ေက်ာက္မဲၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ေျပာင္းေရႊ ႔တည္ေဆာက္ေနမႈကို အာဇာနည္ေန႔ မတိုင္မီ အၿပီး ေဆာင္ရြက္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, July 10, 2019

ေက်ာက္မဲၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ေျပာင္းေရႊ ႔တည္ေဆာက္ေနမႈကို အာဇာနည္ေန႔ မတိုင္မီ အၿပီး ေဆာင္ရြက္မည္

စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ ႔ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္တုအား ေျပာင္းေရႊ ႔ တည္ေဆာက္ေနမႈကို ယခုႏွစ္ အာဇာနည္ေန႔ မတိုင္မီ ၿပီးစီးေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ ႔နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။
.
“မူလရင္ျပင္ကို ေနရာထပ္ခ်ဲ ႔ၿပီးေတာ့ ဗုိလ္ခ်ဳပ္ေၾကး႐ုပ္ကို ေနာက္နည္းနည္း ဆုတ္လိုက္တာပါ။ လုပ္တာ ­ကေတာ့ လြန္ခဲ႔တဲ႔ ၂ ပတ္ေက်ာ္ေလာက္ကတည္းကပါ။ ကုန္က်ေငြကိုေတာ့ စည္ပင္သာယာေရးဌာနနဲ႔ ၿမိဳ ႔မိၿမိဳ ႔ဖေတြ ပူးေပါင္းၿပီး လုပ္ၾကတာပါ။ ဗိုလ္ခ်ဳပ္ ေၾကး႐ုပ္ကို အာဇာနည္ေန႔ မတိုင္ခင္ သပ္သပ္ရပ္ရပ္ ျဖစ္သြားေအာင္ လုပ္မွာပါ။ မႏွစ္က အာဇာနည္ေန႔ အခမ္းအနား က်င္းပေတာ့ ေနရာက နည္းနည္း က်ဥ္းတယ္။ ဒီႏွစ္ေတာ့ က်ယ္က်ယ္ ျပန္႔ျပန္႔ ျပည္သူေတြ ဂါရဝျပဳလုိ႔ရေအာင္ လုပ္တာပါ” ဟု ေက်ာက္မဲၿမိဳ ႔နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုးႏိုင္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.

ေက်ာက္မဲၿမိဳ ႔ရွိ ပန္းၿခံသည္ က်ဥ္းေျမာင္းေနသည့္အတြက္ အာဇာနည္ေန႔မ်ားတြင္ ျပည္သူမ်ား ဂါရဝျပဳရာ၌ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိေစေရးအတြက္ ပန္းၿခံကို ထပ္မံတိုးခ်ဲ႕ လုပ္ေဆာင္ကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုအား ယခင္ေနရာမွ ေနာက္သို႔ အနည္းငယ္ တိုးခ်ဲ႕လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ ႔နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။
.
“သက္ဆိုင္ရာ ရပ္မိရပ္ဖနဲ႔ အုပ္ခ်ဳပ္ေရးအပိုင္းက အဆင္ေျပသလို စီစဥ္သြားတယ္လို႔ ျမင္ပါတယ္။ အေစာ ပိုင္းကတည္းက ရွိၿပီးသားကို နည္းနည္း က်ယ္ေအာင္ လုပ္လုိက္တဲ႔သေဘာေနမွာပါ။ တျခားသေဘာထား မွတ္ခ်က္ေတာ့ မေပးႏိုင္ဘူး။ သူတို႔ ဘာေတြလုပ္ေနတယ္၊ ဘယ္လိုလုပ္ေနတယ္ဆိုတာကို သိပ္မသိရဘူး” ဟု ေက်ာက္မဲ ၿမိဳ ႔နယ္မဲဆႏၵနယ္အမွတ္ (၁) မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဝင္း(ခ) ဦးစိုင္းေနာ္ခမ္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုုပါ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တု တည္ေဆာက္ေနမႈကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူမ်ားက ဇူလိုင္လ ၅ ရက္တြင္ ကြင္းဆင္းၾကည့္ရႈစစ္ေဆးခဲ့ ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုႏွင့္ ပန္းၿခံ ျပဳျပင္မႈအတြက္ အလွဴေငြက်ပ္ ၁၀ သိန္း လွဴဒါန္းခဲ႔ေၾကာင္း သိရသည္။
.
ကျောက်မဲမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ပြောင်းရွှေ့တည်ဆောက်နေမှုကို အာဇာနည်နေ့ မတိုင်မီ အပြီး ဆောင်ရွက်မည်
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ပြောင်းရွှေ့ တည်ဆောက်နေမှုကို ယခုနှစ် အာဇာနည်နေ့ မတိုင်မီ ပြီးစီးအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
“မူလရင်ပြင်ကို နေရာထပ်ချဲ့ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်ကို နောက်နည်းနည်း ဆုတ်လိုက်တာပါ။ လုပ်တာ ¬ကတော့ လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်ကတည်းကပါ။ ကုန်ကျငွေကိုတော့ စည်ပင်သာယာရေးဌာနနဲ့ မြို့မိမြို့ဖတွေ ပူးပေါင်းပြီး လုပ်ကြတာပါ။ ဗိုလ်ချုပ် ကြေးရုပ်ကို အာဇာနည်နေ့ မတိုင်ခင် သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် လုပ်မှာပါ။ မနှစ်က အာဇာနည်နေ့ အခမ်းအနား ကျင်းပတော့ နေရာက နည်းနည်း ကျဉ်းတယ်။ ဒီနှစ်တော့ ကျယ်ကျယ် ပြန့်ပြန့် ပြည်သူတွေ ဂါရဝပြုလို့ရအောင် လုပ်တာပါ” ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောက်မဲမြို့ရှိ ပန်းခြံသည် ကျဉ်းမြောင်းနေသည့်အတွက် အာဇာနည်နေ့များတွင် ပြည်သူများ ဂါရဝပြုရာ၌ ကျယ်ကျယ်ပြန့်ပြန့် ရှိစေရေးအတွက် ပန်းခြံကို ထပ်မံတိုးချဲ့ လုပ်ဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား ယခင်နေရာမှ နောက်သို့ အနည်းငယ် တိုးချဲ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
.

“သက်ဆိုင်ရာ ရပ်မိရပ်ဖနဲ့ အုပ်ချုပ်ရေးအပိုင်းက အဆင်ပြေသလို စီစဉ်သွားတယ်လို့ မြင်ပါတယ်။ အစော ပိုင်းကတည်းက ရှိပြီးသားကို နည်းနည်း ကျယ်အောင် လုပ်လိုက်တဲ့သဘောနေမှာပါ။ တခြားသဘောထား မှတ်ချက်တော့ မပေးနိုင်ဘူး။ သူတို့ ဘာတွေလုပ်နေတယ်၊ ဘယ်လိုလုပ်နေတယ်ဆိုတာကို သိပ်မသိရဘူး” ဟု ကျောက်မဲ မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း(ခ) ဦးစိုင်းနော်ခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဇူလိုင်လ ၅ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ပန်းခြံ ပြုပြင်မှုအတွက် အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats