ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ျပန္လည္အသက္ဝင္လာေစရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း RCSS မွ ထုတ္ျပန္ေၾကညာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 28, 2019

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ျပန္လည္အသက္ဝင္လာေစရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း RCSS မွ ထုတ္ျပန္ေၾကညာ


မင္းေဇာ္မင္း
.
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ျပန္လည္အသက္ ဝင္လာေစရန္ တစ္ဆို႔ေနမႈမ်ားကို ေက်ာ္လႊား၍ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ဆက္လက္ညႇိႏိႈင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ဇူလိုင္လ ၂၄ ရက္က သေဘာထားေၾကညာခ်က္တစ္ရပ္ကို ထုတ္ျပန္ေၾကညာခဲ့သည္။
.
.
ထို႔အျပင္ ဇူလိုင္လ ၂၁ ရက္မွ ၂၃ ရက္အထိ RCSS ဗဟိုဌာနခ်ဳပ္၊ လြယ္တိုင္းလ်န္တြင္ ျပဳလုပ္ခဲ့သည့္ ၆ လပတ္ အစည္းအေဝးမွ လုပ္ငန္းစဥ္ ၇ ရပ္ကို ခ်မွတ္ႏိုင္ခဲ့ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။
.
အဆိုပါ ေၾကညာခ်က္တြင္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေလ့လာေစာင့္ၾကည့္ေရးေကာ္မတီ အ ဆင့္ဆင့္၏ လုပ္ငန္းလမ္းၫႊန္မ်ား ျပင္ဆင္ျဖည့္စြက္ေရးအတြက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး ဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီတြင္ ေဆြးေႏြးႏိုင္ေရး စတုတၳအႀကိမ္ ၂၁ ရာစုပင္လံု ျပည္ေထာင္စုၿငိမ္းခ်မ္း  ေရးညီလာခံ က်င္းပမည္ ဆိုပါက ၂၀၁၉ ခုႏွစ္အတြင္း ရွမ္းအမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပႏိုင္ေရး၊ ျပည္သူလူထု လူေနမႈဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ စိုက္ပ်ိဳးေမြးျမဴေရး၊ လမ္း ပန္းဆက္သြယ္ေရး၊ ေရ/မီးရရွိေရး၊ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးတို႔ႏွင့္ ပတ္သက္၍ တတ္ႏိုင္သမွ် ႀကိဳးပမ္းေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
.
RCSS သည္ ရွမ္းျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC) အဆင့္တြင္ မွ်တမႈမရွိ ဟုဆိုကာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလက ယင္းအစည္းအေဝးမ်ားတက္ေရာက္ျခင္းကို ယာယီရပ္ဆိုင္း ေၾကာင္း ေၾကညာထားခဲ့ရာ ယခုအခါ ၎တို႔ ျပင္ဆင္ျဖည့္စြက္လိုသည္မ်ားကို အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ေတြ႕ဆံု  ေဆြးေႏြး တင္ျပထားၿပီးျဖစ္သည့္အတြက္ JMC အစည္းအေဝးမ်ားကို တက္ေရာက္သြားမည္ဟု သိရသည္။
.
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္ RCSS/SSA သည္ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို ပထမဆံုး လက္မွတ္ေရးထိုးသည့္ လက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕တြင္ တစ္ခု အပါအ၀င္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်အသက်ဝင်လာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း RCSS မှ ထုတ်ပြန်ကြေညာ
.
မင်းဇော်မင်း
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်အသက် ဝင်လာစေရန် တစ်ဆို့နေမှုများကို ကျော်လွှား၍ အစိုးရ၊ တပ်မတော်တို့နှင့်ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၄ ရက်က သဘောထားကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
.
ထို့အပြင် ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်အထိ RCSS ဗဟိုဌာနချုပ်၊ လွယ်တိုင်းလျန်တွင် ပြုလုပ်ခဲ့သည့် ၆ လပတ် အစည်းအဝေးမှ လုပ်ငန်းစဉ် ၇ ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
အဆိုပါ ကြေညာချက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ အ ဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်များ ပြင်ဆင်ဖြည့်စွက်ရေးအတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ဆွေးနွေးနိုင်ရေး စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်း  ရေးညီလာခံ ကျင်းပမည် ဆိုပါက ၂၀၁၉ ခုနှစ်အတွင်း ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ ပြည်သူလူထု လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်း ပန်းဆက်သွယ်ရေး၊ ရေ/မီးရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့နှင့် ပတ်သက်၍ တတ်နိုင်သမျှ ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
RCSS သည် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်တွင် မျှတမှုမရှိ ဟုဆိုကာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ယင်းအစည်းအဝေးများတက်ရောက်ခြင်းကို ယာယီရပ်ဆိုင်း ကြောင်း ကြေညာထားခဲ့ရာ ယခုအခါ ၎င်းတို့ ပြင်ဆင်ဖြည့်စွက်လိုသည်များကို အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံ  ဆွေးနွေး တင်ပြထားပြီးဖြစ်သည့်အတွက် JMC အစည်းအဝေးများကို တက်ရောက်သွားမည်ဟု သိရသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ပထမဆုံး လက်မှတ်ရေးထိုးသည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment