NRPC ႏွင့္ RCSS ကိုယ္စားလွယ္အဖြဲ႕တို႔ ေနျပည္ေတာ္တြင္ ေတြ႕ဆံု - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 16, 2019

NRPC ႏွင့္ RCSS ကိုယ္စားလွယ္အဖြဲ႕တို႔ ေနျပည္ေတာ္တြင္ ေတြ႕ဆံု

မင္းေဇာ္မင္း 
.
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) တို႔ ဇူလိုင္လ ၁၁ ရက္က ေနျပည္ေတာ္၌ ေတြ႕ဆံုခဲ့ၾကေၾကာင္း သိရသည္။
.
 .
“ဒီလထဲမွာ KNU၊ RCSS တို႔နဲ ေဆြးေႏြးႏိုင္ခဲ့လို႔ ေကာင္းမြန္ပါတယ္။ ေဆြးေႏြးမႈေတြကို အားရေက်နပ္မိပါတယ္။ အခုေဆြးေႏြးပြဲမွာ ရွမ္းျပည္နယ္က ျပည္နယ္ဝန္ႀကီး ၂ ဦးလည္း ပါဝင္ပါတယ္။ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ ေတြ႕ဆံုမႈကေတာ့ ေနာက္တစ္ပတ္မွ သိပါမယ္” ဟု ဦးလွေမာင္ေရႊ က ေျပာသည္။
.
ယင္းေဆြးေႏြးပြဲတြင္ NRPC အဖြဲ႕ေခါင္းေဆာင္ ေဒါက္တာတင္မ်ိဳးဝင္းက ယခုေတြ႕ဆံုပြဲသည္ ပင္လံု တတိယအစည္းအေဝးေနာက္ပိုင္း ၈ ႀကိမ္ေျမာက္ ေတြ႕ဆံုမႈျဖစ္ၿပီး တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ေလွ်ာက္လွမ္း ရမည့္ လမ္းေၾကာင္း ၄ ခုအေပၚ RCSS ၏သေဘာထားမ်ားကို ထည့္သြင္းစဥ္းစားေဆြးေႏြးေပးရန္ ေျပာၾကားခဲ့သည္။
.
ထို႔ေနာက္ RCSS ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္ေဘာင္ေခးက ယခင္အစည္းအေဝး သေဘာထားခ်မွတ္မႈအရ RCSS အဖြဲ႕မွ ၃၀ ဦးကို လႊတ္ေပးခဲ့သည့္အတြက္ အစိုးကုိေက်းဇူးတင္ေၾကာင္း၊ ေနရာအခ်ိဳ႕တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားရပ္တန္႔ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ အားလံုးဝိုင္းဝန္းပူးေပါင္းေဆာင္ရြက္ႏိုင္ေရး နည္းလမ္းရွာ ရမည္ျဖစ္သလို တစ္ဘက္တြင္ အစိုးရတစ္ရပ္၏ သက္တမ္းမွာ အကန္႔အသတ္ရွိသည့္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ ေဆာင္ရြက္ရာတြင္ သူ႔ဘက္ကိုယ့္ဘက္ မွ်မွ်တတျဖစ္ရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
.
ေတြ႕ဆံုေဆြးေႏြးပြဲတြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဆိုင္ရာ ကိစၥရပ္မ်ား၊ ေဒသဖြံ႕ၿဖိဳးေရးကိစၥရပ္မ်ား၊ မူးယစ္ေဆးဝါးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းကိစၥ၊ အက်ဥ္းက်ေနသည့္ RCSS တပ္ဖြဲ႕ဝင္မ်ားကိစၥ၊ အေထြေထြကိစၥရပ္မ်ားႏွင့္ ဆက္စပ္ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကၿပီး ယင္းေဆြးေႏြးမႈမ်ားမွ  သေဘာထားစုစည္းခ်က္ ၈ ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။
.
ထို႔အျပင္ RCSS ဘက္မွ ဇြန္လ ၁၃/၁၄ ရက္မ်ားက UPDJC အတြင္းေရးမွဴးမ်ား အလြတ္သေဘာ ေဆြးေႏြး ပြဲတြင္တင္ျပခဲ့သည့္ ဆက္လက္ေဆာင္ ရြက္သင့္သည့္ လုပ္ငန္းစဥ္ ၄ ရပ္ကို ထပ္မံတင္ျပခဲ့ၿပီး လာမည့္ ၾသဂုတ္လ ပထမအပတ္ ထုိင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းမိုင္ၿမိဳ႕တြင္ ျပဳလုပ္မည့္ EAO မ်ား အစည္းအေ၀းမ်ား၌ ေဆြးေႏြးကာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေရွ႕ဆက္ႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း၊ ေဆြးေႏြးေျပာၾကားခဲ့ၾကသည္ဟု သိရသည္။
.
၂၀၁၄ ခုႏွစ္ အိမ္အေၾကာင္းအရာႏွင့္သန္းေခါင္စာရင္းအရ ရွမ္းလူမ်ိဳးမ်ားသည္ ျပည္ေထာင္စုလူဦးေရ၏ ၉ ရာခိုင္ႏႈန္းခန္႔၊ ကရင္လူမ်ိဳးက ၇ ရာခိုင္နႈန္းခန္႔ရွိၿပီး ျပည္ေထာင္စုတစ္ဝွမ္းတြင္း ရွမ္းႏွင့္ ကရင္လူမ်ိဳး တို႔သည္ ဗမာလူမ်ိဳးေနာက္တြင္ ဒုတိယႏွင့္ တတိယ လူဦးေရအမ်ားဆံုး တိုင္းရင္းသားမ်ားျဖစ္ေၾကာင္း သိရသည္။
.
ယင္းေတြ႕ဆံုပြဲသို႔ NRPC မွ အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ေဒါက္တာတင္မ်ိဳး၀င္းႏွင့္အဖြဲ႕၀င္မ်ားျဖစ္ၾကသည့္ ဦးထြန္းထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ဗိုလ္ခ်ဳပ္ေအာင္သူ၊ ဦးခင္ေမာင္တင္၊ ဦးခင္ေဇာ္ဦး (ဒုတိယဗိုလ္ခ်ဳပ္ႀကီး အၿငိမ္းစား)၊ ဗိုလ္မွဴးႀကီးလွဦး၊ ဦးစိုးညြန္႔လြင္၊ ဦးေပၚလြင္စိန္၊ ဦးလွေမာင္ေရႊ၊ ဦးမိုးေဇာ္ဦး၊ ဦးေဇာ္ေဌးတို႔ တက္ေရာက္ခဲ့ၿပီး RCSS ကိုယ္စားလွယ္မ်ားမွာ ဗိုလ္ခ်ဳပ္ေဘာင္ေခး(အဖြဲ႕ေခါင္းေဆာင္)၊ ဗိုလ္မွဴးႀကီး စိုင္းငင္း(ဒုအဖြဲ႕ေခါင္းေဆာင္)၊ဗိုလ္မွဴးႀကီးေအာင္ျမ၊ ဗိုလ္မွဴးႀကီးေဆာင္းဟန္၊ ဒုဗိုလ္မွဴးႀကီး ေဒ၀ိန္၊ ဒုတိယဗိုလ္မွဴးႀကီး စိုင္းဟန္၊ ဗိုလ္မွဴး စို္င္းသွ်ဲန္မိုင္ တို႕တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။
.
အဆိုပါ ေတြ႕ဆံုမႈမွာ ေနျပည္ေတာ္တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၁ ရက္ ေနာက္ပိုင္း ၄ လအၾကာတြင္ NRPC ႏွင့္ RCSS တို႔အၾကား ထပ္မံေတြ႕ဆံုျခင္းျဖစ္ၿပီး ထူးျခားခ်က္အေနျဖင့္ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕၀င္ ျပည္နယ္ ၀န္ႀကီးမ်ားျဖစ္ၾကသည့္ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရး၀န္ႀကီး ဗိုလ္မွဴးႀကီးလွဦးႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရး ၀န္ႀကီး ဦးစိုးညြန္႔လြင္တို႔ ပါဝင္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
============================================================
NRPC နှင့် RCSS ကိုယ်စားလှယ်အဖွဲ့တို့  နေပြည်တော်တွင် တွေ့ဆုံ
.
မင်းဇော်မင်း 
.
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ဇူလိုင်လ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
.
“ဒီလထဲမှာ KNU၊ RCSS တို့နဲ ဆွေးနွေးနိုင်ခဲ့လို့ ကောင်းမွန်ပါတယ်။ ဆွေးနွေးမှုတွေကို အားရကျေနပ်မိပါတယ်။ အခုဆွေးနွေးပွဲမှာ ရှမ်းပြည်နယ်က ပြည်နယ်ဝန်ကြီး ၂ ဦးလည်း ပါဝင်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံမှုကတော့ နောက်တစ်ပတ်မှ သိပါမယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။
.
ယင်းဆွေးနွေးပွဲတွင် NRPC အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းက ယခုတွေ့ဆုံပွဲသည် ပင်လုံ တတိယအစည်းအဝေးနောက်ပိုင်း ၈ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း လျှောက်လှမ်း ရမည့် လမ်းကြောင်း ၄ ခုအပေါ် RCSS ၏သဘောထားများကို ထည့်သွင်းစဉ်းစားဆွေးနွေးပေးရန် ပြောကြားခဲ့သည်။
.
ထို့နောက် RCSS ကိုယ်စားလှယ် ဗိုလ်ချုပ်ဘောင်ခေးက ယခင်အစည်းအဝေး သဘောထားချမှတ်မှုအရ RCSS အဖွဲ့မှ ၃၀ ဦးကို လွှတ်ပေးခဲ့သည့်အတွက် အစိုးကိုကျေးဇူးတင်ကြောင်း၊ နေရာအချို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းရှာ ရမည်ဖြစ်သလို တစ်ဘက်တွင် အစိုးရတစ်ရပ်၏ သက်တမ်းမှာ အကန့်အသတ်ရှိသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဆောင်ရွက်ရာတွင် သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
.
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စ၊ အကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင်များကိစ္စ၊ အထွေထွေကိစ္စရပ်များနှင့် ဆက်စပ်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုများမှ  သဘောထားစုစည်းချက် ၈ ချက် ရရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် RCSS ဘက်မှ ဇွန်လ ၁၃/၁၄ ရက်များက UPDJC အတွင်းရေးမှူးများ အလွတ်သဘော ဆွေးနွေး ပွဲတွင်တင်ပြခဲ့သည့် ဆက်လက်ဆောင် ရွက်သင့်သည့် လုပ်ငန်းစဉ် ၄ ရပ်ကို ထပ်မံတင်ပြခဲ့ပြီး လာမည့် သြဂုတ်လ ပထမအပတ် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် EAO များ အစည်းအဝေးများ၌ ဆွေးနွေးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် မျှော်လင့်ကြောင်း၊ ဆွေးနွေးပြောကြားခဲ့ကြသည်ဟု သိရသည်။
.
၂၀၁၄ ခုနှစ် အိမ်အကြောင်းအရာနှင့်သန်းခေါင်စာရင်းအရ ရှမ်းလူမျိုးများသည် ပြည်ထောင်စုလူဦးရေ၏ ၉ ရာခိုင်နှုန်းခန့်၊ ကရင်လူမျိုးက ၇ ရာခိုင်နှုန်းခန့်ရှိပြီး ပြည်ထောင်စုတစ်ဝှမ်းတွင်း ရှမ်းနှင့် ကရင်လူမျိုး တို့သည် ဗမာလူမျိုးနောက်တွင် ဒုတိယနှင့် တတိယ လူဦးရေအများဆုံး တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။
.
ယင်းတွေ့ဆုံပွဲသို့ NRPC မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းနှင့်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ဦးခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား)၊ ဗိုလ်မှူးကြီးလှဦး၊ ဦးစိုးညွန့်လွင်၊ ဦးပေါ်လွင်စိန်၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ပြီး RCSS ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ်ဘောင်ခေး(အဖွဲ့ခေါင်းဆောင်)၊ ဗိုလ်မှူးကြီး စိုင်းငင်း(ဒုအဖွဲ့ခေါင်းဆောင်)၊ဗိုလ်မှူးကြီးအောင်မြ၊ ဗိုလ်မှူးကြီးဆောင်းဟန်၊ ဒုဗိုလ်မှူးကြီး ဒေဝိန်၊ ဒုတိယဗိုလ်မှူးကြီး စိုင်းဟန်၊ ဗိုလ်မှူး စို်င်းသျှဲန်မိုင် တို့တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
.
အဆိုပါ တွေ့ဆုံမှုမှာ နေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက် နောက်ပိုင်း ၄ လအကြာတွင် NRPC နှင့် RCSS တို့အကြား ထပ်မံတွေ့ဆုံခြင်းဖြစ်ပြီး ထူးခြားချက်အနေဖြင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများဖြစ်ကြသည့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats