မိုးနဲၿမိဳ႕ရွိ ဘုရား ပရဝဏ္ေျမ အျငင္းပြားမႈႏွင့္ ပတ္သက္၍ သမၼတထံ ထပ္မံတိုင္ၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 14, 2019

မိုးနဲၿမိဳ႕ရွိ ဘုရား ပရဝဏ္ေျမ အျငင္းပြားမႈႏွင့္ ပတ္သက္၍ သမၼတထံ ထပ္မံတိုင္ၾကား


မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခ႐ိုင္၊ မိုးနဲၿမိဳ႕ရွိ ဘုရားပရဝဏ္အတြင္း၌ ျပည္သူလူထု၏ သေဘာဆႏၵ မပါဘဲ အိမ္ေျမကြက္ ၂၇ ကြက္ ႐ိုက္ ယူထားသည့္ ကိစၥႏွင့္ ပတ္သက္၍ မိုးနဲၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဦးေဇာ္ႀကီး(ေခၚ) ဦး ခင္ေမာင္ေထြးက ႏိုင္ငံေတာ္သမၼတ ထံသို႔ ဇြန္လ ၂၆ ရက္တြင္ ထပ္မံ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
.
 .
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၂၂ ရက္က ပထမအႀကိမ္ တိုင္ၾကားခဲ့မႈေၾကာင့္ ဇြန္လ ၁၀ ရက္တြင္ ဦးေဇာ္ႀကီး အပါအဝင္ တိုင္ၾကားသူ ၁၀ ဦးကို ၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမွဴးက ဦးေဆာင္၍ ေခၚယူစစ္ေဆးစဥ္ ေျပလည္ေအာင္ ေဆာင္ရြက္ေပးမႈ မရွိသည့္အျပင္ ၎တစ္ဦးတည္းကို ေခၚယူ၍ တရားစြဲ ဆိုမႈသာ ျပဳလုပ္ရန္ ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
“ကြ်န္ေတာ္တို႔က အေျခခံလူတန္းစားေတြျဖစ္ၿပီး ဥပေဒေရးရာပိုင္းနဲ႔ တရားစြဲဆိုမႈ အပိုင္းကို နားမလည္ပါဘူး။ ခုကိစၥက အုပ္ခ်ဳပ္ေရးပိုင္းက လုပ္ေဆာင္ေပးရမယ့္ ကိစၥကို ခုလို တရားစြဲဆိုဖို႔သာ ေျပာဆိုမႈဟာ ကြ်န္ ေတာ္တို႔ ျဖစ္ေစခ်င္တဲ့ ႏွစ္ဦးႏွစ္ဖက္ ေခၚယူညႇိႏိႈင္းၿပီး မွန္ကန္တဲ့ အေျဖ ထြက္ေစခ်င္တာကို လြဲေခ်ာ္ေစၿပီးတာဝန္မဲ့ရာ ေရာက္လြန္းတာ ျဖစ္လို႔ ႏိုင္ငံေတာ္ သမၼတထံ ထပ္မံတိုင္ၾကား ရျခင္းျဖစ္ပါတယ္”ဟု ဦးေဇာ္ႀကီးက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
မိုးနဲၿမိဳ႕၊ လြိဳင္ေျမရပ္ကြက္ရွိ မဟာရန္ေအာင္ႏွင့္ သာသနာ ၂၅၀ဝ ဘုရား ပရဝဏ္ ေျမေပၚတြင္ အိမ္ရာေျမကြက္ ၂၇ ကြက္ ခ်ထားေပးရာ တြင္ ၁၉၉၀ ခုႏွစ္ကတည္းက ေျမ ယာမ်ားကို ခုတ္ထြင္ရွင္းလင္း၍ ေန ထိုင္သူမ်ား မပါရွိဘဲ အျခားသူမ်ားကိုသာ ခ်ထားေပးမႈအေပၚ ဦးေဇာ္ႀကီး အပါအဝင္ ကန္႔ကြက္သူ ၁၉ ဦးက ႏိုင္ငံေတာ္ အႀကီးအကဲမ်ားထံသို႔ တိုင္ၾကားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထပ္ မံတိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္းသိရ သည္။
.
တိုင္ၾကားသူမ်ား၏ ဆႏၵမွာ အ ထက္ဌာန တာဝန္ရွိသူမ်ား ကိုယ္ တိုင္ ေျမျပင္ကြင္းဆင္း၍ ေျပလည္ ေအာင္ ေဆာင္ရြက္ေပးေစလိုျခင္း ျဖစ္ေၾကာင္း တိုင္ၾကားစာတြင္ ပါရွိ သည္။
.
မိုးနဲၿမိဳ႕နယ္ စီမံခန္႔ခြဲမႈ ေကာ္မ တီမွ ဦးေဇာ္ႀကီးထံသို႔ ဇြန္လ ၂၁ ရက္က ေပးပို႔သည့္စာတြင္ လင္းေခး ခ႐ိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီ၏ အႀကံ ျပဳခ်က္ပါအတိုင္း ဥပေဒအရ ေျဖရွင္း ေဆာင္ရြက္သြားရန္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ အေၾကာင္းၾကားလာမႈ အေပၚ ဥပေဒေၾကာင္းအရ ေျဖရွင္း ေဆာင္ရြက္သြားရန္ ထပ္ဆင့္ အေၾကာင္းၾကားသည္ဟု ပါရွိေၾကာင္း သိရသည္။
.
မိုးနဲမြို့ရှိ ဘုရား ပရဝဏ်မြေ အငြင်းပွားမှုနှင့် ပတ်သက်၍ သမ္မတထံ ထပ်မံတိုင်ကြား
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့ရှိ ဘုရားပရဝဏ်အတွင်း၌ ပြည်သူလူထု၏ သဘောဆန္ဒ မပါဘဲ အိမ်မြေကွက် ၂၇ ကွက် ရိုက် ယူထားသည့် ကိစ္စနှင့် ပတ်သက်၍ မိုးနဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးဇော်ကြီး(ခေါ်) ဦး ခင်မောင်ထွေးက နိုင်ငံတော်သမ္မတ ထံသို့ ဇွန်လ ၂၆ ရက်တွင် ထပ်မံ တိုင်ကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်က ပထမအကြိမ် တိုင်ကြားခဲ့မှုကြောင့် ဇွန်လ ၁၀ ရက်တွင် ဦးဇော်ကြီး အပါအဝင် တိုင်ကြားသူ ၁၀ ဦးကို မြို့ နယ်အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ခေါ်ယူစစ်ဆေးစဉ် ပြေလည်အောင် ဆောင်ရွက်ပေးမှု မရှိသည့်အပြင် ၎င်းတစ်ဦးတည်းကို ခေါ်ယူ၍ တရားစွဲ ဆိုမှုသာ ပြုလုပ်ရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့က အခြေခံလူတန်းစားတွေဖြစ်ပြီး ဥပဒေရေးရာပိုင်းနဲ့ တရားစွဲဆိုမှု အပိုင်းကို နားမလည်ပါဘူး။ ခုကိစ္စက အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ပေးရမယ့် ကိစ္စကို ခုလို တရားစွဲဆိုဖို့သာ ပြောဆိုမှုဟာ ကျွန် တော်တို့ ဖြစ်စေချင်တဲ့ နှစ်ဦးနှစ်ဖက် ခေါ်ယူညှိနှိုင်းပြီး မှန်ကန်တဲ့ အဖြေ ထွက်စေချင်တာကို လွဲချော်စေပြီးတာဝန်မဲ့ရာ ရောက်လွန်းတာ ဖြစ်လို့ နိုင်ငံတော် သမ္မတထံ ထပ်မံတိုင်ကြား ရခြင်းဖြစ်ပါတယ်”ဟု ဦးဇော်ကြီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်ရှိ မဟာရန်အောင်နှင့် သာသနာ ၂၅ဝဝ ဘုရား ပရဝဏ် မြေပေါ်တွင် အိမ်ရာမြေကွက် ၂၇ ကွက် ချထားပေးရာ တွင် ၁၉၉၀ ခုနှစ်ကတည်းက မြေ ယာများကို ခုတ်ထွင်ရှင်းလင်း၍ နေ ထိုင်သူများ မပါရှိဘဲ အခြားသူများကိုသာ ချထားပေးမှုအပေါ် ဦးဇော်ကြီး အပါအဝင် ကန့်ကွက်သူ ၁၉ ဦးက နိုင်ငံတော် အကြီးအကဲများထံသို့ တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ထပ် မံတိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။
.
တိုင်ကြားသူများ၏ ဆန္ဒမှာ အ ထက်ဌာန တာဝန်ရှိသူများ ကိုယ် တိုင် မြေပြင်ကွင်းဆင်း၍ ပြေလည် အောင် ဆောင်ရွက်ပေးစေလိုခြင်း ဖြစ်ကြောင်း တိုင်ကြားစာတွင် ပါရှိ သည်။
.
မိုးနဲမြို့နယ် စီမံခန့်ခွဲမှု ကော်မ တီမှ ဦးဇော်ကြီးထံသို့ ဇွန်လ ၂၁ ရက်က ပေးပို့သည့်စာတွင် လင်းခေး ခရိုင် စီမံခန့်ခွဲမှု ကော်မတီ၏ အကြံ ပြုချက်ပါအတိုင်း ဥပဒေအရ ဖြေရှင်း ဆောင်ရွက်သွားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အကြောင်းကြားလာမှု အပေါ် ဥပဒေကြောင်းအရ ဖြေရှင်း ဆောင်ရွက်သွားရန် ထပ်ဆင့် အကြောင်းကြားသည်ဟု ပါရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats