ေညာင္ေရႊတြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲ ျပဳလုပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, July 17, 2019

ေညာင္ေရႊတြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ေထာက္ခံပြဲ ျပဳလုပ္


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ ႔တြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ျပည္သူလူထု ေထာက္ခံပြဲကို ယေန႔ ဇူလိုင္လ ၁၇ ရက္၊ နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 
.
 .
ထိုသို႔ ေထာက္ခံပြဲ ျပဳလုပ္ရာတြင္ ေညာင္ေရႊၿမိဳ ႔၊ ေဟာ္အေရွ ႔ဘက္ ေဘာလံုးကြင္းမွ လူစုကာ ေၾကြးေၾကာ္မည့္ စာသားမ်ားပါေသာ ဗြီႏိုင္းမ်ား ကိုင္ေဆာင္၍ စတင္ထြက္ခြာကာၿပီး ေရႊခ်မ္းသာဘုရားလမ္း၊ ႐ံုးႀကီးလမ္း၊ ေဈးအေရွ ႔လမ္း၊ ေဈ်းေျမာက္ (ျပတုိက္)လမ္း၊ ေဈးေနာက္မင္းလမ္း (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊ ႐ံုးႀကီးလမ္း၊ ေက်ာက္တုိင္ေရွ ႔လမ္း၊ ေက်ာက္တိုင္ကြင္းအထိ  လမ္းေလွ်ာက္ခ်ီတက္ၿပီး ေက်ာက္တိုင္ကြင္းတြင္ ၂၀၀၈ ဖြဲ ႔စည္းပံုအေျခခံဥပေဒအား အသစ္ျပန္လည္ျပင္ဆင္ တင္သြင္းသည့္ အဆိုမ်ားႏွင့္ ပတ္သက္၍ ေဟာေျပာခဲ့ေၾကာင္း သိရသည္။
.
"၂၀၀၈ အရ တစ္အုပ္လံုး ၾကည့္မယ္ဆိုရင္ အေ႐ွ႕မွာေတာ့ ေကာင္းတယ္။ အေနာက္မွာက် အဲဒီဥပေဒကို အကာအကြယ္ ျပဳထားတဲ့ဟာေပါ့။ ကြၽန္မတို႔ ျပည္သူလူထုအတြက္ သိပ္ၿပီးေတာ့မွ အံဝင္ခြင္က် မျဖစ္ေနလို႔ လုပ္ရတာပါ။ ဥပေဒဆိုတာ ျပည္သူလူထုတစ္ရပ္လံုးနဲ႔ ဆိုင္တယ္။ မႀကိဳက္တာကိုလည္း ျပင္ခြင့္ရတယ္ဆုိတာကို ျပည္သူလူထု သိေအာင္ ေျပာျပမယ္။ ဒီဖြဲ႔စည္းပံု အေျခခံဥပေဒက ေနာင္လာေနာင္သားေတြနဲ႔ ျပည္သူလူထုေတြ အတြက္က မျဖစ္မေန ေျပာင္းလဲဖို႔ ဥပေဒျဖစ္တယ္။ မေျပာင္းမလဲျခင္း ကြၽန္မအေနနဲ႔ ပါဝင္ ေဆာင္ရြက္သြားမယ္" ဟု ေထာက္ခံပြဲ ဦးေဆာင္သူ ေဒၚႏွင္းႏွင္းအုန္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ေထာက္ခံပြဲတြင္ ၂၀၀၈ ဖြဲ ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအား (လံုးဝ) ေထာက္ခံပါသည္၊ ဒီမိုကေရစီစံႏႈန္းႏွင့္ မညီေသာ ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရးဆြဲမႈကို ျပည္သူမ်ားမွ လက္ခံႀကိဳဆိုေထာက္ခံပါသည္ (ေညာင္ေရႊၿမိဳ ႔) စသည့္ စာသားမ်ားအား ကိုင္ေဆာင္၍ ေႂကြးေၾကာ္ခဲ့ေၾကာင္း သိရသည္။
.
ထို႔အတူ ေတာင္ႀကီးၿမိဳ ႔တြင္လည္း ၂၀၀၈ ဖြဲ ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး ေထာက္ခံပြဲကို ယေန႔ ဇူလိုင္လ ၁၇ ရက္၊ နံနက္ပိုင္းတြင္ ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
ညောင်ရွှေတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံပွဲကို ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ထိုသို့ ထောက်ခံပွဲ ပြုလုပ်ရာတွင် ညောင်ရွှေမြို ့၊ ဟော်အရှေ ့ဘက် ဘောလုံးကွင်းမှ လူစုကာ ကြွေးကြော်မည့် စာသားများပါသော ဗွီနိုင်းများ ကိုင်ဆောင်၍ စတင်ထွက်ခွာကာပြီး ရွှေချမ်းသာဘုရားလမ်း၊ ရုံးကြီးလမ်း၊ ဈေးအရှေ ့လမ်း၊ ဈျေးမြောက် (ပြတိုက်)လမ်း၊ ဈေးနောက်မင်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ ရုံးကြီးလမ်း၊ ကျောက်တိုင်ရှေ ့လမ်း၊ ကျောက်တိုင်ကွင်းအထိ  လမ်းလျှောက်ချီတက်ပြီး ကျောက်တိုင်ကွင်းတွင် ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေအား အသစ်ပြန်လည်ပြင်ဆင် တင်သွင်းသည့် အဆိုများနှင့် ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။
.
"၂၀၀၈ အရ တစ်အုပ်လုံး ကြည့်မယ်ဆိုရင် အရှေ့မှာတော့ ကောင်းတယ်။ အနောက်မှာကျ အဲဒီဥပဒေကို အကာအကွယ် ပြုထားတဲ့ဟာပေါ့။ ကျွန်မတို့ ပြည်သူလူထုအတွက် သိပ်ပြီးတော့မှ အံဝင်ခွင်ကျ မဖြစ်နေလို့ လုပ်ရတာပါ။ ဥပဒေဆိုတာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဆိုင်တယ်။ မကြိုက်တာကိုလည်း ပြင်ခွင့်ရတယ်ဆိုတာကို ပြည်သူလူထု သိအောင် ပြောပြမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက နောင်လာနောင်သားတွေနဲ့ ပြည်သူလူထုတွေ အတွက်က မဖြစ်မနေ ပြောင်းလဲဖို့ ဥပဒေဖြစ်တယ်။ မပြောင်းမလဲခြင်း ကျွန်မအနေနဲ့ ပါဝင် ဆောင်ရွက်သွားမယ်" ဟု ထောက်ခံပွဲ ဦးဆောင်သူ ဒေါ်နှင်းနှင်းအုန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထောက်ခံပွဲတွင် ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား (လုံးဝ) ထောက်ခံပါသည်၊ ဒီမိုကရေစီစံနှုန်းနှင့် မညီသော ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆွဲမှုကို ပြည်သူများမှ လက်ခံကြိုဆိုထောက်ခံပါသည် (ညောင်ရွှေမြို ့) စသည့် စာသားများအား ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ တောင်ကြီးမြို ့တွင်လည်း ၂၀၀၈ ဖွဲ ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို ယနေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats