ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ျခင္း ျဖစ္သည့္အတြက္ ျမန္မာအလံ ကိုင္ေဆာင္ျခင္းျဖစ္ေၾကာင္း အလွမယ္ နန္းေမြခမ္း ရွင္းလင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 20, 2019

ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ျခင္း ျဖစ္သည့္အတြက္ ျမန္မာအလံ ကိုင္ေဆာင္ျခင္းျဖစ္ေၾကာင္း အလွမယ္ နန္းေမြခမ္း ရွင္းလင္း


မင္းေဇာ္မင္း 
.
တ႐ုတ္ႏိုင္ငံ၊ Chengdu ၿမိဳ႕တြင္ က်င္းပမည့္ Miss Friendship International 2019 ၿပိဳင္ပြဲသို႔ သြားေရာက္ ယွဥ္ၿပိဳင္မည့္ နမ့္ခမ္းၿမိဳ႕မွ အလွမယ္ နန္းေမြခမ္းက ျမန္မာ ႏိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ျခင္း ျဖစ္သည့္ အတြက္ ျမန္မာႏိုင္ငံေတာ္အလံ ကိုင္ေဆာင္၍ ဓါတ္ပံုအ႐ိုက္ခံခဲ့ျခင္းျဖစ္သည္ဟု ေျဖရွင္းေျပာဆိုခဲ့သည္။
.
 .
အလွမယ္ နန္းေမြခမ္းသည္ ဇူလိုင္လ ၁၇ ရက္၊ နံနက္ပိုင္းက မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွ တ႐ုတ္ႏိုင္ငံသို႔ မထြက္ခြာမီတြင္ ျမန္မာႏိုင္ငံေတာ္အလံ ကိုင္ေဆာင္၍ ဓါတ္ပံု႐ိုက္ကူးခဲ့မႈအေပၚ ရွမ္းတိုင္းရင္းသား အခ်ိဳ႕မွ ေဝဖန္မႈမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ျပန္လည္ေျဖရွင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
.
“ယိင္းအေနနဲ႔ ႏိုင္ငံကိုယ္စားျပဳ အလွမယ္ၿပိဳင္ပြဲႀကီး ယွဥ္ၿပိဳင္ဖို႔ ႏိုင္ငံျခားကို ထြက္ခြာတဲ့အခါ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳ ၿပိဳင္ရတဲ့အတြက္ ျမန္မာႏိုင္ငံအလံကို ကိုင္ေဆာင္ၿပီး ဓာတ္ပံု႐ိုက္ရတာျဖစ္ပါတယ္။ ယိင္းအေနနဲ႔ ရွမ္း အမ်ိဳးကို အလြန္ခ်စ္ျမတ္ႏိုးတာေၾကာင့္ National Costume ယွဥ္ၿပိဳင္ဖို႔အတြက္ ယိင္းကိုယ္တိုင္ ေငြကုန္ေၾကးက် ခံကာ ရွမ္းဝတ္စံုလွလွေလးျပင္ဆင္ထားၿပီး ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ထို႔အတူ Talent ၿပိဳင္ပြဲမွာလည္း ရွမ္း႐ိုးရာ အကနဲ႔ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ ႏိုင္ငံတကာက လာေရာက္ယွဥ္ၿပိဳင္မယ့္ အလွမယ္မ်ားအတြက္ လက္ေဆာင္ေပးဖို႔ ကိုလဲ ရွမ္း႐ိုးရာပစၥည္းေတြကို ကိုယ္တိုင္ကိုယ္က် ရွာဝယ္ထားပါတယ္။ Interview မွာ ေမးျမန္းေတာ့လဲ ယိင္းဟာ ရွမ္းလူမ်ိဳးျဖစ္ေၾကာင္း ဂုဏ္ယူစြာေျဖၾကားေလ့ရွိသူပါ။ ရွမ္းလူမ်ိဳးဂုဏ္ထိန္းသိမ္းဖို႔ ယိင္းအၿမဲႀကိဳးစားလ်က္ပါ။ ျမန္မာႏိုင္ငံကုိယ္စားျပဳလာရတဲ့အတြက္ ရွမ္းလူမ်ိဳးအခ်ိဳ႕က ရွမ္းလူမ်ိဳးကို မခ်စ္ဘူးလို႔ ေျပာလာတဲ့အခါ အရမ္းပဲ စိတ္အားငယ္ရပါတယ္။ အရာရာတိုင္းဟာကိုယ့္စိတ္တိုင္းက် လုပ္လို႔မရႏိုင္လိုံ ယိင္းကို စာနာနားလည္ေပးႏိုင္မယ္ လို႔ ယံုၾကည္ပါတယ္။ ေဒသ အသီးသီးမွာရွိတဲ့ ရွမ္းအမ်ိဳးမ်ားအားလံုး က်န္းမာ ခ်မ္းသာၾကပါေစလို႔ ဆုေတာင္းရင္း နန္းေမြခမ္းကို ေစာင့္ေမွ်ာ္အားေပးၾကပါအံုးခ” ဟု အလွမယ္ နန္းေမြခမ္းက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ေမတၱာရပ္ခံ ေျဖရွင္းေရးသားထားျခင္းျဖစ္သည္။
.
အလွမယ္ နန္းေမြခမ္းအတြက္ ယခုၿပိဳင္ပြဲမွာ ဒုတိယအႀကိမ္သြားေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ၿပီး ဇူလိုင္လ ၁၇ ရက္က မႏၲေလးေလဆိပ္မွ တဆင့္ တ႐ုတ္ႏိုင္ငံသို႔ ထြက္ခြာၿပီးေနာက္ Miss Friendship International 2019 ၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိရာ ဇူလိုင္လ ၂၇ ရက္တြင္ Final ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး Top  5 အတြင္း ဝင္ပါက ေနာက္ထပ္ ၅ ရက္ အၾကာတြင္ Grand Final ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္းႏွင့္ အဆိုပါ ၿပိဳင္ပြဲသို႔ ႏိုင္ငံေပါင္း ၆၀ ေက်ာ္ မွ ႏိုင္ငံ့ကိုယ္စားျပဳအလွမယ္မ်ား လာေရာက္ယွဥ္ၿပိဳင္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အတွက် မြန်မာအလံ ကိုင်ဆောင်ခြင်းဖြစ်ကြောင်း အလှမယ် နန်းမွေခမ်း ရှင်းလင်း
.
မင်းဇော်မင်း 
.
တရုတ်နိုင်ငံ၊ Chengdu မြို့တွင် ကျင်းပမည့် Miss Friendship International 2019 ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် နမ့်ခမ်းမြို့မှ အလှမယ် နန်းမွေခမ်းက မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံတော်အလံ ကိုင်ဆောင်၍ ဓါတ်ပုံအရိုက်ခံခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းပြောဆိုခဲ့သည်။
.
အလှမယ် နန်းမွေခမ်းသည် ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ မထွက်ခွာမီတွင် မြန်မာနိုင်ငံတော်အလံ ကိုင်ဆောင်၍ ဓါတ်ပုံရိုက်ကူးခဲ့မှုအပေါ် ရှမ်းတိုင်းရင်းသား အချို့မှ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ဖြေရှင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ယိင်းအနေနဲ့ နိုင်ငံကိုယ်စားပြု အလှမယ်ပြိုင်ပွဲကြီး ယှဉ်ပြိုင်ဖို့ နိုင်ငံခြားကို ထွက်ခွာတဲ့အခါ မြန်မာနိုင်ငံကို ကိုယ်စားပြု ပြိုင်ရတဲ့အတွက် မြန်မာနိုင်ငံအလံကို ကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်ရတာဖြစ်ပါတယ်။ ယိင်းအနေနဲ့ ရှမ်း အမျိုးကို အလွန်ချစ်မြတ်နိုးတာကြောင့် National Costume ယှဉ်ပြိုင်ဖို့အတွက် ယိင်းကိုယ်တိုင် ငွေကုန်ကြေးကျ ခံကာ ရှမ်းဝတ်စုံလှလှလေးပြင်ဆင်ထားပြီး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ Talent ပြိုင်ပွဲမှာလည်း ရှမ်းရိုးရာ အကနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာက လာရောက်ယှဉ်ပြိုင်မယ့် အလှမယ်များအတွက် လက်ဆောင်ပေးဖို့ ကိုလဲ ရှမ်းရိုးရာပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ ရှာဝယ်ထားပါတယ်။ Interview မှာ မေးမြန်းတော့လဲ ယိင်းဟာ ရှမ်းလူမျိုးဖြစ်ကြောင်း ဂုဏ်ယူစွာဖြေကြားလေ့ရှိသူပါ။ ရှမ်းလူမျိုးဂုဏ်ထိန်းသိမ်းဖို့ ယိင်းအမြဲကြိုးစားလျက်ပါ။ မြန်မာနိုင်ငံကိုယ်စားပြုလာရတဲ့အတွက် ရှမ်းလူမျိုးအချို့က ရှမ်းလူမျိုးကို မချစ်ဘူးလို့ ပြောလာတဲ့အခါ အရမ်းပဲ စိတ်အားငယ်ရပါတယ်။ အရာရာတိုင်းဟာကိုယ့်စိတ်တိုင်းကျ လုပ်လို့မရနိုင်လိုံ ယိင်းကို စာနာနားလည်ပေးနိုင်မယ် လို့ ယုံကြည်ပါတယ်။ ဒေသ အသီးသီးမှာရှိတဲ့ ရှမ်းအမျိုးများအားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းရင်း နန်းမွေခမ်းကို စောင့်မျှော်အားပေးကြပါအုံးခ” ဟု အလှမယ် နန်းမွေခမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မေတ္တာရပ်ခံ ဖြေရှင်းရေးသားထားခြင်းဖြစ်သည်။
.
အလှမယ် နန်းမွေခမ်းအတွက် ယခုပြိုင်ပွဲမှာ ဒုတိယအကြိမ်သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်က မန္တလေးလေဆိပ်မှ တဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာပြီးနောက် Miss Friendship International 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ဇူလိုင်လ ၂၇ ရက်တွင် Final ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Top  5 အတွင်း ဝင်ပါက နောက်ထပ် ၅ ရက် အကြာတွင် Grand Final ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆၀ ကျော် မှ နိုင်ငံ့ကိုယ်စားပြုအလှမယ်များ လာရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment