မိုင္းျဖတ္တြင္ ကေလးငယ္တစ္ဦး တူမီးေသနတ္ထိမွန္ေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 13, 2019

မိုင္းျဖတ္တြင္ ကေလးငယ္တစ္ဦး တူမီးေသနတ္ထိမွန္ေသဆံုး


ေကာင္းမြန္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ေတာညဳေက်းရြာအုပ္စု၊ ဆိုက္ေခါင္ေက်းရြာတြင္ ဇူလိုင္လ ၁၁ ရက္၊ ညပိုင္းက ကေလးငယ္တစ္ဦး တူမီးေသနတ္ထိမွန္၍ ေသဆံုးခဲ့ေၾကာင္း သိရသည္။
.
 .
ဆိုင္ေခါင္ေက်းရြာေန ဦးက်မူးသည္ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းခြင္မွ အိမ္သို႔ ျပန္လာၿပီးေနာက္ ယမ္းေထာင္းထား သည့္ မပစ္ခတ္ရေသးေသာ တူမီးေသနတ္အား ေနအိမ္အိပ္ခန္းအဝတြင္ ေထာင္ထားကာ မိသားစုႏွင့္အတူ ထမင္း စားၿပီးခ်ိန္တြင္ သားျဖစ္သူ ေမာင္က်ေစမွ ဖခင္ျဖစ္သူအား ေကာ္ဖီတိုက္၍ အိပ္ခန္းအတြင္းသို႔ ဝင္သြားၿပီးေနာက္ ျပန္အထြက္တြင္ တူမီးေသနတ္အား ဝင္တိုက္မိရာမွ ေသနတ္လဲက်ကာ ေမာင္က်ေစ၏ ဦးေခါင္းေနာက္မွ ေဖာက္ဝင္ ဒဏ္ရာျဖင့္ ဦးေခါင္းေပါက္ထြက္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
ေမာင္က်ေစ ေသဆံုးမႈႏွင့္ ပတ္သက္၍ လူကိုေသေစႏိုင္ေသာ ယမ္းေထာင္းထားသည့္ တူမီးေသနတ္ကို ေပါ့ဆစြာ ထားရွိခဲ့ရာမွ သားျဖစ္သူ ေသဆံုးေစခဲ့သည့္ ဖခင္ျဖစ္သူ ဦးက်မူးအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၄ (က) ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
မိုင်းဖြတ်တွင် ကလေးငယ်တစ်ဦး တူမီးသေနတ်ထိမှန်သေဆုံး
.
ကောင်းမွန်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် ဇူလိုင်လ ၁၁ ရက်၊ ညပိုင်းက ကလေးငယ်တစ်ဦး တူမီးသေနတ်ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
.
ဆိုင်ခေါင်ကျေးရွာနေ ဦးကျမူးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်မှ အိမ်သို့ ပြန်လာပြီးနောက် ယမ်းထောင်းထား သည့် မပစ်ခတ်ရသေးသော တူမီးသေနတ်အား နေအိမ်အိပ်ခန်းအဝတွင် ထောင်ထားကာ မိသားစုနှင့်အတူ ထမင်း စားပြီးချိန်တွင် သားဖြစ်သူ မောင်ကျစေမှ ဖခင်ဖြစ်သူအား ကော်ဖီတိုက်၍ အိပ်ခန်းအတွင်းသို့ ဝင်သွားပြီးနောက် ပြန်အထွက်တွင် တူမီးသေနတ်အား ဝင်တိုက်မိရာမှ သေနတ်လဲကျကာ မောင်ကျစေ၏ ဦးခေါင်းနောက်မှ ဖောက်ဝင် ဒဏ်ရာဖြင့် ဦးခေါင်းပေါက်ထွက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မောင်ကျစေ သေဆုံးမှုနှင့် ပတ်သက်၍ လူကိုသေစေနိုင်သော ယမ်းထောင်းထားသည့် တူမီးသေနတ်ကို ပေါ့ဆစွာ ထားရှိခဲ့ရာမှ သားဖြစ်သူ သေဆုံးစေခဲ့သည့် ဖခင်ဖြစ်သူ ဦးကျမူးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats