မိုင္းယန္းတြင္ ႏွစ္စဥ္က်င္းပသည့္ နတ္ပုန္းပြဲ၌ ေျခာက္ေကာင္ ေလာင္းကစား (ဂံုးဂင္း)ဝိုင္းမ်ား ထည့္သြင္း က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, July 14, 2019

မိုင္းယန္းတြင္ ႏွစ္စဥ္က်င္းပသည့္ နတ္ပုန္းပြဲ၌ ေျခာက္ေကာင္ ေလာင္းကစား (ဂံုးဂင္း)ဝိုင္းမ်ား ထည့္သြင္း က်င္းပ


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ နယ္စပ္ ၿမိဳ႕ျဖစ္သည့္ က်ိဳင္းတံုခ႐ိုင္၊ မိုင္းယန္း ၿမိဳ႕တြင္ ႏွစ္စဥ္ ႐ိုးရာဓေလ့အျဖစ္ က်င္းပေသာ နတ္ပုန္းပြဲ၌ ေျခာက္ေကာင္ ေလာင္းကစားခံု (ဂံုးဂင္း) ဝိုင္းမ်ား ထည့္သြင္းက်င္းပေလ့ရွိေၾကာင္း သိရသည္။
.
 .
မိုင္းယန္းၿမိဳ႕တြင္ က်င္းပသည့္ နတ္ပုန္းပြဲကို ႏွစ္စဥ္ နယုန္လတြင္ တစ္ရက္တာ က်င္းပၿပီး ယင္းေန႔၏ နံနက္မိုးလင္းစ အခ်ိန္မွစတင္၍ ၿမိဳ႕ သူ/သားမ်ားသည္ င္းတို႔ ေနထိုင္ သည့္ အိမ္မ်ားႏွင့္ ေဈးဆိုင္မ်ားကို တံခါး ပိတ္ထားေလ့ရွိၿပီး ၿမိဳ႕ျပင္ထြက္ ေနျခင္းႏွင့္ ဘုန္းႀကီးေက်ာင္းမ်ားသို႔ သြားေရာက္ေနထိုင္ျခင္းမ်ား ျပဳလုပ္ ၾကေၾကာင္း သိရသည္။
.
“ကြ်န္ေတာ္ ငယ္ငယ္ကတည္းက နတ္ပုန္းပြဲဆိုရင္ ေျခာက္ေကာင္ခံု ကစားခဲ့ၾကပါတယ္။ ရဲနဲ႔ တျခားကို ပိုက္ဆံေပးရလား၊ မေပးရဘူးလား ဆိုတာေတာ့ မသိပါဘူး”ဟု မိုင္းယန္းေဒသခံတစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
နတ္ပုန္းပြဲကို မိုင္းယန္းၿမိဳ႕ေပၚ ရပ္ကြက္ႏွင့္ ေက်းရြာတစ္ခုတို႔၌သာ ႏွစ္စဥ္ က်င္းပျခင္းျဖစ္ၿပီး ယင္းေနရာမ်ားတြင္ ေနထိုင္သူအားလံုးသည္ ပြဲက်င္းပခ်ိန္ ၿပီးဆံုးေၾကာင္း အမွတ္အသားအျဖစ္ ညေန ၃ နာရီအခ်ိန္တြင္ ေဗ်ာက္ေသနတ္သံ ၃ ခ်က္တိတိ ၾကားၿပီးလွ်င္ မိမိေနအိမ္မ်ားႏွင့္ ေဈး ဆိုင္မ်ားသို႔ ျပန္လာၿပီး ဖြင့္လွစ္ျခင္း မ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရသည္။
.
မိုင္းယန္း ၿမိဳ႕နယ္သည္ ေရွးေဟာင္း အယူအဆစြဲ ဓေလ့မ်ားရွိၿပီး ၁၉၈၈ ခုႏွစ္ အခ်ိန္ကာလခန္႔ အထိ အဂၤလိပ္ ေဂ်ာ့ဘုရင္ ဦးေခါင္းတံဆိပ္ ပံုပါ ေၾကးဒဂၤါးဝိုင္းမ်ားႏွင့္ ျမန္မာႏိုင္ ငံေတာ္ ဗဟိုဘဏ္မွ ထုတ္ေဝေသာ ခဲျဖင့္ သြန္းလုပ္ထားသည့္ ငါးျပားေစ့၊ ဆယ္ျပားေစ့၊ တစ္မတ္ေစ့၊ ငါးမူးေစ့ ႏွင့္ တစ္က်ပ္ေစ့မ်ားကို ကုန္စည္ဖ လွယ္ ေရာင္းဝယ္ရာ၌ သံုးစြဲသည့္ ဓ ေလ့ ထြန္းကား ခဲ့ဖူးသည္ဟု ကိုယ္ တိုင္ႀကံဳေတြ႕ဖူးသည့္ အၿငိမ္းစား ဝန္ထမ္းေဟာင္း တစ္ဦးထံမွ သိရသည္။
.
မိုင်းယန်းတွင် နှစ်စဉ်ကျင်းပသည့် နတ်ပုန်းပွဲ၌ ခြောက်ကောင် လောင်းကစား (ဂုံးဂင်း)ဝိုင်းများ ထည့်သွင်း ကျင်းပ
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ် မြို့ဖြစ်သည့် ကျိုင်းတုံခရိုင်၊ မိုင်းယန်း မြို့တွင် နှစ်စဉ် ရိုးရာဓလေ့အဖြစ် ကျင်းပသော နတ်ပုန်းပွဲ၌ ခြောက်ကောင် လောင်းကစားခုံ (ဂုံးဂင်း) ဝိုင်းများ ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။
.
မိုင်းယန်းမြို့တွင် ကျင်းပသည့် နတ်ပုန်းပွဲကို နှစ်စဉ် နယုန်လတွင် တစ်ရက်တာ ကျင်းပပြီး ယင်းနေ့၏ နံနက်မိုးလင်းစ အချိန်မှစတင်၍ မြို့ သူ/သားများသည် င်းတို့ နေထိုင် သည့် အိမ်များနှင့် ဈေးဆိုင်များကို တံခါး ပိတ်ထားလေ့ရှိပြီး မြို့ပြင်ထွက် နေခြင်းနှင့် ဘုန်းကြီးကျောင်းများသို့ သွားရောက်နေထိုင်ခြင်းများ ပြုလုပ် ကြကြောင်း သိရသည်။
.
“ကျွန်တော် ငယ်ငယ်ကတည်းက နတ်ပုန်းပွဲဆိုရင် ခြောက်ကောင်ခုံ ကစားခဲ့ကြပါတယ်။ ရဲနဲ့ တခြားကို ပိုက်ဆံပေးရလား၊ မပေးရဘူးလား ဆိုတာတော့ မသိပါဘူး”ဟု မိုင်းယန်းဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နတ်ပုန်းပွဲကို မိုင်းယန်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာတစ်ခုတို့၌သာ နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး ယင်းနေရာများတွင် နေထိုင်သူအားလုံးသည် ပွဲကျင်းပချိန် ပြီးဆုံးကြောင်း အမှတ်အသားအဖြစ် ညနေ ၃ နာရီအချိန်တွင် ဗျောက်သေနတ်သံ ၃ ချက်တိတိ ကြားပြီးလျှင် မိမိနေအိမ်များနှင့် ဈေး ဆိုင်များသို့ ပြန်လာပြီး ဖွင့်လှစ်ခြင်း များ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
.
မိုင်းယန်း မြို့နယ်သည် ရှေးဟောင်း အယူအဆစွဲ ဓလေ့များရှိပြီး ၁၉၈၈ ခုနှစ် အချိန်ကာလခန့် အထိ အင်္ဂလိပ် ဂျော့ဘုရင် ဦးခေါင်းတံဆိပ် ပုံပါ ကြေးဒင်္ဂါးဝိုင်းများနှင့် မြန်မာနိုင် ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေသော ခဲဖြင့် သွန်းလုပ်ထားသည့် ငါးပြားစေ့၊ ဆယ်ပြားစေ့၊ တစ်မတ်စေ့၊ ငါးမူးစေ့ နှင့် တစ်ကျပ်စေ့များကို ကုန်စည်ဖ လှယ် ရောင်းဝယ်ရာ၌ သုံးစွဲသည့် ဓ လေ့ ထွန်းကား ခဲ့ဖူးသည်ဟု ကိုယ် တိုင်ကြုံတွေ့ဖူးသည့် အငြိမ်းစား ဝန်ထမ်းဟောင်း တစ်ဦးထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats