နမ့္စန္ၿမိဳ႕တြင္း လမ္းမ်ားရွိ ေရေျမာင္းမ်ားအား ေရစီးေရလာ ေကာင္းမြန္ေစေရး ေဆာင္ရြက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, July 26, 2019

နမ့္စန္ၿမိဳ႕တြင္း လမ္းမ်ားရွိ ေရေျမာင္းမ်ားအား ေရစီးေရလာ ေကာင္းမြန္ေစေရး ေဆာင္ရြက္


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ နမ့္စန္ၿမိဳ႕တြင္းလမ္းမ်ားရွိ လမ္းေဘးဝဲ ယာေရေျမာင္းမ်ား ေရစီးေရလာ ေကာင္းမြန္ ေစရန္အတြက္ စက္၊ ယႏၱရားမ်ား အသံုးျပဳ၍ အေကာင္အထည္ ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။
.
.
အဆိုပါ ေရကန္ေတာင္လမ္း ေရေျမာင္းတူးေဖာ္ေနျခင္းအား ဇူလိုင္လ ၁၅ ရက္ေန႔တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရး ဥကၠဌႏွင့္ အဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိႏွင့္ တာဝန္ခံအင္ဂ်င္နီယာတို႔မွ ကြင္းဆင္းၾကပ္မတ္ေဆာင္ ရြက္ခဲ့ေၾကာင္းသိရသည္။
.
နမ့္စန္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ မိုးရာသီကာ လတြင္ ၿမိဳ႕တြင္းပင္မေရထုတ္ေျမာင္း မ်ားအား စက္၊ ယႏၱရားအသံုးျပဳ၍ ေရစီးေရလာ ေကာင္းမြန္ေစေရးအ တြက္ ေဆာင္ရြက္လ်က္ရွိၿပီး၊ စက္၊ ယႏၱရား အသံုးျပဳ၍မရသည့္ေနရာမ်ားတြင္ လူအင္အား အသံုးျပဳ၍ေဆာင္ ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
နမ့်စန်မြို့တွင်း လမ်းများရှိ ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့် စန်မြို့တွင်းလမ်းများရှိ လမ်းဘေးဝဲ ယာရေမြောင်းများ ရေစီးရေလာ ကောင်းမွန် စေရန်အတွက် စက်၊ ယန္တရားများ အသုံးပြု၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
.
အဆိုပါ ရေကန်တောင်လမ်း ရေမြောင်းတူးဖော်နေခြင်းအား ဇူလိုင်လ ၁၅ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ကွင်းဆင်းကြပ်မတ်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
.
နမ့်စန်မြို့နယ် စည်ပင်သာယာ ရေးကော်မတီအနေဖြင့် မိုးရာသီကာ လတွင် မြို့တွင်းပင်မရေထုတ်မြောင်း များအား စက်၊ ယန္တရားအသုံးပြု၍ ရေစီးရေလာ ကောင်းမွန်စေရေးအ တွက် ဆောင်ရွက်လျက်ရှိပြီး၊ စက်၊ ယန္တရား အသုံးပြု၍မရသည့်နေရာများတွင် လူအင်အား အသုံးပြု၍ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats