ေညာင္ေရႊၿမိဳ ႔တြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္သူလူထု ေထာက္ခံပြဲကို လူအင္အား ၁၀၀၀ ျဖင့္ ျပဳလုပ္မည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 15, 2019

ေညာင္ေရႊၿမိဳ ႔တြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္သူလူထု ေထာက္ခံပြဲကို လူအင္အား ၁၀၀၀ ျဖင့္ ျပဳလုပ္မည္


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခ႐ိုင္၊ ေညာင္ေရႊၿမိဳ ႔၌ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္သူလူထု ေထာက္ခံပြဲကို လူအင္အား ၁၀၀၀ ျဖင့္ ဇူလိုင္လ ၁၇ ရက္တြင္  ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 
.
 .
ေထာက္ခံပြဲတြင္ ေညာင္ေရႊၿမိဳ ႔၊ ေဟာ္အေရွ ႔ဘက္ ေဘာလံုးကြင္းမွ လူစုကာ ေၾကြးေၾကာ္မည့္ စာသားမ်ားပါေသာ ဗြီႏိုင္းမ်ား ကိုင္ေဆာင္၍ စတင္ထြက္ခြာကာၿပီး ေရႊခ်မ္းသာဘုရားလမ္း၊ ႐ံုးႀကီးလမ္း၊ ေဈးအေရွ ႔လမ္း၊ ေဈးေျမာက္ (ျပတုိက္) လမ္း၊ ေဈးေနာက္မင္းလမ္း (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊ ႐ံုးႀကီးလမ္း၊ ေက်ာက္တုိင္ေရွ ႔လမ္း၊ ေက်ာက္တိုင္ကြင္း အထိ  လမ္းေလွ်ာက္ခ်ီတက္မည္ျဖစ္ၿပီး ေက်ာက္တိုင္ကြင္းတြင္ ၂၀၀၈ ဖြဲ ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး တင္သြင္းသည့္ အဆိုမ်ားႏွင့္ ပတ္သက္၍ ေဟာေျပာသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
“၂၀၀၈ အရ တစ္အုပ္လံုး ၾကည့္မယ္ဆိုရင္ အေ႐ွ႕မွာေတာ့ ေကာင္းတယ္။ အေနာက္မွာက် အဲ့ဒီဥပေဒကို အကာအကြယ္ ျပဳထားတဲ့ဟာေပါ့။ ကြၽန္မတို႔ ျပည္သူလူထုအတြက္ သိပ္ၿပီးေတာ့မွ အံဝင္ခြင္က် မျဖစ္ေနလို႔ လုပ္ရတာပါ။ ဥပေဒဆိုတာ ျပည္သူလူထုတစ္ရပ္လံုးနဲ႔ ဆိုင္တယ္။ မႀကိဳက္တာကိုလည္း ျပင္ခြင့္ရတယ္ဆုိတာကို ျပည္သူလူထု သိေအာင္ ေျပာျပမယ္။ ဒီဖြဲ႔စည္းပံု အေျခခံဥပေဒက ေနာင္လာေနာင္သားေတြနဲ႔ ျပည္သူလူထုေတြ အတြက္က မျဖစ္မေန ေျပာင္းလဲဖို႔လိုတဲ့ ဥပေဒျဖစ္တယ္။ မေျပာင္းမလဲျခင္း ကြၽန္မအေနနဲ႔ ပါဝင္ ေဆာင္ရြက္ သြားမွာပါ" ဟု ေထာက္ခံပြဲ ဦးေဆာင္သူ ေဒၚႏွင္းႏွင္းအုန္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထိုသို႔ ေထာက္ခံပြဲ ျပဳလုပ္ရာတြင္ ဖြဲ ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအား (လံုးဝ) ေထာက္ခံပါသည္၊ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရးကို ေထာက္ခံပါသည္၊ ဒီမိုကေရစီစံႏႈန္းႏွင့္မညီေသာ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ ေရးဆြဲမႈကို ျပည္သူမ်ားမွ လက္ခံႀကိဳဆိုေထာက္ခံပါသည္ (ေညာင္ေရႊၿမိဳ ႔) စသည့္ စာသားမ်ားအား ေၾကြးေၾကာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ထိုအတူ ရွမ္းျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ ႔တြင္လည္း ၂၀၀၈ ဖြဲ ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး ေထာက္ခံပြဲကို လူအင္အား ၁၀၀၀ ျဖင့္ ဇူလိုင္လ ၁၇ ရက္တြင္ တစ္ရက္တည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
ညောင်ရွှေမြို ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံပွဲကို လူအင်အား ၁၀၀၀ ဖြင့် ပြုလုပ်မည်
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို ့၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံပွဲကို လူအင်အား ၁၀၀၀ ဖြင့် ဇူလိုင်လ ၁၇ ရက်တွင်  ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထောက်ခံပွဲတွင် ညောင်ရွှေမြို ့၊ ဟော်အရှေ ့ဘက် ဘောလုံးကွင်းမှ လူစုကာ ကြွေးကြော်မည့် စာသားများပါသော ဗွီနိုင်းများ ကိုင်ဆောင်၍ စတင်ထွက်ခွာကာပြီး ရွှေချမ်းသာဘုရားလမ်း၊ ရုံးကြီးလမ်း၊ ဈေးအရှေ ့လမ်း၊ ဈေးမြောက် (ပြတိုက်) လမ်း၊ ဈေးနောက်မင်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ ရုံးကြီးလမ်း၊ ကျောက်တိုင်ရှေ ့လမ်း၊ ကျောက်တိုင်ကွင်း အထိ  လမ်းလျှောက်ချီတက်မည်ဖြစ်ပြီး ကျောက်တိုင်ကွင်းတွင် ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တင်သွင်းသည့် အဆိုများနှင့် ပတ်သက်၍ ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
.
“၂၀၀၈ အရ တစ်အုပ်လုံး ကြည့်မယ်ဆိုရင် အရှေ့မှာတော့ ကောင်းတယ်။ အနောက်မှာကျ အဲ့ဒီဥပဒေကို အကာအကွယ် ပြုထားတဲ့ဟာပေါ့။ ကျွန်မတို့ ပြည်သူလူထုအတွက် သိပ်ပြီးတော့မှ အံဝင်ခွင်ကျ မဖြစ်နေလို့ လုပ်ရတာပါ။ ဥပဒေဆိုတာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဆိုင်တယ်။ မကြိုက်တာကိုလည်း ပြင်ခွင့်ရတယ်ဆိုတာကို ပြည်သူလူထု သိအောင် ပြောပြမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက နောင်လာနောင်သားတွေနဲ့ ပြည်သူလူထုတွေ အတွက်က မဖြစ်မနေ ပြောင်းလဲဖို့လိုတဲ့ ဥပဒေဖြစ်တယ်။ မပြောင်းမလဲခြင်း ကျွန်မအနေနဲ့ ပါဝင် ဆောင်ရွက် သွားမှာပါ" ဟု ထောက်ခံပွဲ ဦးဆောင်သူ ဒေါ်နှင်းနှင်းအုန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ထောက်ခံပွဲ ပြုလုပ်ရာတွင် ဖွဲ ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား (လုံးဝ) ထောက်ခံပါသည်၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံပါသည်၊ ဒီမိုကရေစီစံနှုန်းနှင့်မညီသော ၂၀၀၈ အခြေခံဥပဒေပြင်ဆင် ရေးဆွဲမှုကို ပြည်သူများမှ လက်ခံကြိုဆိုထောက်ခံပါသည် (ညောင်ရွှေမြို ့) စသည့် စာသားများအား ကြွေးကြော်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထိုအတူ ရှမ်းပြည်နယ်၏မြို့တော်ဖြစ်သော တောင်ကြီးမြို ့တွင်လည်း ၂၀၀၈ ဖွဲ ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို လူအင်အား ၁၀၀၀ ဖြင့် ဇူလိုင်လ ၁၇ ရက်တွင် တစ်ရက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats