မူဆယ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ နာနတ္သီးတရားဝင္ တင္ပို႕ႏိုင္ေရး လိုအပ္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

မူဆယ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ နာနတ္သီးတရားဝင္ တင္ပို႕ႏိုင္ေရး လိုအပ္ေန


မင္းေဇာ္မင္း
.
ျမန္မာႏိုင္ငံထြက္ နာနတ္သီးမ်ားကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ တရားဝင္ တင္သြင္းခြင့္ရရွိေရး လိုအပ္ေနေၾကာင္း နာနတ္သီးစိုက္ေတာင္သူ မ်ားထံမွ သိရသည္။
.
 .
“ေဈးကြက္က ရန္ကုန္နဲ႔ တ႐ုတ္ ရွိတာ အရင္က အဆင္ေျပေျပ ပို႔လို႔ရေပမယ့္ အခုက်ေတာ့ တ႐ုတ္မွာ တရားမဝင္ သတ္မွတ္ၿပီး အဖမ္းအဆီးမ်ားလာလို႔ တ႐ုတ္ကို မူဆယ္ ကတစ္ဆင့္ တရားဝင္ ပို႕ခြင့္ရဖို႔ လိုအပ္လာပါတယ္။ အဲဒီလို ရလာရင္ ေတာင္သူေတြေရာ ကုန္သည္ေတြေရာ အားလံုး အဆင္ေျပတဲ့အျပင္ ႏိုင္ငံေတာ္အတြက္ပါ တရားဝင္ အခြန္ေတြ ရရွိလာမွာ ျဖစ္ပါတယ္”ဟု သီေပါၿမိဳ႕ရွိ ရာေက်ာ္သစ္သီးပြဲ႐ံုမွ ဦးမ်ိဳးဝင္းေအာင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နာနတ္သီး စိုက္ခင္းမ်ားမွ နာနတ္သီးထြက္ရွိမႈမွာ ျပည္တြင္းေဈးကြက္ထက္  ပိုလွ်ံေနသည္ျဖစ္၍ မူဆယ္ ၁၀၅ မိုင္ ေဈးကြက္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ တရားဝင္ ေရာင္းခ်ႏိုင္မွသာ ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ား အဆင္ေျပ မည္ျဖစ္ျခင္းေၾကာင့္ ဖရဲသီး၊ သရက္ သီးမ်ားကဲ့သို႔ အစိုးရခ်င္း ခ်ိတ္ဆက္၍ ေဆာင္ရြက္ေပးႏိုင္ရန္ လိုအပ္ေၾကာင္း စဥ့္အင္နာနတ္ ေတာင္သူမ်ားက ေျပာသည္။     
.
“အခုဆို တ႐ုတ္ဘက္က သူတို႔ ေပးခ်င္တဲ့ေဈးေပးၿပီး ႏွိမ္တယ္။ နမ့္လမ္း ဝမ္တိန္ဘက္၊ ဆိပ္ကမ္းဘက္ က တရားမဝင္ ပို႔ေနရတာ အရမ္းအခက္အခဲ ျဖစ္ေနတာျဖစ္လို႔ သက္ဆိုင္ရာ လူႀကီးမင္းမ်ား ကူညီေပးၾကပါလို႔ ဆုေတာင္းေနၾကပါတယ္”ဟု စဥ့္အင္မွ နာနတ္သီးစိုက္ေတာင္သူလည္းျဖစ္ ကုန္သည္လည္း ျဖစ္သူ ေဒၚတင္တင္လွက ေျပာသည္။
.
နာနတ္သီး စိုက္ပ်ိဳးထုတ္လုပ္သူမ်ား ေဈးကြက္အေနျဖင့္ ရန္ကုန္ႏွင့္ တ႐ုတ္ႏိုင္ငံသို႔သာ ေပးပို႔ေနရာမွ ၿပီး ခဲ့သည့္ ဇြန္လအတြင္းက တ႐ုတ္ႏိုင္ငံဘက္မွ တရားမဝင္ ပိတ္ပင္ဖမ္းဆီး ေနမႈမ်ား ရွိေနျခင္းေၾကာင့္ နာနတ္သီးကို တရားဝင္ တင္ပို႔ႏိုင္ေရးအတြက္ နာနတ္သီး ကုန္သည္ ၄၀ ဦး မွ မူဆယ္ ၁၀၅ မိုင္ရွိ သစ္သီးဝလံ ကုန္စည္ဒိုင္သို႔ ဇြန္လ ၂၁ ရက္ တြင္ လာေရာက္ေတြ႕ဆံု အကူအညီ ေတာင္းခံခဲ့ေၾကာင္း မူဆယ္သစ္သီး ဝလံ ကုန္စည္ဒိုင္ဥကၠဌ ဦးစိုင္းျမင့္ ဗိုလ္ထံက သိရသည္။
.
“မူဆယ္ကုန္သြယ္ေရး ဦးစီးဌာနက ဒုၫႊန္မွဴးထံကို သူတို႔လာေရာက္ ေဆြးေႏြးခဲ့တာ ၁၀၅ မိုင္က တစ္ဆင့္ တ႐ုတ္ႏိုင္ငံကို နာနတ္သီး တရားဝင္ တင္ပို႕ႏိုင္ေရး တင္ျပထားပါတယ္။ ခုထိေတာ့ ထူးျခားခ်က္ မရွိေသးပါဘူး။ အစိုးရခ်င္း လုပ္ေဆာင္ေပးႏိုင္မွ အျမန္အဆင္ေျပမွာပါ” ဟု ဦးစိုင္းျမင့္ဗိုလ္က ကေမၻာဇတိုင္းသို႔ ေျပာၾကားသည္။
.
ယင္းနာနတ္သီးစိုက္ ေတာင္သူ ကုန္သည္မ်ားႏွင့္ ၁၀၅ မိုင္ သစ္သီး ဝလံ ကုန္စည္ဒိုင္တို႔၏ သေဘာတူညီခ်က္တြင္ ၁၀၅ မိုင္ သစ္သီး ေရာင္း ကြင္းတြင္သာ ေရာင္းခ်ရန္၊ မိမိသေဘာျဖင့္ အျပင္၌ ေရာင္းခ်ျခင္း မျပဳရန္၊ စည္းကမ္းေဖာက္ဖ်က္ပါက နာနတ္သီးတင္ပို႔ ေရာင္းခ်သူမ်ား အသင္းအဖြဲ႕ဝင္အျဖစ္မွ ထုတ္ပယ္မည္ ျဖစ္ၿပီး လိုအပ္ပါက နာမည္ပ်က္စာရင္း (Black List) သြင္းသည္အထိ အေရးယူမည္ဟု ပါရွိေၾကာင္း သိရသည္။
.
နာနတ္သီးကို ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ၿမိဳ႕/ရြာမ်ား ျဖစ္သည့္ သီေပါ၊ ေနာင္ေကာ္ႀကီး၊ ဆြတ္လန္း၊ နမ့္ရန္း၊ တန္႔ယန္း၊ ေညာင္ေထာက္၊ ကုန္းသာ၊ စဥ့္အင္ စသည့္ ေဒသမ်ားတြင္ အမ်ားဆံုး စိုက္ပ်ိဳးၿပီး နာနတ္ သီးပင္ေရ သိန္းေပါင္း တစ္သိန္းေက်ာ္ ထြက္ရွိကာ မူဆယ္ ၁၀၅ မိုင္ သစ္ သီး ခ်ကြင္းသို႔ ၿပီးခဲ့သည့္ ၁၀ ႏွစ္ တာ ကာလ အတြင္း၌ ကားစီးေရ ၁၂၃၀ စီးျဖင့္ တန္ခ်ိန္ ၁၄၈၅၄ ဒသ မ ၈ တန္ ဝင္ေရာက္ခဲ့ေၾကာင္း မူ ဆယ္သစ္သီးဝလံ ကုန္စည္ဒိုင္၏ စာရင္းမ်ားအရ သိရသည္။
.
မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နာနတ်သီးတရားဝင် တင်ပို့နိုင်ရေး လိုအပ်နေ
.
မင်းဇော်မင်း
.
မြန်မာနိုင်ငံထွက် နာနတ်သီးများကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းခွင့်ရရှိရေး လိုအပ်နေကြောင်း နာနတ်သီးစိုက်တောင်သူ များထံမှ သိရသည်။
.
“ဈေးကွက်က ရန်ကုန်နဲ့ တရုတ် ရှိတာ အရင်က အဆင်ပြေပြေ ပို့လို့ရပေမယ့် အခုကျတော့ တရုတ်မှာ တရားမဝင် သတ်မှတ်ပြီး အဖမ်းအဆီးများလာလို့ တရုတ်ကို မူဆယ် ကတစ်ဆင့် တရားဝင် ပို့ခွင့်ရဖို့ လိုအပ်လာပါတယ်။ အဲဒီလို ရလာရင် တောင်သူတွေရော ကုန်သည်တွေရော အားလုံး အဆင်ပြေတဲ့အပြင် နိုင်ငံတော်အတွက်ပါ တရားဝင် အခွန်တွေ ရရှိလာမှာ ဖြစ်ပါတယ်”ဟု သီပေါမြို့ရှိ ရာကျော်သစ်သီးပွဲရုံမှ ဦးမျိုးဝင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နာနတ်သီး စိုက်ခင်းများမှ နာနတ်သီးထွက်ရှိမှုမှာ ပြည်တွင်းဈေးကွက်ထက်  ပိုလျှံနေသည်ဖြစ်၍ မူဆယ် ၁၀၅ မိုင် ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားဝင် ရောင်းချနိုင်မှသာ တောင်သူများနှင့် ကုန်သည်များ အဆင်ပြေ မည်ဖြစ်ခြင်းကြောင့် ဖရဲသီး၊ သရက် သီးများကဲ့သို့ အစိုးရချင်း ချိတ်ဆက်၍ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း စဉ့်အင်နာနတ် တောင်သူများက ပြောသည်။      
.
“အခုဆို တရုတ်ဘက်က သူတို့ ပေးချင်တဲ့ဈေးပေးပြီး နှိမ်တယ်။ နမ့်လမ်း ဝမ်တိန်ဘက်၊ ဆိပ်ကမ်းဘက် က တရားမဝင် ပို့နေရတာ အရမ်းအခက်အခဲ ဖြစ်နေတာဖြစ်လို့ သက်ဆိုင်ရာ လူကြီးမင်းများ ကူညီပေးကြပါလို့ ဆုတောင်းနေကြပါတယ်”ဟု စဉ့်အင်မှ နာနတ်သီးစိုက်တောင်သူလည်းဖြစ် ကုန်သည်လည်း ဖြစ်သူ ဒေါ်တင်တင်လှက ပြောသည်။
.
နာနတ်သီး စိုက်ပျိုးထုတ်လုပ်သူများ ဈေးကွက်အနေဖြင့် ရန်ကုန်နှင့် တရုတ်နိုင်ငံသို့သာ ပေးပို့နေရာမှ ပြီး ခဲ့သည့် ဇွန်လအတွင်းက တရုတ်နိုင်ငံဘက်မှ တရားမဝင် ပိတ်ပင်ဖမ်းဆီး နေမှုများ ရှိနေခြင်းကြောင့် နာနတ်သီးကို တရားဝင် တင်ပို့နိုင်ရေးအတွက် နာနတ်သီး ကုန်သည် ၄၀ ဦး မှ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်သို့ ဇွန်လ ၂၁ ရက် တွင် လာရောက်တွေ့ဆုံ အကူအညီ တောင်းခံခဲ့ကြောင်း မူဆယ်သစ်သီး ဝလံ ကုန်စည်ဒိုင်ဥက္ကဌ ဦးစိုင်းမြင့် ဗိုလ်ထံက သိရသည်။
.
“မူဆယ်ကုန်သွယ်ရေး ဦးစီးဌာနက ဒုညွှန်မှူးထံကို သူတို့လာရောက် ဆွေးနွေးခဲ့တာ ၁၀၅ မိုင်က တစ်ဆင့် တရုတ်နိုင်ငံကို နာနတ်သီး တရားဝင် တင်ပို့နိုင်ရေး တင်ပြထားပါတယ်။ ခုထိတော့ ထူးခြားချက် မရှိသေးပါဘူး။ အစိုးရချင်း လုပ်ဆောင်ပေးနိုင်မှ အမြန်အဆင်ပြေမှာပါ” ဟု ဦးစိုင်းမြင့်ဗိုလ်က ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
.
ယင်းနာနတ်သီးစိုက် တောင်သူ ကုန်သည်များနှင့် ၁၀၅ မိုင် သစ်သီး ဝလံ ကုန်စည်ဒိုင်တို့၏ သဘောတူညီချက်တွင် ၁၀၅ မိုင် သစ်သီး ရောင်း ကွင်းတွင်သာ ရောင်းချရန်၊ မိမိသဘောဖြင့် အပြင်၌ ရောင်းချခြင်း မပြုရန်၊ စည်းကမ်းဖောက်ဖျက်ပါက နာနတ်သီးတင်ပို့ ရောင်းချသူများ အသင်းအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည် ဖြစ်ပြီး လိုအပ်ပါက နာမည်ပျက်စာရင်း (Black List) သွင်းသည်အထိ အရေးယူမည်ဟု ပါရှိကြောင်း သိရသည်။
.
နာနတ်သီးကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့/ရွာများ ဖြစ်သည့် သီပေါ၊ နောင်ကော်ကြီး၊ ဆွတ်လန်း၊ နမ့်ရန်း၊ တန့်ယန်း၊ ညောင်ထောက်၊ ကုန်းသာ၊ စဉ့်အင် စသည့် ဒေသများတွင် အများဆုံး စိုက်ပျိုးပြီး နာနတ် သီးပင်ရေ သိန်းပေါင်း တစ်သိန်းကျော် ထွက်ရှိကာ မူဆယ် ၁၀၅ မိုင် သစ် သီး ချကွင်းသို့ ပြီးခဲ့သည့် ၁၀ နှစ် တာ ကာလ အတွင်း၌ ကားစီးရေ ၁၂၃၀ စီးဖြင့် တန်ချိန် ၁၄၈၅၄ ဒသ မ ၈ တန် ဝင်ရောက်ခဲ့ကြောင်း မူ ဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်၏ စာရင်းများအရ သိရသည်။
.

No comments:

Post a Comment