မူဆယ္တြင္ တ႐ုတ္ႏိုင္ငံသားတစ္ဦး ေသနတ္ပစ္ခံရသျဖင့္ ေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 16, 2019

မူဆယ္တြင္ တ႐ုတ္ႏိုင္ငံသားတစ္ဦး ေသနတ္ပစ္ခံရသျဖင့္ ေသဆံုး

မင္းေဇာ္မင္း 
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ေပၚတြင္ ယေန႔ ဇူလိုင္လ ၁၆ ရက္၊ နံနက္ပိုင္းက တ႐ုတ္ႏိုင္ငံသားတစ္ဦး ေသနတ္ပစ္ခံရသျဖင့္ ေသဆံုးခဲ့ေၾကာင္း မူဆယ္က႐ုဏာလူမႈကူညီေရးအသင္းမွ သိရသည္။
.
 .
မူဆယ္ၿမိဳ႕၊ ဟိုမြန္ရပ္ကြက္တြင္ ယေန႔ ဇူလိုင္လ ၁၆ ရက္၊ နံနက္ ၁၁ နာရီခြဲခန္႔က ေသဆံုးသူ တ႐ုတ္ႏိုင္ငံသားသည္ ၄၅ ကုန္သည္လမ္းမႀကီးအတိုင္း ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္လာစဥ္ Mark II အမ်ိဳးအစား ေရႊအိုေရာင္ကား တစ္စီးမွ ေနာက္မွလိုက္ကာ ေသနတ္ျဖင့္ လိုက္လံပစ္ခတ္သျဖင့္ လမ္းေဘးရွိ အိမ္ဝင္းတစ္ခုအတြင္း တိမ္းေရွာင္ ထြက္ေျပးဝင္ေရာက္ကာ အိမ္ေဘးအေရာက္တြင္ လဲက်ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
 “စီအိုင္ဒီက လာစစ္ေဆးေနတယ္။ ေသနတ္ဒဏ္ရာ ၈ ခ်က္ပါ။ တ႐ုတ္ႏိုင္ငံသားျဖစ္ၿပီး ေက်ာက္မဲက ေကာင္မေလး နဲ႔ လာေပါင္းေနတာ ၄ လေလာက္ရွိၿပီလို႔ သိရပါတယ္။ အားလံုး စစ္ေဆးၿပီးရင္ တ႐ုတ္ႏိုင္ငံကို အေၾကာင္းၾကားဖို႔ ရွိတယ္လို႔ တာဝန္ရွိသူေတြထံက သိရပါတယ္။ အခုလို ေသနတ္ပစ္ခတ္မႈက မူဆယ္ၿမိဳ႕ေပၚေနသူေတြအတြက္ ေနာက္ေက်ာမလံုသလို ခံစားရတယ္” ဟု မူဆယ္က႐ုဏာ လူမႈကူညီေရးအသင္း ဥကၠဌ ဦးေသာင္းထြန္းက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
အခင္းျဖစ္ေနရာတြင္ က်ည္ဆန္ခံြ ၁၂ ခု ရရွိေသာ္လည္း ေသဆံုးသူတြင္ ယာဘက္ေနာက္ေစ့ ၄ ခ်က္၊ ယာတင္ပါး ၂ ခ်က္၊ ယာေနာက္ေက်ာႏွင့္ ယာဘက္လက္ဖ်ံတို႔တြင္ ဒဏ္ရာ ၁ ခ်က္စီ၊ စုစုေပါင္း က်ည္ ၈ ခ်က္ ထိမွန္ခဲ့သည္ကို ေတြ႕ရေၾကာင္း ေသဆံုးသူအား ေဆး႐ံုသို႔ ပို႔ေဆာင္ေပးခဲ့သူ ဦးေသာင္းထြန္းမွ ဆက္လက္ေျပာၾကားခဲ့သည္။
.
ေသဆံုးသူ တ႐ုတ္ႏိုင္ငံသားမွာ ၎၏တ႐ုတ္မွတ္ပံုတင္ကတ္အရ အသက္ ၄၆ ႏွစ္ ရွိၿပီဟု သိရၿပီး လိုအပ္သည့္ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ တ႐ုတ္ႏိုင္ငံသို႔ အေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
မူဆယ်တွင် တရုတ်နိုင်ငံသားတစ်ဦး သေနတ်ပစ်ခံရသဖြင့် သေဆုံး
.
မင်းဇော်မင်း 
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းက တရုတ်နိုင်ငံသားတစ်ဦး သေနတ်ပစ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း မူဆယ်ကရုဏာလူမှုကူညီရေးအသင်းမှ သိရသည်။
.
 .
မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် ယနေ့ ဇူလိုင်လ ၁၆ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က သေဆုံးသူ တရုတ်နိုင်ငံသားသည် ၄၅ ကုန်သည်လမ်းမကြီးအတိုင်း မော်တော်ဆိုင်ကယ် မောင်းနှင်လာစဉ် Mark II အမျိုးအစား ရွှေအိုရောင်ကား တစ်စီးမှ နောက်မှလိုက်ကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် လမ်းဘေးရှိ အိမ်ဝင်းတစ်ခုအတွင်း တိမ်းရှောင် ထွက်ပြေးဝင်ရောက်ကာ အိမ်ဘေးအရောက်တွင် လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
 “စီအိုင်ဒီက လာစစ်ဆေးနေတယ်။ သေနတ်ဒဏ်ရာ ၈ ချက်ပါ။ တရုတ်နိုင်ငံသားဖြစ်ပြီး ကျောက်မဲက ကောင်မလေး နဲ့ လာပေါင်းနေတာ ၄ လလောက်ရှိပြီလို့ သိရပါတယ်။ အားလုံး စစ်ဆေးပြီးရင် တရုတ်နိုင်ငံကို အကြောင်းကြားဖို့ ရှိတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။ အခုလို သေနတ်ပစ်ခတ်မှုက မူဆယ်မြို့ပေါ်နေသူတွေအတွက် နောက်ကျောမလုံသလို ခံစားရတယ်” ဟု မူဆယ်ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အခင်းဖြစ်နေရာတွင် ကျည်ဆန်ခွံ ၁၂ ခု ရရှိသော်လည်း သေဆုံးသူတွင် ယာဘက်နောက်စေ့ ၄ ချက်၊ ယာတင်ပါး ၂ ချက်၊ ယာနောက်ကျောနှင့် ယာဘက်လက်ဖျံတို့တွင် ဒဏ်ရာ ၁ ချက်စီ၊ စုစုပေါင်း ကျည် ၈ ချက် ထိမှန်ခဲ့သည်ကို တွေ့ရကြောင်း သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူ ဦးသောင်းထွန်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
သေဆုံးသူ တရုတ်နိုင်ငံသားမှာ ၎င်း၏တရုတ်မှတ်ပုံတင်ကတ်အရ အသက် ၄၆ နှစ် ရှိပြီဟု သိရပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats