မိုင္းတံုတြင္ ခင္ပြန္းျဖစ္သူ ေရွ႕တန္းသြားေနစဥ္ ေဖာက္ျပန္သူဇနီးအား တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, July 16, 2019

မိုင္းတံုတြင္ ခင္ပြန္းျဖစ္သူ ေရွ႕တန္းသြားေနစဥ္ ေဖာက္ျပန္သူဇနီးအား တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းတံုၿမိဳ႕တြင္ ခင္ပြန္းျဖစ္သူ ေရွ႕တန္းတာဝန္ထမ္းေဆာင္ေနစဥ္ ေနာက္တြင္ က်န္ရစ္ခဲ့သူ ဇနီးမွ ကိုယ္ဝန္ ၄ လ ရွိေအာင္ ေဖာက္ျပန္ေနသျဖင့္ ဇူလိုင္လ ၁၅ ရက္က ခင္ပြန္းျဖစ္သူမွ တစ္လင္တစ္မယား ဥပေဒျဖင့္ မိုင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
.
 .
မိုင္းတံုၿမိဳ႕ရွိ အေျမာက္တပ္ရင္းမွ ခင္ပြန္းျဖစ္သူသည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၇ ရက္က ေရွ႕တန္းတာဝန္ ထမ္းေဆာင္ရန္ ခရီးထြက္ေနစဥ္ ေနာက္တြင္ က်န္ရစ္သည့္ ဇနီးျဖစ္သူမွ တစ္တပ္တည္းေန စစ္သည္တစ္ဦး၏ သားႏွင့္ ေဖာက္ျပန္ခဲ့ၿပီး ကိုယ္ဝန္ ၄ လ ရေနသည္ကို တပ္ရင္းမွ စစ္ေဆးေဖာ္ထုတ္ သိရွိခဲ့ရသျဖင့္ ဥပေဒအရ အေရးယူႏိုင္ရန္ မိုင္းတံုၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ ခင္ပြန္းရွိလ်က္ အျခားအမ်ိဳးသားႏွင့္ ေဖာက္ျပန္ခဲ့သည့္ ဇနီးျဖစ္သူကို မိုင္းတံုၿမိဳ႕မရဲစခန္းမွ(ပ)၁၄/၂၀၁၉၊ တစ္လင္တစ္မယား ဥပေဒပုဒ္မ ၁၃ ျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ကာ ဥပေဒအရ အေရးယူႏိုင္ေရး ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
.
============================================================
မိုင်းတုံတွင် ခင်ပွန်းဖြစ်သူ ရှေ့တန်းသွားနေစဉ် ဖောက်ပြန်သူဇနီးအား တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် ခင်ပွန်းဖြစ်သူ ရှေ့တန်းတာဝန်ထမ်းဆောင်နေစဉ် နောက်တွင် ကျန်ရစ်ခဲ့သူ ဇနီးမှ ကိုယ်ဝန် ၄ လ ရှိအောင် ဖောက်ပြန်နေသဖြင့် ဇူလိုင်လ ၁၅ ရက်က ခင်ပွန်းဖြစ်သူမှ တစ်လင်တစ်မယား ဥပဒေဖြင့် မိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။
.
မိုင်းတုံမြို့ရှိ အမြောက်တပ်ရင်းမှ ခင်ပွန်းဖြစ်သူသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က ရှေ့တန်းတာဝန် ထမ်းဆောင်ရန် ခရီးထွက်နေစဉ် နောက်တွင် ကျန်ရစ်သည့် ဇနီးဖြစ်သူမှ တစ်တပ်တည်းနေ စစ်သည်တစ်ဦး၏ သားနှင့် ဖောက်ပြန်ခဲ့ပြီး ကိုယ်ဝန် ၄ လ ရနေသည်ကို တပ်ရင်းမှ စစ်ဆေးဖော်ထုတ် သိရှိခဲ့ရသဖြင့် ဥပဒေအရ အရေးယူနိုင်ရန် မိုင်းတုံမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ခင်ပွန်းရှိလျက် အခြားအမျိုးသားနှင့် ဖောက်ပြန်ခဲ့သည့် ဇနီးဖြစ်သူကို မိုင်းတုံမြို့မရဲစခန်းမှ(ပ)၁၄/၂၀၁၉၊ တစ်လင်တစ်မယား ဥပဒေပုဒ်မ ၁၃ ဖြင့် ဖမ်းဆီးချုပ်နှောင်ကာ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment