မိုင္းကိုင္ၿမိဳ႕တြင္ ၿမိဳ႕နယ္အဆင့္ သဘာဝေဘးေလ်ာ့ပါးေရး အလုပ္႐ံု ေဆြးေႏြးပြဲက်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 27, 2019

မိုင္းကိုင္ၿမိဳ႕တြင္ ၿမိဳ႕နယ္အဆင့္ သဘာဝေဘးေလ်ာ့ပါးေရး အလုပ္႐ံု ေဆြးေႏြးပြဲက်င္းပ


ကေမ႓ာဇတိုင္း
.
လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ ပူးေပါင္း က်င္းပေသာ ၿမိဳ႕နယ္အဆင့္သ ဘာဝေဘးေလ်ာ့ပါးေရး အလုပ္႐ံုေဆြး ေႏြးပြဲအား မိုင္းကိုင္ၿမိဳ႕နယ္ အေထြ ေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ံုး အစည္း အေဝးခန္းမတြင္ ဇူလိုင္လ ၁၈ ရက္ ေန႔က က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 
.
 .
ေဆြးေႏြးပြဲတြင္ ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံု၊ ရွမ္းျပည္နယ္ေဘးအႏၱရာယ္ဆိုင္ရာ စီမံ ခန္႔ခြဲမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးဦး စိုးႏိုင္ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္ သဘာဝေဘးစီမံခန္႔ခြဲမႈအဖြဲ႕ ဥကၠဌ၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးရဲထြန္းေအာင္တို႔မွ အမွာစကားေျပာၾကားခဲ့ၾကၿပီး မိုင္း ကိုင္ၿမိဳ႕နယ္အတြင္း သဘာဝေဘး ေလ်ာ့ပါးေရးဆိုင္ရာ ကိစၥရပ္မ်ားအား ဝိုင္းဝန္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

.
အဆိုပါေဆြးေႏြးပြဲသို႔ ၿမိဳ႕နယ္အ ဆင့္ ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိ သူမ်ား စုစုေပါင္းအင္အား ၉၀ ဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
.
============================================================
မိုင်းကိုင်မြို့တွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
.
ကမ္ဘောဇတိုင်း
.
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပသော မြို့နယ်အဆင့်သ ဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေး နွေးပွဲအား မိုင်းကိုင်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ဇူလိုင်လ ၁၈ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းလုံ၊ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦး စိုးနိုင်နှင့် မိုင်းကိုင်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲထွန်းအောင်တို့မှ အမှာစကားပြောကြားခဲ့ကြပြီး မိုင်း ကိုင်မြို့နယ်အတွင်း သဘာဝဘေး လျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အ ဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိ သူများ စုစုပေါင်းအင်အား ၉၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment