တာခ်ီလိတ္-မိုင္းဆတ္ လမ္းပိုင္းတြင္ မိုးရာသီအတြင္း ယခင္ႏွစ္မ်ားကဲ့သို႔ ပ်က္စီးမႈမ်ား မရွိေတာ့ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

တာခ်ီလိတ္-မိုင္းဆတ္ လမ္းပိုင္းတြင္ မိုးရာသီအတြင္း ယခင္ႏွစ္မ်ားကဲ့သို႔ ပ်က္စီးမႈမ်ား မရွိေတာ့ဟု ဆို


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီ လိတ္-မိုင္းဆတ္လမ္းကို “ဝ”အထူး ေဒသ (၂)မွ အစိုးရသို႔ အပ္ႏွံၿပီး ေနာက္ပိုင္း ေဆာက္လုပ္ေရးဝန္ႀကီး ဌာန၊ လမ္းဦးစီးဌာနမွ သတ္မွတ္ ဘ႑ာေရးႏွစ္အတြင္း ခြဲေဝ ရန္ပံုေငြ ျဖင့္ တည္ေဆာက္ျပဳျပင္ျခင္း လုပ္ငန္းမ်ား လုပ္ေဆာင္ေပးလ်က္ရွိသျဖင့္ ယခင္ႏွစ္မ်ားကဲ့သို႔ ဆိုးရြားစြာ လမ္း ပ်က္စီးမႈမ်ား မရွိေၾကာင္း မိုင္းဆတ္ ခ႐ိုင္ လမ္းဦးစီးဌာနမွ လက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးမ်ိဳးဇာနည္ဦးထံမွ သိရသည္။
.
 .
ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ ရဲေထြးမွ မိုင္းဆတ္ခ႐ိုင္အတြင္းရွိ လမ္းမ်ားကို ဇူလိုင္လ ပထမအပတ္၌ လာေရာက္ ၾကည့္႐ႈစစ္ေဆးခဲ့သည့္ ခရီးစဥ္အေပၚ ေမးျမန္းခ်က္အား၎မွ ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္ သည္။
.
“တာခ်ီလိတ္-မိုင္းဆတ္လမ္းကေတာ့ အရင္ႏွစ္မ်ားကလို မိုးတြင္းမွာ ဗြက္တန္းရွည္ႀကီးေတြနဲ႔ ခရီးသြား ျပည္သူေတြ ဒုကၡေရာက္ၿပီး ကားေတြ အႏၲရာယ္ျဖစ္တာမ်ိဳး မရွိေတာ့ပါဘူး။ ၂၀၁၈-၁၉ ဘတ္ဂ်က္ မမီလိုက္ေပ မဲ့ ၂၀၁၉-၂၀ ဘတ္ဂ်က္မွာေတာ့ ဒီလမ္းက ေျမသားလမ္းကေန အဆင့္ျမႇင့္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ မံုးထဘက္မွာ ဆက္သြယ္ေရး အရမ္း ခက္ခဲတာျဖစ္လို႔ ျပည္နယ္ဝန္ႀကီးက ဆက္သြယ္ေရး ဖုန္းတိုင္ေတြ ထူေပး ဖို႔ ေျပာၾကား ခဲ့ပါတယ္။ ဆက္သြယ္ ေရးပိုင္းက အျမန္ဆံုး လုပ္ေဆာင္ သြားဖို႔လည္း ၫႊန္ၾကားထားပါတယ္”ဟု ဦးမ်ိဳးဇာနည္ဦးက ေျပာသည္။
.
မိုင္းဆတ္-တာခ်ီလိတ္လမ္းမွာ ၉၆ ဒသမ ၁ ကီလိုမီတာရွိရာ မိုင္းဆတ္ဘက္တြင္ ဝ၀ ကီလိုမီတာမွ ၆၂ ကီလိုမီတာ အထိ၊ တာခ်ီလိတ္ဘက္ တြင္ ၆၂ ကီလိုမီတာမွ ၉၆ ဒသမ ၁ ကီလိုမီတာအထိ ရွိေနၿပီး ယင္းတြင္ လမ္းအမ်ိဳးအစား မ်ားအရ ကတၲရာ လမ္းအျဖစ္ မိုင္းဆတ္ခ႐ိုင္ အတြင္း ၌ ၉ ဒသမ ၇ ကီလိုမီတာ၊ ေက်ာက္ လမ္းအျဖစ္ မိုင္းဆတ္ဘက္၌ ၂၉ ဒ သမ ၆ ကီလိုမီတာ၊ တာခ်ီလိတ္ဘက္ ၌ ၂၆ ဒသမ ၈ ကီလိုမီတာ အမာခံ လမ္းအျဖစ္ မိုင္းဆတ္ဘက္၌ ၂၂ ဒ သမ ၇ ကီလိုမီတာ၊ ေျမသားလမ္းအ ျဖစ္ တာခ်ီလိတ္ဘက္၌ ၇ ဒသမ ၃ ကီလိုမီတာ ရွိေၾကာင္း သိရသည္။
.
လုပ္ငန္းစဥ္မ်ားတြင္ ၅ မီတာအ က်ယ္ ကြန္ကရစ္ လမ္းခင္းျခင္း၊ ေက်ာက္ေရာေျမျဖင့္ ေအာက္ခံေျမ လႊာ ျပဳျပင္ျခင္း၊ လမ္းျဖည့္ျခင္း၊ ကတၲရာ ထပ္ပိုးလႊာခင္းျခင္း၊ ႀသထ ဃကူလနမအ တည္ေဆာက္ျခင္းတို႔ လုပ္ ေဆာင္သြားရန္ရွိၿပီး အဆိုပါ လမ္း ပိုင္း၌ ႀသထ ဃကူလနမအ ႏွင့္ ဏငစန ဃကူ-လနမအ ၁၀၃ စင္း၊ ၅၀ ေပေအာက္ရွိ တံတား ၁၂ စင္း၊ ၅၀ ေပမွ ၁၀ဝ ေပ ရွိ တံတား ၅ စင္း၊ ၁၀ဝ ေပမွ ေပ ၁၈၀ တံတား ၂ စင္း၊ ၁၈၀ ေပအ ထက္ တံတား ၁ စင္း စုစုေပါင္း တံ တားစင္းေရ ၁၂၃ စင္းရွိေၾကာင္း သိရသည္။
.
မိုင္းဆတ္-တာဆန္းလမ္းပိုင္းအ ရွည္ ၃၃ မိုင္တြင္မူ လြယ္ပြတ္ေက်ာက္ ေတာင္ ၿဖိဳခ်ကာ လမ္းပိုင္းခ်ဲ႕ထြင္မႈ အပိုင္းမွာ ခက္ခဲေသာ္လည္း ၂၀၁၉- ၂၀ ဘ႑ာႏွစ္အတြင္း ၿပီးစီးမည္ျဖစ္ ၿပီး မိုင္းတံု-နားေကာင္းမူး-မံုးထကြန္ ကရစ္ ခင္းျခင္းလုပ္ငန္းမ်ား လုပ္ ေဆာင္ေနရာ ၂၀၁၉-၂၀ ဘ႑ာႏွစ္ တြင္ ၂ ကီလိုမီတာ ၿပီးစီးခဲ့ၿပီ ျဖစ္ ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခ႐ိုင္အတြင္းရွိ မိုင္းတံု-မိုင္း ဆတ္ ၿမိဳ႕နယ္အတြင္းရွိ လမ္းမ်ားမွ ယခင္က ေျမသားလမ္းမ်ားသာ ျဖစ္သည့္အျပင္ မတ္ေစာက္၍ အေကြ႕အေကာက္မ်ားသည့္အတြက္ ခရီးသြား မ်ားအတြက္ အႏၲရာယ္မ်ားလွသည့္အ ျပင္ မၾကာခဏ ယာဥ္တိမ္းေမွာက္ျခင္း မ်ား ျဖစ္ေပၚခဲ့ၾကရာမွ ယခုတြင္ လမ္း ပိုင္းမ်ား အဆင္ေျပ ေခ်ာေမြ႕လာသည့္ အတြက္ ယာဥ္အႏၲရာယ္ ေလ်ာ့ပါး လာျခင္း၊ ခရီးသြား ျမန္ဆန္လာျခင္း တို႔ေၾကာင့္ ေဒသတိုးတက္မႈျမင့္တက္ ေနသျဖင့္ ေဒသေန ျပည္သူမ်ား အ ဆင္ေျပလာလ်က္ရွိေနေၾကာင္း သိရသည္။
.
တာချီလိတ်-မိုင်းဆတ် လမ်းပိုင်းတွင် မိုးရာသီအတွင်း ယခင်နှစ်များကဲ့သို့ ပျက်စီးမှုများ မရှိတော့ဟု ဆို
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်-မိုင်းဆတ်လမ်းကို “ဝ”အထူး ဒေသ (၂)မှ အစိုးရသို့ အပ်နှံပြီး နောက်ပိုင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာနမှ သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း ခွဲဝေ ရန်ပုံငွေ ဖြင့် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိသဖြင့် ယခင်နှစ်များကဲ့သို့ ဆိုးရွားစွာ လမ်း ပျက်စီးမှုများ မရှိကြောင်း မိုင်းဆတ် ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဦးထံမှ သိရသည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန် ရဲထွေးမှ မိုင်းဆတ်ခရိုင်အတွင်းရှိ လမ်းများကို ဇူလိုင်လ ပထမအပတ်၌ လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည့် ခရီးစဉ်အပေါ် မေးမြန်းချက်အား၎င်းမှ ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ် သည်။
.
“တာချီလိတ်-မိုင်းဆတ်လမ်းကတော့ အရင်နှစ်များကလို မိုးတွင်းမှာ ဗွက်တန်းရှည်ကြီးတွေနဲ့ ခရီးသွား ပြည်သူတွေ ဒုက္ခရောက်ပြီး ကားတွေ အန္တရာယ်ဖြစ်တာမျိုး မရှိတော့ပါဘူး။ ၂၀၁၈-၁၉ ဘတ်ဂျက် မမီလိုက်ပေ မဲ့ ၂၀၁၉-၂၀ ဘတ်ဂျက်မှာတော့ ဒီလမ်းက မြေသားလမ်းကနေ အဆင့်မြှင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မုံးထဘက်မှာ ဆက်သွယ်ရေး အရမ်း ခက်ခဲတာဖြစ်လို့ ပြည်နယ်ဝန်ကြီးက ဆက်သွယ်ရေး ဖုန်းတိုင်တွေ ထူပေး ဖို့ ပြောကြား ခဲ့ပါတယ်။ ဆက်သွယ် ရေးပိုင်းက အမြန်ဆုံး လုပ်ဆောင် သွားဖို့လည်း ညွှန်ကြားထားပါတယ်”ဟု ဦးမျိုးဇာနည်ဦးက ပြောသည်။
.
မိုင်းဆတ်-တာချီလိတ်လမ်းမှာ ၉၆ ဒသမ ၁ ကီလိုမီတာရှိရာ မိုင်းဆတ်ဘက်တွင် ဝဝ ကီလိုမီတာမှ ၆၂ ကီလိုမီတာ အထိ၊ တာချီလိတ်ဘက် တွင် ၆၂ ကီလိုမီတာမှ ၉၆ ဒသမ ၁ ကီလိုမီတာအထိ ရှိနေပြီး ယင်းတွင် လမ်းအမျိုးအစား များအရ ကတ္တရာ လမ်းအဖြစ် မိုင်းဆတ်ခရိုင် အတွင်း ၌ ၉ ဒသမ ၇ ကီလိုမီတာ၊ ကျောက် လမ်းအဖြစ် မိုင်းဆတ်ဘက်၌ ၂၉ ဒ သမ ၆ ကီလိုမီတာ၊ တာချီလိတ်ဘက် ၌ ၂၆ ဒသမ ၈ ကီလိုမီတာ အမာခံ လမ်းအဖြစ် မိုင်းဆတ်ဘက်၌ ၂၂ ဒ သမ ၇ ကီလိုမီတာ၊ မြေသားလမ်းအ ဖြစ် တာချီလိတ်ဘက်၌ ၇ ဒသမ ၃ ကီလိုမီတာ ရှိကြောင်း သိရသည်။
.
လုပ်ငန်းစဉ်များတွင် ၅ မီတာအ ကျယ် ကွန်ကရစ် လမ်းခင်းခြင်း၊ ကျောက်ရောမြေဖြင့် အောက်ခံမြေ လွှာ ပြုပြင်ခြင်း၊ လမ်းဖြည့်ခြင်း၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ သြထ ဃကူလနမအ တည်ဆောက်ခြင်းတို့ လုပ် ဆောင်သွားရန်ရှိပြီး အဆိုပါ လမ်း ပိုင်း၌ သြထ ဃကူလနမအ နှင့် ဏငစန ဃကူ-လနမအ ၁၀၃ စင်း၊ ၅၀ ပေအောက်ရှိ တံတား ၁၂ စင်း၊ ၅၀ ပေမှ ၁ဝဝ ပေ ရှိ တံတား ၅ စင်း၊ ၁ဝဝ ပေမှ ပေ ၁၈၀ တံတား ၂ စင်း၊ ၁၈၀ ပေအ ထက် တံတား ၁ စင်း စုစုပေါင်း တံ တားစင်းရေ ၁၂၃ စင်းရှိကြောင်း သိရသည်။
.
မိုင်းဆတ်-တာဆန်းလမ်းပိုင်းအ ရှည် ၃၃ မိုင်တွင်မူ လွယ်ပွတ်ကျောက် တောင် ဖြိုချကာ လမ်းပိုင်းချဲ့ထွင်မှု အပိုင်းမှာ ခက်ခဲသော်လည်း ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ် ပြီး မိုင်းတုံ-နားကောင်းမူး-မုံးထကွန် ကရစ် ခင်းခြင်းလုပ်ငန်းများ လုပ် ဆောင်နေရာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် တွင် ၂ ကီလိုမီတာ ပြီးစီးခဲ့ပြီ ဖြစ် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းတုံ-မိုင်း ဆတ် မြို့နယ်အတွင်းရှိ လမ်းများမှ ယခင်က မြေသားလမ်းများသာ ဖြစ်သည့်အပြင် မတ်စောက်၍ အကွေ့အကောက်များသည့်အတွက် ခရီးသွား များအတွက် အန္တရာယ်များလှသည့်အ ပြင် မကြာခဏ ယာဉ်တိမ်းမှောက်ခြင်း များ ဖြစ်ပေါ်ခဲ့ကြရာမှ ယခုတွင် လမ်း ပိုင်းများ အဆင်ပြေ ချောမွေ့လာသည့် အတွက် ယာဉ်အန္တရာယ် လျော့ပါး လာခြင်း၊ ခရီးသွား မြန်ဆန်လာခြင်း တို့ကြောင့် ဒေသတိုးတက်မှုမြင့်တက် နေသဖြင့် ဒေသနေ ပြည်သူများ အ ဆင်ပြေလာလျက်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats