ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ အထင္ကရဘုရား ပရိဝုဏ္မ်ားအတြင္း ေဆးလိပ္ေငြ႕ကင္းစင္ နယ္ေျမအျဖစ္ ေၾကညာႏိုင္ရန္ ေဆာင္ရြက္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, July 25, 2019

ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ အထင္ကရဘုရား ပရိဝုဏ္မ်ားအတြင္း ေဆးလိပ္ေငြ႕ကင္းစင္ နယ္ေျမအျဖစ္ ေၾကညာႏိုင္ရန္ ေဆာင္ရြက္ေန


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ အထင္ကရဘုရား၊ ေစတီမ်ား၏ ပရိဝုဏ္မ်ားအတြင္း ေဆးလိပ္ေငြ႕ကင္းစင္ နယ္ေျမအျဖစ္ ယခုႏွစ္ကုန္ပိုင္းတြင္ ေၾကညာႏိုင္ရန္ အတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ စီစဥ္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိ ရသည္။
.
 .
ယခု ႏွစ္ကုန္ပိုင္းတြင္ ေတာင္ႀကီး ၿမိဳ႕နယ္အတြင္းရွိ အထင္ကရဘုရား၊ ေစတီမ်ားျဖစ္ေသာ ေရႊဘုန္းပြင့္ေစတီ၊ စူဠာမုနိေစတီ၊ ကကၠဴဘုရားႏွင့္ ေတာင္ႀကီးၿမိဳ႕လယ္ဓမၼာ႐ံု ေနရာမ်ားတြင္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမ အျဖစ္ ေၾကညာႏိုင္ရန္ လုပ္ေဆာင္ေန ေၾကာင္း သိရသည္။
.
"ေၾကညာႏိုင္ဖို႔ လုပ္ေဆာင္ေနတုန္းပဲ ရွိပါေသးတယ္။ တစ္ျပည္နယ္လံုးမွာ ေၾကညာၿပီးထားတာက ေရႊဥမင္ ဘုရားပဲ ရွိေသးတယ္" ဟု ရွမ္း ျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ကေမၻာဇတိုင္းသို႕ ေျပာသည္။
.
ႏိုင္ငံသား၊ ႏိုင္ငံသူမ်ား အေန ျဖင့္ ေဆးလိပ္ေငြ႕ကင္းစင္ေသာ ေလ ေကာင္းေလသန္႔ကို ႐ွဴ႐ိႈက္ခြင့္ရရန္၊ က်န္းမာႀကံ႕ခိုင္သည့္သူမ်ား ျဖစ္ၿပီး မူးယစ္ကင္းစင္ေသာ လူ႕ေဘာင္ အသိုင္းအဝိုင္းျဖစ္ရန္ ရည္ရြယ္ခ်က္ျဖင့္ လုပ္ေဆာင္ေနကာ ရွမ္းျပည္နယ္ အတြင္းရွိေနရာ ၁၀၄ ခုကိုလည္း ေဆး လိပ္ေငြ႕ကင္းစင္နယ္ေျမ အျဖစ္သတ္ မွတ္ႏိုင္ရန္ အဆင့္ဆင့္ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္တြင္ ေဆးလိပ္ေငြ႕ ကင္းစင္နယ္ေျမ အျဖစ္ ထပ္မံေၾက ညာႏိုင္ရန္ လုပ္ေဆာင္ေနသည့္ ေနရာမ်ားမွာ ပင္လံုၿမိဳ႕ရွိ ေတာင္တန္း-ျပည္မ ေပါင္းစည္းေရးေက်ာက္တိုင္၊ ႏိုင္ငံျခားသားမ်ား အလည္အပတ္မ်ားေသာ ကေလာၿမိဳ႕နယ္အတြင္းရွိ ႏွီးဘုရားႏွင့္ ျမင္းမထိဂူ၊ သီေပါၿမိဳ႕နယ္ အတြင္းရွိ ေဘာ္ႀကိဳဘုရား၊ လား႐ိႈးၿမိဳ႕ ရွိ ရန္တိုင္းေအာင္ဘုရား စသည့္ ေနရာမ်ားကို ဦးစားေပး အေနျဖင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ လုပ္ေဆာင္ ေနေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္တြင္ ေဆးလိပ္ေငြ႕ ကင္းစင္ ရွမ္းျပည္တစ္ခြင္ ေခါင္းစဥ္ ျဖင့္ လႈပ္ရွားမႈမ်ား ေဆာင္ရြက္လ်က္ ရွိရာ ၂၀၁၇ ခုႏွစ္ ဩဂုတ္လ ၆ ရက္ က ပင္းတယၿမိဳ႕ရွိ ေရႊဥမင္ဘုရားတြင္ ေဆးလိပ္ေငြ႕ ကင္းစင္နယ္ေျမအျဖစ္ ေၾကညာႏိုင္ခဲ႔ၿပီး ေရႊဥမင္လိုဏ္ဂူကို ဗီယက္နမ္ႏိုင္ငံတြင္ ႏိုဝင္ဘာလ ၂၁ ရက္က က်င္းပျပဳလုပ္ခဲ့သည့္ (၆)ႀကိမ္ ေျမာက္ အာရွ-ပစိဖိတ္ေဒသဆိုင္ရာ ေဆးလိပ္ေငြ႕ကင္းစင္ ၿမိဳ႕ေတာ္မ်ား ညီလာခံမွ SEATCA Smoke Free Award ဆု ခ်ီးျမႇင့္ခံရၿပီး အဆိုပါလႈပ္ ရွားမႈအတြက္ ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕မွ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ ဆုရရွိခဲ႔ေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့နယ်အတွင်းရှိ အထင်ကရဘုရား ပရိဝုဏ်များအတွင်း ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် ကြေညာနိုင်ရန် ဆောင်ရွက်နေ
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ အထင်ကရဘုရား၊ စေတီများ၏ ပရိဝုဏ်များအတွင်း ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် ယခုနှစ်ကုန်ပိုင်းတွင် ကြေညာနိုင်ရန် အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
.
ယခု နှစ်ကုန်ပိုင်းတွင် တောင်ကြီး မြို့နယ်အတွင်းရှိ အထင်ကရဘုရား၊ စေတီများဖြစ်သော ရွှေဘုန်းပွင့်စေတီ၊ စူဠာမုနိစေတီ၊ ကက္ကူဘုရားနှင့် တောင်ကြီးမြို့လယ်ဓမ္မာရုံ နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ အဖြစ် ကြေညာနိုင်ရန် လုပ်ဆောင်နေ ကြောင်း သိရသည်။
.
"ကြေညာနိုင်ဖို့ လုပ်ဆောင်နေတုန်းပဲ ရှိပါသေးတယ်။ တစ်ပြည်နယ်လုံးမှာ ကြေညာပြီးထားတာက ရွှေဥမင် ဘုရားပဲ ရှိသေးတယ်" ဟု ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံသား၊ နိုင်ငံသူများ အနေ ဖြင့် ဆေးလိပ်ငွေ့ကင်းစင်သော လေ ကောင်းလေသန့်ကို ရှူရှိုက်ခွင့်ရရန်၊ ကျန်းမာကြံ့ခိုင်သည့်သူများ ဖြစ်ပြီး မူးယစ်ကင်းစင်သော လူ့ဘောင် အသိုင်းအဝိုင်းဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကာ ရှမ်းပြည်နယ် အတွင်းရှိနေရာ ၁၀၄ ခုကိုလည်း ဆေး လိပ်ငွေ့ကင်းစင်နယ်မြေ အဖြစ်သတ် မှတ်နိုင်ရန် အဆင့်ဆင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ အဖြစ် ထပ်မံကြေ ညာနိုင်ရန် လုပ်ဆောင်နေသည့် နေရာများမှာ ပင်လုံမြို့ရှိ တောင်တန်း-ပြည်မ ပေါင်းစည်းရေးကျောက်တိုင်၊ နိုင်ငံခြားသားများ အလည်အပတ်များသော ကလောမြို့နယ်အတွင်းရှိ နှီးဘုရားနှင့် မြင်းမထိဂူ၊ သီပေါမြို့နယ် အတွင်းရှိ ဘော်ကြိုဘုရား၊ လားရှိုးမြို့ ရှိ ရန်တိုင်းအောင်ဘုရား စသည့် နေရာများကို ဦးစားပေး အနေဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုပ်ဆောင် နေကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် ဆေးလိပ်ငွေ့ ကင်းစင် ရှမ်းပြည်တစ်ခွင် ခေါင်းစဉ် ဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်လျက် ရှိရာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၆ ရက် က ပင်းတယမြို့ရှိ ရွှေဥမင်ဘုရားတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် ကြေညာနိုင်ခဲ့ပြီး ရွှေဥမင်လိုဏ်ဂူကို ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် (၆)ကြိမ် မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆေးလိပ်ငွေ့ကင်းစင် မြို့တော်များ ညီလာခံမှ SEATCA Smoke Free Award ဆု ချီးမြှင့်ခံရပြီး အဆိုပါလှုပ် ရှားမှုအတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုရရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment