စာဖတ္ရွိန္ျမႇင့္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) မွ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ေတာင္ႀကီး) တြင္ စာေပ ဆိုင္ရာမ်ား ေဆြးေႏြးေဟာေျပာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, July 21, 2019

စာဖတ္ရွိန္ျမႇင့္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) မွ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ေတာင္ႀကီး) တြင္ စာေပ ဆိုင္ရာမ်ား ေဆြးေႏြးေဟာေျပာ


ကိုစိုး (ကေမ႓ာဇတိုင္း)
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕ရွိ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ေတာင္ႀကီး) တြင္ ဇူလိုင္လ ၁၈ ရက္၊ နံနက္ပိုင္းက စာဖတ္ရွိန္ျမႇင့္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) မွ စာေရးဆရာ မ်ားက ေက်ာင္းသား/ေက်ာင္းသူမ်ားအား စာဖတ္ျခင္းဆိုင္ရာ အေလ့အထ တိုးပြားလာေစေရးအတြက္ စာေပဆိုင္ ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးေဟာေျပာခဲ့ေၾကာင္း သိရသည္။
.
 .
ထိုသို႔ ေဟာေျပာရာတြင္ စာဖတ္ရွိန္ျမႇင္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) မွ အဖြဲ႕ဝင္ စာေရးဆရာမ်ား ျဖစ္ၾကေသာ ဆရာလိႈင္းနႏၵာ (တမာေျမ)၊ ဆရာေကာင္းျမင့္ျမတ္စိန္၊ ကိုတူး (ေအးသာယာ) ႏွင့္ စာဖတ္ရွိန္ျမႇင္တင္ ေရးကြန္ရက္ (ရွမ္းျပည္နယ္) ၏ ဥကၠဌ ဦးေအာင္ဆန္းဝင္းတို႔က ေက်ာင္းသား/သူမ်ားအား စာေပဖတ္႐ႈျခင္း၏ အ က်ိဳး အျပစ္မ်ား၊ စာဖတ္နည္း၊ လူမႈကြန္ရက္အြန္လိုင္း အသံုးျပဳမႈ၏ ေကာင္းက်ိဳးဆိုးျပစ္မ်ားကို ေဆြးေႏြးေဟာေျပာ ခဲ့ၿပီး ေက်ာင္းသား/သူမ်ား၏ သိရွိလိုသည့္ ေမးခြန္းေမးျမန္းမႈမ်ားကို ျပန္လည္ေျဖၾကားေပးခဲ့ေၾကာင္း သိရသည္။
.
“ဒီဘက္ေခတ္မွာ အထူးသျဖင့္ လူငယ္ေတြ စာေပဖတ္႐ႈတာ အေတာ္နည္းလာတာကို ေတြ႕ရတယ္။ ဒီ လူငယ္ေတြဆိုတာ တိုင္းျပည္ရဲ႕ အနာဂတ္ပါပဲ။ သူတို႔ေလးေတြ စာဖတ္မွ တိုင္းျပည္အနာဂတ္ ေကာင္းမွာပါ။ စမတ္ ဖုန္းေတြနဲ႔ နည္းပညာေတြ အရမ္းတိုးတက္လာေတာ့ လူငယ္ေတြက နည္းပညာေနာက္ကိုပဲ လိုက္ၿပီးေတာ့ စာအုပ္ ဖတ္ရမယ္ဆိုတာ မသိေတာ့ဘူး။ ကၽြန္ေတာ္ကိုယ္တိုင္ စာအုပ္အငွားဆိုင္ ဖြင့္ထားတာ စဖြင့္တုန္းကဆိုရင္ တစ္ရက္ကို အုပ္ေရ ၁၅၀ နဲ႔ ၂၀၀ ၾကား ငွားရတယ္။ အခုေတာ့ တစ္ေနကုန္ေနလို႔မွ တစ္အုပ္ မငွားရေတာ့ပါဘူး။ ကေလးေတြကို စာေပဖတ္႐ႈခ်င္စိတ္ေတြ ေပၚလာေအာင္ အခုလို ေဆြးေႏြးပြဲကို ျပဳလုပ္ရတာျဖစ္ပါတယ္” ဟု စာ ဖတ္႐ွိန္ျမႇင့္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) ဥကၠဌ ဦးေအာင္ဆန္းဝင္းက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
ေဆြးေႏြးပြဲအၿပီးတြင္ စာဖတ္ရွိန္ျမႇင္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) ႏွင့္ စာေရးဆရာလိႈင္းနႏၵာ (တမာေျမ)၊ ဆရာ ေကာင္းျမင့္ျမတ္စိန္တို႔က အစိုးရနည္းပညာအထက္တန္းေက်ာင္း (ေတာင္ႀကီး) အတြက္ စာအုပ္၊ စာေစာင္မ်ားကို လွဴဒါန္းေပးရာ ေက်ာင္းအုပ္ႀကီး ဦးသာတင္ၫြန္႔မွ လက္ခံရယူခဲ့ၿပီး ေဟာေျပာေဆြးေႏြးခဲ့ေသာ စာေရးဆရာမ်ားအား အမွတ္တရလက္ေဆာင္မ်ား ျပန္လည္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ ေဆြးေႏြးပြဲသို႔ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ေတာင္ႀကီး) မွ ေက်ာင္းအုပ္ဆရာႀကီးႏွင့္ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/သူမ်ား စုစုေပါင္း ၃၀၀ ဦးခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
စာဖတ္ရွိန္ျမႇင့္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္) အေနျဖင့္ လာမည့္ ဇူလိုင္လ ၂၉ ရက္တြင္လည္း ေတာင္ ႀကီးၿမိဳဳ႕ေပၚရွိ အေျခခံပညာအလယ္တန္းေက်ာင္းတစ္ခုတြင္ ယင္းကဲ့သို႔ စာေပဆိုင္ရာ ေဟာေျပာေဆြးေႏြးပြဲတစ္ခု က်င္းပျပဳလုပ္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
စာဖတ္ရွိန္ျမႇင့္တင္ေရးကြန္ရက္ (ရွမ္းျပည္နယ္)ကို ၂ဝ၁၇ ခုႏွစ္၊ ေမလတြင္ ရွမ္းျပည္နယ္အတြင္းရွိ စာေရး ဆရာမ်ား၊ စာေပခ်စ္ျမတ္ႏိုး သူမ်ားျဖင့္ စတင္ ဖြဲ႕စည္း၍ စာေပဖြံ႕ၿဖိဳးေရးဆုိင္ရာ ကိစၥရပ္မ်ားကို ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
.
============================================================
စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) မှ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) တွင် စာပေ ဆိုင်ရာများ ဆွေးနွေးဟောပြော
.
ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) တွင် ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) မှ စာရေးဆရာ များက ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်းဆိုင်ရာ အလေ့အထ တိုးပွားလာစေရေးအတွက် စာပေဆိုင် ရာ ကိစ္စရပ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
.
ထိုသို့ ဟောပြောရာတွင် စာဖတ်ရှိန်မြှင်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) မှ အဖွဲ့ဝင် စာရေးဆရာများ ဖြစ်ကြသော ဆရာလှိုင်းနန္ဒာ (တမာမြေ)၊ ဆရာကောင်းမြင့်မြတ်စိန်၊ ကိုတူး (အေးသာယာ) နှင့် စာဖတ်ရှိန်မြှင်တင် ရေးကွန်ရက် (ရှမ်းပြည်နယ်) ၏ ဥက္ကဌ ဦးအောင်ဆန်းဝင်းတို့က ကျောင်းသား/သူများအား စာပေဖတ်ရှုခြင်း၏ အ ကျိုး အပြစ်များ၊ စာဖတ်နည်း၊ လူမှုကွန်ရက်အွန်လိုင်း အသုံးပြုမှု၏ ကောင်းကျိုးဆိုးပြစ်များကို ဆွေးနွေးဟောပြော ခဲ့ပြီး ကျောင်းသား/သူများ၏ သိရှိလိုသည့် မေးခွန်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
.
“ဒီဘက်ခေတ်မှာ အထူးသဖြင့် လူငယ်တွေ စာပေဖတ်ရှုတာ အတော်နည်းလာတာကို တွေ့ရတယ်။ ဒီ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။ သူတို့လေးတွေ စာဖတ်မှ တိုင်းပြည်အနာဂတ် ကောင်းမှာပါ။ စမတ် ဖုန်းတွေနဲ့ နည်းပညာတွေ အရမ်းတိုးတက်လာတော့ လူငယ်တွေက နည်းပညာနောက်ကိုပဲ လိုက်ပြီးတော့ စာအုပ် ဖတ်ရမယ်ဆိုတာ မသိတော့ဘူး။ ကျွန်တော်ကိုယ်တိုင် စာအုပ်အငှားဆိုင် ဖွင့်ထားတာ စဖွင့်တုန်းကဆိုရင် တစ်ရက်ကို အုပ်ရေ ၁၅၀ နဲ့ ၂၀၀ ကြား ငှားရတယ်။ အခုတော့ တစ်နေကုန်နေလို့မှ တစ်အုပ် မငှားရတော့ပါဘူး။ ကလေးတွေကို စာပေဖတ်ရှုချင်စိတ်တွေ ပေါ်လာအောင် အခုလို ဆွေးနွေးပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်” ဟု စာ ဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) ဥက္ကဌ ဦးအောင်ဆန်းဝင်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ဆွေးနွေးပွဲအပြီးတွင် စာဖတ်ရှိန်မြှင်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) နှင့် စာရေးဆရာလှိုင်းနန္ဒာ (တမာမြေ)၊ ဆရာ ကောင်းမြင့်မြတ်စိန်တို့က အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) အတွက် စာအုပ်၊ စာစောင်များကို လှူဒါန်းပေးရာ ကျောင်းအုပ်ကြီး ဦးသာတင်ညွန့်မှ လက်ခံရယူခဲ့ပြီး ဟောပြောဆွေးနွေးခဲ့သော စာရေးဆရာများအား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) အနေဖြင့် လာမည့် ဇူလိုင်လ ၂၉ ရက်တွင်လည်း တောင် ကြီးမြိုု့ပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုတွင် ယင်းကဲ့သို့ စာပေဆိုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်)ကို ၂ဝ၁၇ ခုနှစ်၊ မေလတွင် ရှမ်းပြည်နယ်အတွင်းရှိ စာရေး ဆရာများ၊ စာပေချစ်မြတ်နိုး သူများဖြင့် စတင် ဖွဲ့စည်း၍ စာပေဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats