ဖယ္ခံုၿမိဳ႕ နယ္တြင္ ႂကြက္ေဘးဒဏ္ ခံရသူမ်ားအား ေထာက္ပံ့မႈမ်ား ျပဳလုပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019

ဖယ္ခံုၿမိဳ႕ နယ္တြင္ ႂကြက္ေဘးဒဏ္ ခံရသူမ်ားအား ေထာက္ပံ့မႈမ်ား ျပဳလုပ္


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခံု ၿမိဳ႕နယ္ အတြင္းရွိ ေက်းရြာအခ်ိဳ႕တြင္ ႂကြက္မ်ား ဖ်က္ဆီးမႈေၾကာင့္ ထိခိုက္ ပ်က္ဆီးမႈ ႀကံဳေတြ႕ ခဲ့ရေသာ ျပည္သူမ်ားအတြက္ ေထာက္ပံ့ပစၥည္း မ်ား ေပးအပ္ပြဲ အခမ္းအနားကို ဇူလိုင္လ ၁၃ ရက္ နံနက္ပိုင္းတြင္ ဖယ္ခံုၿမိဳ႕နယ္၊ ဆီးဘူး ေက်းရြာရွိ ေဆး႐ံုသစ္ခန္းမေဆာင္၌ က်င္းပ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 
.
 .
အခမ္းအနားတြင္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၏ ရွမ္းျပည္နယ္ တာဝန္ခံ ဝန္ႀကီးျဖစ္သည့္ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္ႏွင့္ ကယန္းတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးခြန္းေအးေမာင္တို႔မွ အမွာစကား ေျပာၾကားၾကၿပီး ေထာက္ပံ့ပစၥည္းမ်ား ျဖစ္သည့္ ဆန္၊ ဆီ၊ ဆား၊ ကုလားပဲႏွင့္ ႂကြက္သတ္ေဆးမ်ား ေထာက္ပံ့ ေပးအပ္ခဲ့ၾကၿပီး ေဒသခံတစ္ဦးမွ ေက်းဇူးတင္စကား ျပန္လည္ေျပာ ၾကားခဲ့ေၾကာင္း သိရသည္။
.
အခမ္းအနားသို႔ ဖယ္ခံုၿမိဳ႕နယ္မွ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ကယန္း ျပည္သစ္ပါတီမွ တာဝန္ရွိသူမ်ား၊ ရွမ္းျပည္နယ္ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာနမွ ျပည္ နယ္ဦးစီးမွဴးႏွင့္ တာဝန္ရွိသူမ်ား၊ ဖယ္ခံုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဌာနဆိုင္ရာမ်ား၊ ေဒသခံ ျပည္သူမ်ား စုစုေပါင္း အင္အား ၁၅၀ ဦး ခန္႔ တက္ေရာက္ခဲ့ၿပီး အခမ္းအနားတြင္ လူ မႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာ ခ်ထားေရး ဝန္ႀကီးဌာနမွ ေထာက္ပံ့မႈတန္ဖိုး ၆၂၃၄၈၅၂၀ က်ပ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ေထာက္ပံ့မႈတန္ဖိုး ၈၉၄၀ဝ၀ဝ က်ပ္၊ စုစုေပါင္း ေထာက္ပံ့ပစၥည္း တန္ဖိုးေငြက်ပ္ ၇၁၂၈၈၅၂၀ အား ေထာက္ပံ့ ေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
============================================================
ဖယ်ခုံမြို့ နယ်တွင် ကြွက်ဘေးဒဏ် ခံရသူများအား ထောက်ပံ့မှုများ ပြုလုပ်
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် ကြွက်များ ဖျက်ဆီးမှုကြောင့် ထိခိုက် ပျက်ဆီးမှု ကြုံတွေ့ ခဲ့ရသော ပြည်သူများအတွက် ထောက်ပံ့ပစ္စည်း များ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ်၊ ဆီးဘူး ကျေးရွာရှိ ဆေးရုံသစ်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ရှမ်းပြည်နယ် တာဝန်ခံ ဝန်ကြီးဖြစ်သည့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်တို့မှ အမှာစကား ပြောကြားကြပြီး ထောက်ပံ့ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြွက်သတ်ဆေးများ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။
.
အခမ်းအနားသို့ ဖယ်ခုံမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ကယန်း ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း အင်အား ၁၅၀ ဦး ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် လူ မှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့မှုတန်ဖိုး ၆၂၃၄၈၅၂၀ ကျပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့မှုတန်ဖိုး ၈၉၄ဝဝဝဝ ကျပ်၊ စုစုပေါင်း ထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ် ၇၁၂၈၈၅၂၀ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment