နမၼတူၿမိဳ႕နယ္၊ မန္ဝါေက်းရြာမွရြာသားမ်ား တိုက္ပြဲေၾကာင့္ မန္စံေက်းရြာသို႔ ထြက္ေျပးတိမ္းေရွာင္လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 15, 2019

နမၼတူၿမိဳ႕နယ္၊ မန္ဝါေက်းရြာမွရြာသားမ်ား တိုက္ပြဲေၾကာင့္ မန္စံေက်းရြာသို႔ ထြက္ေျပးတိမ္းေရွာင္လာ


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္ မန္စံေက်းရြာ အနီးတြင္ ဇူလိုင္ ၁၂၊ ၁၃ ရက္မ်ားက ထိေတြ႔ ပစ္ခတ္မႈ မ်ားေၾကာင့္ မန္ဝါေက်းရြာမွ ရြာသားမ်ား မန္စံေက်းရြာသို႔ ဇူလိုင္ ၁၄ ရက္က ထြက္ေျပး တိမ္းေရွာင္လာၾကေၾကာင္း သိရွိရသည္။
.
 .
အဆိုပါ ေဒသအတြင္း လက္နက္ကိုင္အဖဲြ႔မ်ား တစ္ဖဲြ႔ႏွင့္ တစ္ဖဲြ႔ပစ္ခတ္မႈမ်ားသည္ ေက်းရြာမ်ားအတြင္းသို႔ လက္နက္က်ည္မ်ားက်ရာက္ခဲ႔ျခင္းေၾကာင့္ မန္ဝါေက်းရြာေန ျပည္သူမ်ားမွ ေၾကာက္လန္႔ကာ ထြက္ေျပးလာၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
.
“၂ ရက္ဆက္တိုက္ပစ္ၾကေတာ့ ေၾကာက္လို႔ ထြက္ေျပးလာတာပါ။ ရြာမွာ အမ်ိဳးသားေတြ က်န္ေနခဲ႔တာပါ။ မေန႔ (ဇူလိုင္ ၁၄ ရက္)ကေတာ့ မပစ္ၾကေတာ့လို႔ ထြက္လာၾကတာပါ။ ကေလးနဲ႔ မိန္းမေတြပဲ လာၾကတာပါ”ဟု မန္ဝါေက်းရြာမွ အမ်ိဳးသမီး တစ္ဦးက ေျပာသည္။
.
အဆိုပါ ေက်းရြာမွ လူဦးေရ ၂၀ ခန္႔ ထြက္ေျပးလာရာမွ ကေလး ၄ ဦးမွာ က်န္းမာေရး မေကာင္းျခင္းေၾကာင္႔  ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။
.
“ကေလးနဲ႔ အမ်ိဳးသမီးေတြပဲ ေျပးလာၾကတာပါ။ အမ်ိဳးသားေတြကေတာ့ ရြာမွာက်န္ေနတယ္။ အေျခေနဆိုးလာရင္ ေတာ့ ထြက္ေျပးလာၾကမွာပါ။ ကူညီေပးထားပါတယ္။ လတ္တေလာအတြက္ေတာ့ အဆင္ေျပပါတယ္” ဟု ကူညီေပးေနသူ မန္စံေက်းရြာေန ဦးစိန္ဝင္းက ေျပာသည္။
.
အဆိုပါ ထြက္ေျပးလာသူမ်ားအား မန္စံေျမာက္ေက်ာင္းဘုန္းႀကီးေက်ာင္းတြင္ ထားရွိထားၿပီး အဆိုပါ ဇူလိုင္ ၁၂၊ ၁၃ ရက္မ်ားမွ ပစ္ခတ္မႈမ်ားေၾကာင့္ မန္ဝါေက်းရြာအတြင္း လက္နက္ႀကီးက်ည္ ၃ ခု က်ေရာက္ခဲ႔ေသာ္လည္း ထိခိုက္ပ်က္ဆီးမႈ မရွိေၾကာင္း သိရသည္။
.
============================================================
နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာမှရွာသားများ တိုက်ပွဲကြောင့် မန်စံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာ
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် ဇူလိုင် ၁၂၊ ၁၃ ရက်များက ထိတွေ့ ပစ်ခတ်မှု များကြောင့် မန်ဝါကျေးရွာမှ ရွာသားများ မန်စံကျေးရွာသို့ ဇူလိုင် ၁၄ ရက်က ထွက်ပြေး တိမ်းရှောင်လာကြကြောင်း သိရှိရသည်။
.
အဆိုပါ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့နှင့် တစ်ဖွဲ့ပစ်ခတ်မှုများသည် ကျေးရွာများအတွင်းသို့ လက်နက်ကျည်များကျရာက်ခဲ့ခြင်းကြောင့် မန်ဝါကျေးရွာနေ ပြည်သူများမှ ကြောက်လန့်ကာ ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
“၂ ရက်ဆက်တိုက်ပစ်ကြတော့ ကြောက်လို့ ထွက်ပြေးလာတာပါ။ ရွာမှာ အမျိုးသားတွေ ကျန်နေခဲ့တာပါ။ မနေ့ (ဇူလိုင် ၁၄ ရက်)ကတော့ မပစ်ကြတော့လို့ ထွက်လာကြတာပါ။ ကလေးနဲ့ မိန်းမတွေပဲ လာကြတာပါ”ဟု မန်ဝါကျေးရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။
.
အဆိုပါ ကျေးရွာမှ လူဦးရေ ၂၀ ခန့် ထွက်ပြေးလာရာမှ ကလေး ၄ ဦးမှာ ကျန်းမာရေး မကောင်းခြင်းကြောင့်  ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
.
“ကလေးနဲ့ အမျိုးသမီးတွေပဲ ပြေးလာကြတာပါ။ အမျိုးသားတွေကတော့ ရွာမှာကျန်နေတယ်။ အခြေနေဆိုးလာရင် တော့ ထွက်ပြေးလာကြမှာပါ။ ကူညီပေးထားပါတယ်။ လတ်တလောအတွက်တော့ အဆင်ပြေပါတယ်” ဟု ကူညီပေးနေသူ မန်စံကျေးရွာနေ ဦးစိန်ဝင်းက ပြောသည်။
.
အဆိုပါ ထွက်ပြေးလာသူများအား မန်စံမြောက်ကျောင်းဘုန်းကြီးကျောင်းတွင် ထားရှိထားပြီး အဆိုပါ ဇူလိုင် ၁၂၊ ၁၃ ရက်များမှ ပစ်ခတ်မှုများကြောင့် မန်ဝါကျေးရွာအတွင်း လက်နက်ကြီးကျည် ၃ ခု ကျရောက်ခဲ့သော်လည်း ထိခိုက်ပျက်ဆီးမှု မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats