တန္႔ယန္းၿမိဳ႕နယ္၊ လံုးပံုရြာ ဘုန္းေတာ္ႀကီးေက်ာင္း မီးေလာင္မႈျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 16, 2019

တန္႔ယန္းၿမိဳ႕နယ္၊ လံုးပံုရြာ ဘုန္းေတာ္ႀကီးေက်ာင္း မီးေလာင္မႈျဖစ္ပြား


မင္းေဇာ္မင္း 
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ တန္႔ယန္းၿမိဳ႕နယ္၊ လံုးပံုေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဇူလိုင္လ ၁၅ ရက္ ည ၉ နာရီ ခန္႔က ဘက္ထရီအိုး ေပါက္ကြဲမႈေၾကာင့္ မီးလာင္မႈျဖစ္ပြားခဲ့ေၾကာင္း တန္႔ယန္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ သိရသည္။
.
 .
“ဘက္ထရီအိုး ထေပါက္ကြဲၿပီး တစ္ေက်ာင္းလံုးေလာင္ကၽြမ္းသြားတာပါ/ ဒါနဲ႔ဆို ၂ ႏွစ္အတြင္း ဘုန္းႀကီးေက်ာင္း မီးေလာင္တာ ၅ ေက်ာင္းေျမာက္ပါ”ဟု တန္႔ယန္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ ဦးစိုးမိုးႏိုင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ လံုးပံုရြာမွာ တန္႔ယန္းၿမိဳ႕ ရပ္ကြက္ (၉) အထြက္ ေရပူစမ္းသြားသည့္ ေျမသားလမ္းေပၚ ၄ မိုင္ခန္႔ အကြာတြင္တည္ရွိသည့္ ေက်းရြာျဖစ္ၿပီး မီးသင့္ခဲ့သည့္ဘုန္းႀကီးေက်ာင္းမွာ အလ်ား ၈၀ ေပ၊ အနံ ၆၀ ေပရွိ တစ္ေထာင္းေက်ာင္းျဖစ္ကာ ေက်ာင္းတြင္ ဘုန္းေတာ္ႀကီး တစ္ပါးႏွင့္ ကိုရင္ ၉ ပါး သီတင္းသံုးေနသည့္ ေက်ာင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ လံုးပံုရြာ ဘုန္းႀကီးေက်ာင္း အပါအဝင္ တန္႔ယန္းၿမိဳ႕နယ္တြင္ ၂၀၁၈-၂၀၁၉ ခုႏွစ္ ၂ ႏွစ္တာအတြင္း ဘုန္း ေတာ္ႀကီးေက်ာင္း မီးသင့္ေလာင္ကၽြမ္းမႈ ၅ ႀကိမ္ေျမာက္ ရွိၿပီျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ မီးသင့္ေလာင္ရာသို႔ မီးၿငႇိမ္းသတ္ယာဥ္ ၄ စီး၊ မီးသတ္တပ္ဖြဲ႕ဝင္ အင္အား ၄၀ ဦးတို႔ျဖင့္ မီးၿငႇိမ္းသတ္ခဲ့ရာ ည ၉ နာရီ ၄၀ မိနစ္တြင္ မီးထိန္းႏိုင္ခဲ့ၿပီး ၁၀ နာရီခြဲတြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။
.
============================================================
တန့်ယန်းမြို့နယ်၊ လုံးပုံရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား
.
မင်းဇော်မင်း 
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ လုံးပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ ၁၅ ရက် ည ၉ နာရီ ခန့်က ဘက်ထရီအိုး ပေါက်ကွဲမှုကြောင့် မီးလာင်မှုဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
.
“ဘက်ထရီအိုး ထပေါက်ကွဲပြီး တစ်ကျောင်းလုံးလောင်ကျွမ်းသွားတာပါ/ ဒါနဲ့ဆို ၂ နှစ်အတွင်း ဘုန်းကြီးကျောင်း မီးလောင်တာ ၅ ကျောင်းမြောက်ပါ”ဟု တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဦးစိုးမိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လုံးပုံရွာမှာ တန့်ယန်းမြို့ ရပ်ကွက် (၉) အထွက် ရေပူစမ်းသွားသည့် မြေသားလမ်းပေါ် ၄ မိုင်ခန့် အကွာတွင်တည်ရှိသည့် ကျေးရွာဖြစ်ပြီး မီးသင့်ခဲ့သည့်ဘုန်းကြီးကျောင်းမှာ အလျား ၈၀ ပေ၊ အနံ ၆၀ ပေရှိ တစ်ထောင်းကျောင်းဖြစ်ကာ ကျောင်းတွင် ဘုန်းတော်ကြီး တစ်ပါးနှင့် ကိုရင် ၉ ပါး သီတင်းသုံးနေသည့် ကျောင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လုံးပုံရွာ ဘုန်းကြီးကျောင်း အပါအဝင် တန့်ယန်းမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် ၂ နှစ်တာအတွင်း ဘုန်း တော်ကြီးကျောင်း မီးသင့်လောင်ကျွမ်းမှု ၅ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မီးသင့်လောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၄၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats