မိုင်းပန်တွင် အာဇာနည်ဗိမ္မာန် ပုံစံတူ ပြုလုပ်ကာ အာဇာနည်နေ့ အခမ်းအနားအား ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, July 18, 2019



စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့တွင် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၇ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမ္မာန်အတိုင်း ပုံစံတူကို ယာယီပြုလုပ်ကာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
အခု ၁၈ ရက်ဆို ပြီးပါပြီ၊ ရန်ကုန်က အာဇာနည်ဗိမ္မာန်ကို  မရောက်ူးတဲ့ လူထုအတွက် ရည်ရွယ်ပြီး တည်ဆောက်တာပါ၊ အာဇာနည်နေမှာ လွမ်းသူ့ပန်းခွေ ချ ဂါရ၀ပြုနိုင်ဖို့ ဖြစ်ပါတယ်ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြောသည်။
.
အဆိုပါ အာဇာနည် ဗိမ္မာန်ပုံတူကို မြို့နယ်အတွင်းမှ ဌာနပေါင်းစုံအကူအညီဖြင့် မိုင်းပန်မြို့၊ အရှေ့ရပ်ကွက်ရှိ အထက်တန်းကျောင်း ဘောလုံးကွင်းအတွင်းဇူလိုင်လ ၁၈ ရက်တွင် အပြီး တည်ဆောက်မည်ဖြစ်ကာ အခမ်းအနားပြီးပါက ပြန်လည်ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
ယင်း အခမ်းအနားတွင် အာဇာနည် ၉ ဦးအား ရည်စူးသံဃာတော် ၉ ပါးအား အရဏ်ဆွမ်း ဆက်ကပ်အမျှ ပေးဝေခြင်း၊ လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုခြင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥသြဆွဲခြင်းနှင့် ငြိမ်သက် ဆုတောင်းခြင်းများ ပြုလုပ်မည်ဖြစ်သည့်အပြင် အာဇာနည်နေအထိမ်းအမှတ် စာပေပြိုင်ပွဲ ဆုရရှိသူများကို ဆုချီးမြင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


==================

မိုင်းပန်တွင် အာဇာနည်ဗိမ္မာန် ပုံစံတူ ပြုလုပ်ကာ အာဇာနည်နေ့ အခမ်းအနားအား ကျင်းပမည်
.
စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့တွင် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၇၂ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမ္မာန်အတိုင်း ပုံစံတူကို ယာယီပြုလုပ်ကာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
အခု ၁၈ ရက်ဆို ပြီးပါပြီ၊ ရန်ကုန်က အာဇာနည်ဗိမ္မာန်ကို  မရောက်ဖူးတဲ့ လူထုအတွက် ရည်ရွယ်ပြီး တည်ဆောက်တာပါ၊ အာဇာနည်နေ့မှာ လွမ်းသူ့ပန်းခွေ ချ ဂါရဝပြုနိုင်ဖို့ ဖြစ်ပါတယ်ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြောသည်။
.
အဆိုပါ အာဇာနည် ဗိမ္မာန်ပုံတူကို မြို့နယ်အတွင်းမှ ဌာနပေါင်းစုံ၏ အကူအညီဖြင့် မိုင်းပန်မြို့၊ အရှေ့ရပ်ကွက်ရှိ အထက်တန်းကျောင်း ဘောလုံးကွင်းအတွင်း၌ ဇူလိုင်လ ၁၈ ရက်တွင် အပြီး တည်ဆောက်မည်ဖြစ်ကာ အခမ်းအနားပြီးပါက ပြန်လည်ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
.
ယင်း အခမ်းအနားတွင် အာဇာနည် ၉ ဦးအား ရည်စူး၍ သံဃာတော် ၉ ပါးအား အရုဏ်ဆွမ်း ဆက်ကပ်၍ အမျှ ပေးဝေခြင်း၊ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥသြဆွဲခြင်းနှင့် ငြိမ်သက် ဆုတောင်းခြင်းများ ပြုလုပ်မည်ဖြစ်သည့်အပြင် အာဇာနည်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ဆုရရှိသူများကို ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats