က်ိဳင္းတံုတြင္ အေသးစားလုပ္ငန္း မွတ္ပံုတင္ ျပဳလုပ္သူ ၁ဝဝ ေက်ာ္ထိ ရွိလာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, July 12, 2019

က်ိဳင္းတံုတြင္ အေသးစားလုပ္ငန္း မွတ္ပံုတင္ ျပဳလုပ္သူ ၁ဝဝ ေက်ာ္ထိ ရွိလာ


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ အေသးစားစက္မႈလက္မႈ လုပ္ငန္း မွတ္ပံုတင္ ျပဳလုပ္သူ ၁ဝဝ ေက်ာ္ ရွိလာေနၿပီး ေဒသတြင္းရွိ အျခားေသာ ၿမိဳ႕နယ္မ်ားမွ လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ယင္းကဲ့သို႔ လုပ္ငန္း မွတ္ပံုတင္ျပဳလုပ္ရန္ လိုအပ္ေနေၾကာင္း က်ိဳင္းတံုခ႐ိုင္စားသံုးသူေရးရာ ဦးစီးဌာနမွ သိရသည္။
.
က်ိဳင္းတံုၿမိဳ႕ရွိ အေသးစား စက္မႈလက္မႈ လုပ္ငန္း မွတ္ပံုတင္ ေလွ်ာက္ထားသည့္ စားေသာက္ကုန္ လုပ္ငန္းရွင္ ၁၂ ဦး၏ လုပ္ငန္း မွတ္ပံုတင္မ်ား ဓာတ္ခြဲ စမ္းသပ္အေျဖအား ယခုလ အတြင္း ေပးပို႔ လာၿပီးေနာက္ က်ိဳင္းတံုခ႐ိုင္ စားသံုးသူေရးရာဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးသန္းစိုးက ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
.
''သက္ဆိုင္ရာဌာနမ်ားရဲ႕ ဓာတ္ခြဲ စစ္ေဆးၿပီး ေထာက္ခံခ်က္ လက္မွတ္ ရရွိေရး ကူညီ ေဆာင္ရြက္ေပးခဲ့တာမွာ အခု လုပ္ငန္းရွင္ ၁၂ ဦး ထပ္မံ ရရွိၿပီးျဖစ္သလို က်ိဳင္းတံုခ႐ိုင္အတြင္းမွာ လုပ္ငန္းရွင္ ၁ဝဝ ေက်ာ္ကို ေထာက္ခံခ်က္မွတ္ပံုတင္ ရရွိေအာင္ ေဆာင္ရြက္ေပးၿပီး ျဖစ္တာမို႔ လက္မွတ္ ရရွိတဲ့ လုပ္ငန္းေတြရဲ႕ ထုတ္ကုန္ေတြကို စားသံုးသူ ျပည္သူမ်ား ယံုၾကည္စိတ္ခ်စြာ စားသံုးႏိုင္ပါၿပီ။ စူပါမားကက္ႀကီးေတြမွာ ဒီလို လက္မွတ္ မရွိရင္ ေရာင္းလို႔ ေတာင္ မရပါဘူး'' ဟု ဦးသန္းစိုးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
လက္ရွိ မွတ္ပံုတင္ႏွင့္ ဓာတ္ခြဲစစ္ေဆးခ်က္ ရရွိသည့္ လုပ္ငန္းမ်ားမွာ အကယ္ဒမီေျမပဲဆီလုပ္ငန္း၊ စူပါစတား ဘာလေခ်ာင္ေၾကာ္လုပ္ငန္း၊ ေရႊလက္ရာ လက္ဖက္ႏွပ္လုပ္ငန္း၊ ျမႇားနတ္ေမာင္ လက္ဖက္ ပဲေၾကာ္ႏွင့္ ၾကက္သြန္ေၾကာ္လုပ္ငန္း၊ ဧကရာဇ္ႏွစ္ျပန္ေၾကာ္လုပ္ငန္း၊ ဝယ္ေပးေနာ္ ေရႊလက္ေဆာင္ ႏွစ္ျပန္ေၾကာ္ လုပ္ငန္း၊ ၾကယ္စင္ခ ေနၾကာေစ့ လုပ္ငန္း၊ ေအာင္ကိုလတ္ ဗီတာမင္ေျမပဲဆား ေလွာ္လုပ္ငန္း၊ ၿဖိဳးငါးမုန္႔ေၾကာ္လုပ္ငန္း၊ Ather Coffee လုပ္ငန္း၊ JN ပန္းကန္ေဆးဆပ္ျပာဆီ လုပ္ငန္း တို႔ ျဖစ္ေၾကာင္း သိရသည္။
.
'' မိမိ ေဒသမွာ ကုန္ထုတ္လုပ္ငန္း လုပ္ေနတဲ့ လုပ္ငန္းရွင္ေတြ အေနနဲ႔ အႏၲရာယ္ကင္းတဲ့ လူသံုး ကုန္ေတြကိုသာ မွတ္ပံုတင္ေပးတာ ျဖစ္လို႔ စားသံုးသူ ျပည္သူေတြ အႏၲရာယ္ကင္းကင္း သံုးစြဲႏိုင္ဖို႔ လုပ္ထားသင့္ပါတယ္။ SME ရင္းႏွီးမတည္ေငြ ရရွိဖို႔ကလည္း ဒီမွတ္ပံုတင္ ရွိမွသာ ျဖစ္ပါတယ္။'' ဟု ေတာင္ႀကီးၿမိဳ႕ရွိ အေသးစား စက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနမွ ျပည္နယ္ဦးစီးမွဴး ဦးသက္ႏိုင္ဦးက ဆိုသည္။
.
အဆိုပါ မွတ္ပံုတင္ လက္မွတ္ ရရွိရန္အတြက္ ထုတ္ကုန္မ်ားကို ျပည္နယ္႐ံုးခြဲမွ ဓာတ္ခြဲစမ္းသပ္မႈ ျပဳလုပ္ကာ သတ္မွတ္စံခ်ိန္ စံၫႊန္းမ်ားႏွင့္ ျပည့္စံု ကိုက္ညီသည့္ လုပ္ငန္းကို မွတ္ပံုတင္ ထုတ္ေပးႏိုင္ေရးအတြက္ လုပ္ ငန္းရွင္၏ လုိင္စင္ဓာတ္ပံု ၅ ပံု၊ အိမ္ေထာင္စု မိတၲဴ ၂ ေစာင္၊ ႏိုင္ငံသား စိစစ္ေရးကတ္ မိတၲဴ ၂ ေစာင္၊ ရပ္ကြက္ ေထာက္ခံစာ (မရင္း)၊ လုပ္ငန္းေဆာင္ ရြက္ေနမႈ အဆင့္ဆင့္ မွတ္တမ္း ဓာတ္ပံု ၃ ပံုခန္႔၊ အလုပ္သမား အနည္းဆံုး ၃ ဦး၏ အမည္၊ မွတ္ပံုတင္၊ ပညာ အရည္အခ်င္းတို႔ျဖင့္ ျပည္နယ္႐ံုးသို႔ ေပးပို႔ရမည္ ျဖစ္ၿပီး အခ်က္အလက္ ျပည့္စံုပါက  တစ္လအတြင္း လုပ္ငန္းမွတ္ပံုတင္ႏွင့္ ဓာတ္ခြဲ စစ္ေဆးခ်က္ ေထာက္ခံခ်က္တို႔ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။
.
အေသးစား စက္မႈလက္မႈ လုပ္ငန္း မွတ္ပံုတင္ကို ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးမွ ဥကၠဌအျဖစ္ ေဆာင္ရြက္ၿပီး SME ျပည္နယ္မွဴးမွ အတြင္းေရးမွဴးအျဖစ္ တာဝန္ယူေနသည့္ အိမ္တြင္း စက္မႈလက္မႈလုပ္ငန္း ေကာ္မတီမွ အစည္းအေဝး ဆံုးျဖတ္ကာ ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။
.
အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွာ ေတာင္ႀကီးၿမိဳ႕၌သာ ရွိသျဖင့္ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕မ်ားမွ လုပ္ငန္းရွင္မ်ား၏ ဆက္သြယ္အကူအညီ ေတာင္းခံခ်က္မ်ားကို စားသံုးသူေရးရာ ဦးစီးဌာနမ်ားမွ ကူညီေဆာင္ရြက္ေပးလ်က္ရွိရာ လုပ္ငန္းရွင္မ်ားအေနျဖင့္ နီးစပ္ရာ စားသံုးသူေရးရာ ဦးစီးဌာနမ်ားသို႔ ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ေၾကာင္း သိရသည္။

 ================
ကျိုင်းတုံတွင် အသေးစားလုပ်ငန်း မှတ်ပုံတင် ပြုလုပ်သူ ၁ဝဝ ကျော်ထိ ရှိလာ
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အသေးစားစက်မှုလက်မှု လုပ်ငန်း မှတ်ပုံတင် ပြုလုပ်သူ ၁ဝဝ ကျော် ရှိလာနေပြီး ဒေသတွင်းရှိ အခြားသော မြို့နယ်များမှ လုပ်ငန်းရှင်များအနေဖြင့်လည်း ယင်းကဲ့သို့ လုပ်ငန်း မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်နေကြောင်း ကျိုင်းတုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
.
ကျိုင်းတုံမြို့ရှိ အသေးစား စက်မှုလက်မှု လုပ်ငန်း မှတ်ပုံတင် လျှောက်ထားသည့် စားသောက်ကုန် လုပ်ငန်းရှင် ၁၂ ဦး၏ လုပ်ငန်း မှတ်ပုံတင်များ ဓာတ်ခွဲ စမ်းသပ်အဖြေအား ယခုလ အတွင်း ပေးပို့ လာပြီးနောက် ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
''သက်ဆိုင်ရာဌာနများရဲ့ ဓာတ်ခွဲ စစ်ဆေးပြီး ထောက်ခံချက် လက်မှတ် ရရှိရေး ကူညီ ဆောင်ရွက်ပေးခဲ့တာမှာ အခု လုပ်ငန်းရှင် ၁၂ ဦး ထပ်မံ ရရှိပြီးဖြစ်သလို ကျိုင်းတုံခရိုင်အတွင်းမှာ လုပ်ငန်းရှင် ၁ဝဝ ကျော်ကို ထောက်ခံချက်မှတ်ပုံတင် ရရှိအောင် ဆောင်ရွက်ပေးပြီး ဖြစ်တာမို့ လက်မှတ် ရရှိတဲ့ လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို စားသုံးသူ ပြည်သူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါပြီ။ စူပါမားကက်ကြီးတွေမှာ ဒီလို လက်မှတ် မရှိရင် ရောင်းလို့ တောင် မရပါဘူး'' ဟု ဦးသန်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိ မှတ်ပုံတင်နှင့် ဓာတ်ခွဲစစ်ဆေးချက် ရရှိသည့် လုပ်ငန်းများမှာ အကယ်ဒမီမြေပဲဆီလုပ်ငန်း၊ စူပါစတား ဘာလချောင်ကြော်လုပ်ငန်း၊ ရွှေလက်ရာ လက်ဖက်နှပ်လုပ်ငန်း၊ မြှားနတ်မောင် လက်ဖက် ပဲကြော်နှင့် ကြက်သွန်ကြော်လုပ်ငန်း၊ ဧကရာဇ်နှစ်ပြန်ကြော်လုပ်ငန်း၊ ဝယ်ပေးနော် ရွှေလက်ဆောင် နှစ်ပြန်ကြော် လုပ်ငန်း၊ ကြယ်စင်ခ နေကြာစေ့ လုပ်ငန်း၊ အောင်ကိုလတ် ဗီတာမင်မြေပဲဆား လှော်လုပ်ငန်း၊ ဖြိုးငါးမုန့်ကြော်လုပ်ငန်း၊ Ather Coffee လုပ်ငန်း၊ JN ပန်းကန်ဆေးဆပ်ပြာဆီ လုပ်ငန်း တို့ ဖြစ်ကြောင်း သိရသည်။
.
'' မိမိ ဒေသမှာ ကုန်ထုတ်လုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အန္တရာယ်ကင်းတဲ့ လူသုံး ကုန်တွေကိုသာ မှတ်ပုံတင်ပေးတာ ဖြစ်လို့ စားသုံးသူ ပြည်သူတွေ အန္တရာယ်ကင်းကင်း သုံးစွဲနိုင်ဖို့ လုပ်ထားသင့်ပါတယ်။ SME ရင်းနှီးမတည်ငွေ ရရှိဖို့ကလည်း ဒီမှတ်ပုံတင် ရှိမှသာ ဖြစ်ပါတယ်။'' ဟု တောင်ကြီးမြို့ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ဆိုသည်။
.
အဆိုပါ မှတ်ပုံတင် လက်မှတ် ရရှိရန်အတွက် ထုတ်ကုန်များကို ပြည်နယ်ရုံးခွဲမှ ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်ကာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ပြည့်စုံ ကိုက်ညီသည့် လုပ်ငန်းကို မှတ်ပုံတင် ထုတ်ပေးနိုင်ရေးအတွက် လုပ် ငန်းရှင်၏ လိုင်စင်ဓာတ်ပုံ ၅ ပုံ၊ အိမ်ထောင်စု မိတ္တူ ၂ စောင်၊ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ၂ စောင်၊ ရပ်ကွက် ထောက်ခံစာ (မူရင်း)၊ လုပ်ငန်းဆောင် ရွက်နေမှု အဆင့်ဆင့် မှတ်တမ်း ဓာတ်ပုံ ၃ ပုံခန့်၊ အလုပ်သမား အနည်းဆုံး ၃ ဦး၏ အမည်၊ မှတ်ပုံတင်၊ ပညာ အရည်အချင်းတို့ဖြင့် ပြည်နယ်ရုံးသို့ ပေးပို့ရမည် ဖြစ်ပြီး အချက်အလက် ပြည့်စုံပါက  တစ်လအတွင်း လုပ်ငန်းမှတ်ပုံတင်နှင့် ဓာတ်ခွဲ စစ်ဆေးချက် ထောက်ခံချက်တို့ ရရှိမည်ဖြစ်ကြောင်း သိရသည်။
.
အသေးစား စက်မှုလက်မှု လုပ်ငန်း မှတ်ပုံတင်ကို ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး SME ပြည်နယ်မှူးမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသည့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ကော်မတီမှ အစည်းအဝေး ဆုံးဖြတ်ကာ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှာ တောင်ကြီးမြို့၌သာ ရှိသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့များမှ လုပ်ငန်းရှင်များ၏ ဆက်သွယ်အကူအညီ တောင်းခံချက်များကို စားသုံးသူရေးရာ ဦးစီးဌာနများမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် နီးစပ်ရာ စားသုံးသူရေးရာ ဦးစီးဌာနများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats