မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္၊ နမ့္ခမ္းၿမိဳ႕နယ္တြင္ သလင္းေက်ာက္
တူးေဖာ္ေရးအတြက္ ကုမၸဏီတစ္ခုမွ တင္ျပထားမႈႏွင့္ ပတ္သက္၍ နမ့္ခမ္းၿမိဳ႕နယ္အတြင္းရွိ
ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ၿမိဳ႕ခံအသင္းအဖြဲ႕ ၁၁ ခုမွ ကန္႔ကြက္စာ ေပးပို႔ထားေၾကာင္း
နမ့္ခမ္းၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီမွ သိရသည္။
.
.
နမ့္ခမ္းၿမိဳ႕နယ္၊ နမ့္ဆီးရီးေက်းရြာအုပ္စုရွိ ဧရိယာ ၁၉ ဒသမ ၆၂
ဧကရွိ ေျမလြတ္ေျမ႐ိုင္းတြင္ ထိပ္တန္းခိုင္ကုမၸဏီမွ သလင္းေက်ာက္ ထုတ္လုပ္မႈလုပ္ငန္းအခြင့္
လုပ္ကိုင္ခြင့္ျပဳရန္ ေလွ်ာက္ထားမႈကို ကန္႔ကြက္လိုက ဇူလိုင္လ ၂၆ ရက္ ေနာက္ဆံုးထား၍
မည္သူမဆို ကန္႔ကြက္ႏိုင္ေၾကာင္း ေၾကညာခ်က္အရ ကန္႔ကြက္ရျခင္းျဖစ္ေၾကာင္း နမ့္ခမ္း ၿမိဳ႕နယ္
ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ ဥကၠဌ ေဒါက္တာစိုင္းေက်ာ္အုန္းက ေျပာသည္။
“ကုမၸဏီက ဘယ္သူပိုင္တယ္မသိပါဘူး။ ဒါေပမဲ့ သူတို႔လုပ္မယ့္ေနရာက ၿမိဳ႕ကိုစီးဆင္းေနတဲ့
နမ့္ဆီးေခ်ာင္းနဲ႔ နမ့္ခမ္းေဖာင္ေခ်ာင္းေတြ ျမစ္ဖ်ားခံရာ ေတာင္ေပၚေနရာျဖစ္လို႔ လုပ္ငန္းေတြလုပ္ရင္
ေခ်ာင္းေတြပ်က္စီးမယ္။ သဘာဝပတ္ဝန္းက်င္နဲ႔ ေရေဝေရလဲေတြ ထိခိုက္မွာျဖစ္လို႔ ကန္႔ကြက္တာပါ။
မေန႔ (ဇူလိုင္ ၂၂ ရက္) က ေျမစာရင္းကို ကန္႔ကြက္စာသြားတင္ထားပါၿပီ”ဟု ေဒါက္တာ စိုင္းေက်ာ္အုန္းက
ေျပာသည္။
.
နမ့္ခမ္းၿမိဳ႕ေပၚရွိ အသင္းအဖြဲ႕ ၁၁ ခုမွ ဇူလိုင္လ ၂၀ ရက္စြဲျဖင့္
ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနသို႔ ကန္႔ကြက္စာ ေပးပို႔ရာတြင္
ယင္းဌာန၏ ေၾကညာစာအရ နမ့္ခမ္းၿမိဳ႕နယ္၊ နမ့္ဆီးရီးေက်းရြာအုပ္စု၊ ကြင္းအမွတ္ (ျပင္ပ)၊
ဦးပိုင္အမွတ္ (ျပင္ပ)၊ ဧရိယာ ၁၉ ဒသမ ၆၂ ဧကရွိ ေျမလြတ္ေျမလပ္ႏွင့္ ေျမ႐ိုင္းကို ထိပ္တန္း
ကုမၸဏီလီမိတက္က သလင္းေက်ာက္ထုတ္လုပ္ငန္းအတြက္ လုပ္ပိုင္ခြင့္၊ ေလွ်ာက္ထားသျဖင့္ ကန္႔ကြက္လိုပါက
ဇူလိုင္လ ၂၆ ရက္ မတိုင္မီ မည္သူမဆိုလာေရာက္ ကန္႔ကြက္ႏိုင္သည္ဟု ေဖာ္ျပထားခ်က္အရ ကန္႔ကြက္ရျခင္း
ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
.
ကန္႔ကြက္စာတြင္ လက္မွတ္ေရးထိုးထားသည့္ ၁၁ ဖြဲ႕မွာ နမ့္ခမ္းၿမိဳ႕နယ္၊
ရွမ္းတုိင္းရင္းသားမ်ားဒီမုိကရက္တစ္ပါတီ၊ ေရွးေဟာင္းအေမြအႏွစ္ႏွင့္ သမိုင္း၀င္ေနရာမ်ား
ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ေရးအသင္း၊ ေတာင္သူလယ္သမားမ်ားအသင္း၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊
လူမႈကူညီေရးအသင္း၊ စယ္ဟိုင္းေက်းရြာ၊ မန္႔ခမ္းရပ္ကြက္၊ ေနာင္စန္႔ကုန္းရပ္ကြက္၊ မန္႔ေနာင္ရပ္ကြက္၊
ဟိုနားေက်းရြာအုပ္စု၊ ေကာင္းတပ္ရပ္ကြက္တို႕မွ ဥကၠဌႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး တို႔မွ
စုေပါင္းလက္မွတ္ေရးထိုးကန္႔ကြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
.
============================================================
နမ့်ခမ်းတွင် သလင်းကျောက်
တူးဖော်မည့်ကိစ္စနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့ခံအသင်းအဖွဲ့
များမှ ကန့်ကွက်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သလင်းကျောက် တူးဖော်ရေးအတွက် ကုမ္ပဏီတစ်ခုမှ တင်ပြထားမှုနှင့်
ပတ်သက်၍ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့ခံအသင်းအဖွဲ့
၁၁ ခုမှ ကန့်ကွက်စာ ပေးပို့ထားကြောင်း နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ
သိရသည်။
.
နမ့်ခမ်းမြို့နယ်၊
နမ့်ဆီးရီးကျေးရွာအုပ်စုရှိ ဧရိယာ ၁၉ ဒသမ ၆၂ ဧကရှိ မြေလွတ်မြေရိုင်းတွင် ထိပ်တန်းခိုင်ကုမ္ပဏီမှ
သလင်းကျောက် ထုတ်လုပ်မှုလုပ်ငန်းအခွင့် လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားမှုကို ကန့်ကွက်လိုက
ဇူလိုင်လ ၂၆ ရက် နောက်ဆုံးထား၍ မည်သူမဆို ကန့်ကွက်နိုင်ကြောင်း ကြေညာချက်အရ ကန့်ကွက်ရခြင်းဖြစ်ကြောင်း
နမ့်ခမ်း မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဒေါက်တာစိုင်းကျော်အုန်းက
ပြောသည်။
.
“ကုမ္ပဏီက
ဘယ်သူပိုင်တယ်မသိပါဘူး။ ဒါပေမဲ့ သူတို့လုပ်မယ့်နေရာက မြို့ကိုစီးဆင်းနေတဲ့ နမ့်ဆီးချောင်းနဲ့
နမ့်ခမ်းဖောင်ချောင်းတွေ မြစ်ဖျားခံရာ တောင်ပေါ်နေရာဖြစ်လို့ လုပ်ငန်းတွေလုပ်ရင် ချောင်းတွေပျက်စီးမယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ရေဝေရေလဲတွေ ထိခိုက်မှာဖြစ်လို့ ကန့်ကွက်တာပါ။ မနေ့ (ဇူလိုင် ၂၂
ရက်) က မြေစာရင်းကို ကန့်ကွက်စာသွားတင်ထားပါပြီ”ဟု ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။
.
နမ့်ခမ်းမြို့ပေါ်ရှိ
အသင်းအဖွဲ့ ၁၁ ခုမှ ဇူလိုင်လ ၂၀ ရက်စွဲဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း
ဦးစီးဌာနသို့ ကန့်ကွက်စာ ပေးပို့ရာတွင် ယင်းဌာန၏ ကြေညာစာအရ နမ့်ခမ်းမြို့နယ်၊ နမ့်ဆီးရီးကျေးရွာအုပ်စု၊
ကွင်းအမှတ် (ပြင်ပ)၊ ဦးပိုင်အမှတ် (ပြင်ပ)၊ ဧရိယာ ၁၉ ဒသမ ၆၂ ဧကရှိ မြေလွတ်မြေလပ်နှင့်
မြေရိုင်းကို ထိပ်တန်း ကုမ္ပဏီလီမိတက်က သလင်းကျောက်ထုတ်လုပ်ငန်းအတွက် လုပ်ပိုင်ခွင့်၊
လျှောက်ထားသဖြင့် ကန့်ကွက်လိုပါက ဇူလိုင်လ ၂၆ ရက် မတိုင်မီ မည်သူမဆိုလာရောက် ကန့်ကွက်နိုင်သည်ဟု
ဖော်ပြထားချက်အရ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
ကန့်ကွက်စာတွင်
လက်မှတ်ရေးထိုးထားသည့် ၁၁ ဖွဲ့မှာ နမ့်ခမ်းမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊
ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း၊
တောင်သူလယ်သမားများအသင်း၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်း၊ စယ်ဟိုင်းကျေးရွာ၊
မန့်ခမ်းရပ်ကွက်၊ နောင်စန့်ကုန်းရပ်ကွက်၊ မန့်နောင်ရပ်ကွက်၊ ဟိုနားကျေးရွာအုပ်စု၊ ကောင်းတပ်ရပ်ကွက်တို့မှ
ဥက္ကဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့မှ စုပေါင်းလက်မှတ်ရေးထိုးကန့်ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment