ကမ္ဘာ့အကြီးဆုံး နှီးဘုရားအား နမ့်စန်မြို့နယ်၊ ပန်လျန်းရှိ ပလ္လင်ပေါ်သို့ ပင့်ဆောင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, July 17, 2019



မင်းဇော်မင်း 
.
ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် နှီးဖြင့် ပြုလုပ်ပူဇော်သည့် ရုပ်ပွားတော်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မတ်ကျန်းဌာနေပြည်သူစစ် နယ်မြေ ပန်လျန်းဘုရားကုန်းရှိ ပလ္လင်ပေါ်သို့ ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းက ပင့်ဆောင်ခဲ့ကြောင်း ရှမ်းစာပေနှင့်ယဉ်ကျေးမအသင်း ဥက္ကဌ ဦးစိုင်းမောင်တင်ထံမှ သိရသည်။
.

ကမ္ဘာပေါ်မှာလည်း နှီးနဲထုဆစ်တဲ့ ဘုရားကြီးထဲမှာ ဒီဘုရားကြီးက အကြီးဆုံးလို ဆိုတယ်၊ တုံတာက ၀ါးကို ခက်ခက်ခဲခဲ ယူပြီးမှ နှီးရက်ပြီး ဆင်းတုတော် တည်ဆောက်ရတယ်လို ပြောတယ် အဲဒီ နှီးကမှ ဘုရား ဆင်းတုတော် တည်ဆောက်ရတာ ကောင်းတယ်လို ဆင်းတုတော် တည်တဲ့ ဘုန်းတော်ကြီးက မိန့်တယ်၊ အခု ကရိန်းနဲဘုရားကြီး ကိန်းဝပ်စံပါယ်မယ့် ဘုရားကုန်းက မြတ်ပလ္လင်တော်ပေါ်ကို ပင့်ချီပူဇော်တဲ့  အခမ်းအနားပါဟု ဦးစိုင်းမောင်တင်က ကမ္ဘောဇတိုင်းသိုပြောသည်။
.
ဘုရားကြီးဉာဏ်တော်မှာ နှီးပလ္လင် အပါ ပေ ၆၀ တည်ရှိပြီး ဘုရားကြီး၏ ဘွဲ့တော်မှာ ဇိနရဌတေဇမုနိ ဖြစ်ကာ ဘူမိဖဿ ထိုင်တော်မူပုံစံဖြင့် ၆ လကြာ တည်ဆောက်ခဲ့ရကြောင်းနှင့် ပန်လျန်းဘုရား ကုန်းတော်ပေါ်ရှိ ကျောက်သားပလ္လင်ပေါ်သို  ပင့်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသိုမတ်ကျန်း ဌာနေပြည်သူစစ် အဖွဲ့ခေါင်းဆောင် ဦးလင်းဆိုင်နှင့် ဒေသခံပြည်သူ ၃၀၀ ၀န်းကျင်ခန်တက်ရောက်ခဲ့ကာ ဆွမ်းတော်ပွဲ အစုံစုံ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း ကပ်လှူခြင်း၊ အလှူတော် ရေစက်ချ ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် နှီးဘုရားကြီးမှာ ကွင်းပြင်တွင်သာ စံမြန်းနေဆဲ ဖြစ်ပြီး ဘုရားကြီး၏ ကျောင်းဆောင်ဖြစ်သည့် ဓမ္မရုံကို ဆက်လက်တည်ဆောက်သွားရန် ရှိကြောင်းလည်း သိရသည်။

=================

ကမ္ဘာ့အကြီးဆုံး နှီးဘုရားအား နမ့်စန်မြို့နယ်၊ ပန်လျန်းရှိ ပလ္လင်ပေါ်သို့ ပင့်ဆောင်
.
မင်းဇော်မင်း 
.
ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် နှီးဖြင့် ပြုလုပ်ပူဇော်သည့် ရုပ်ပွားတော်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မတ်ကျန်းဌာနေပြည်သူ့စစ် နယ်မြေ ပန်လျန်းဘုရားကုန်းရှိ ပလ္လင်ပေါ်သို့ ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းက ပင့်ဆောင်ခဲ့ကြောင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမောင်တင်ထံမှ သိရသည်။
.
ကမ္ဘာပေါ်မှာလည်း နှီးနဲ့ ထုဆစ်တဲ့ ဘုရားကြီးထဲမှာ ဒီဘုရားကြီးက အကြီးဆုံးလို့  ဆိုတယ်၊ တုံတာက ဝါးကို ခက်ခက်ခဲခဲ ယူပြီးမှ နှီးရက်ပြီး ဆင်းတုတော် တည်ဆောက်ရတယ်လို့  ပြောတယ်။ အဲဒီ နှီးကမှ ဘုရား ဆင်းတုတော် တည်ဆောက်ရတာ ကောင်းတယ်လို့ ဆင်းတုတော် တည်တဲ့ ဘုန်းတော်ကြီးက မိန့်တယ်၊ အခု ကရိန်းနဲ့ ဘုရားကြီး ကိန်းဝပ်စံပါယ်မယ့် ဘုရားကုန်းက မြတ်ပလ္လင်တော်ပေါ်ကို ပင့်ချီပူဇော်တဲ့  အခမ်းအနားပါဟု ဦးစိုင်းမောင်တင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ဘုရားကြီး၏ ဉာဏ်တော်မှာ နှီးပလ္လင် အပါ ပေ ၆၀ တည်ရှိပြီး ဘုရားကြီး၏ ဘွဲ့တော်မှာ ဇိနရဌတေဇမုနိ ဖြစ်ကာ ဘူမိဖဿ ထိုင်တော်မူပုံစံဖြင့် ၆ လကြာ တည်ဆောက်ခဲ့ရကြောင်းနှင့် ပန်လျန်းဘုရား ကုန်းတော်ပေါ်ရှိ ကျောက်သားပလ္လင်ပေါ်သို့  ပင့်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ မတ်ကျန်း ဌာနေပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဦးလင်းဆိုင်နှင့် ဒေသခံပြည်သူ ၃၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကာ ဆွမ်းတော်ပွဲ အစုံစုံ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ အလှူတော် ရေစက်ချ ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် နှီးဘုရားကြီးမှာ ကွင်းပြင်တွင်သာ စံမြန်းနေဆဲ ဖြစ်ပြီး ဘုရားကြီး၏ ကျောင်းဆောင်ဖြစ်သည့် ဓမ္မာရုံကို ဆက်လက်တည်ဆောက်သွားရန် ရှိကြောင်းလည်း သိရသည်။
.

No comments:

Post a Comment