ညောင်ရွှေမြို့တွင် မြို့နယ်အဆင့် သဘာဝဘေး စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019



ကမ္ဘောဇတိုင်း
.
.
 .
.
.
============================================================
ညောင်ရွှေမြို့တွင် မြို့နယ်အဆင့် သဘာဝဘေး စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်
.
ကမ္ဘောဇတိုင်း
.
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ မြို့နယ်အဆင့် သဘာဝ ဘေး စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်ခိုင်ထွန်းမှ အဖွင့်အမှာစကား ပြော ကြားပြီး ရှမ်းပြည်နယ် ဘေးစီမံမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မီမီထွန်းမှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင် ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူများက သင်ခန်းစာများ ဆက်လက် ဆွေးနွေးခြင်းနှင့် သင်တန်းသားများမှ အဖွဲ့ လိုက် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
.
အဆိုပါသင်တန်းအား သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂ ရက်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats