ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့ေသာ သက္ငယ္မုဒိမ္းမႈႏွင့္ ပတ္သက္၍ အမႈမွန္ေပၚေပါက္ေရးအတြက္ လား႐ိႈး၌ လူအင္အား ၅၀၀ ခန္႔ျဖင့္ ဆႏၵထုတ္ေဖာ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Sunday, July 14, 2019

ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့ေသာ သက္ငယ္မုဒိမ္းမႈႏွင့္ ပတ္သက္၍ အမႈမွန္ေပၚေပါက္ေရးအတြက္ လား႐ိႈး၌ လူအင္အား ၅၀၀ ခန္႔ျဖင့္ ဆႏၵထုတ္ေဖာ္


မင္းေဇာ္မင္း 
.
ေနျပည္ေတာ္ရွိ ပုဂၢလိကမူႀကိဳေက်ာင္းတစ္ခုတြင္ ျဖစ္ပြားခဲ့သည့္ သက္ငယ္မုဒိမ္းမႈႏွင့္ ပတ္သက္၍ အမႈမွန္ ေပၚေပါက္ ေစေရးအတြက္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ ယေန႔ ဇူလိုင္လ ၁၄ ရက္၊ နံနက္ပိင္းက လူအင္အား ၅၀၀ ဦးခန္႔ျဖင့္ စုေပါင္းဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။

“ဆႏၵေဖာ္ထုတ္ပြဲမွာ ဘာအခက္အခဲမွ မရွိပါဘူး။ စိတ္တူကုိယ္တူ ခံစားခ်က္တူသူေတြစုေပါင္းၿပီးလုပ္ၾကတာ ျဖစ္လို႔ အင္အား ၅၀၀ ေလာက္ ပါ၀င္ခဲ့ပါတယ္။ ေရွ႕ဆက္လဲ သက္ငယ္မုဒိန္းေတြ ဆက္လက္မျဖစ္ပြားေရး၊ အမ်ိဳးသမီးမ်ား ဘဝ လံုၿခံဳေရး၊ တရား ဥပေဒခိုင္မတ္ေရးတို႔ကို လုပ္ေဆာင္သြားဖို႔ ရွိပါမယ္”ဟု ဆႏၵေဖာ္ထုတ္ပြဲတြင္ ဦးေဆာင္သူ တစ္ဦးျဖစ္သူ ေဒၚနန္းစံပယ္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ရာတြင္ Victoria ေလးကို ရည္ညႊန္းသည့္ စတစ္ကာ အေသးမ်ားကို မ်က္ႏွာတြင္ ကပ္ျခင္း၊ ပံုအေသးမ်ားကို ကိုင္ေဆာင္ျခင္းမ်ားအျပင္ Justic for Victoria  အတြက္ အမွန္တရား ရွာေဖြေဖာ္ထုတ္ ေပးေရး ဒို႔အေရး၊ သက္ငယ္မုဒိန္းမႈပေပ်ာက္ေရး အျမန္ေဆာင္ရြက္ေပးေရး ဒို႔အေရး၊ ကေလးငယ္မ်ားအတြက္ လြတ္လပ္လံုၿခံဳေသာ ဘဝပတ္၀န္းက်င္မ်ား ဖန္တီးေရး ဒို႔အေရး၊ Justic for All လူတိုင္းအတြက္ တရားမွ်တမႈ ရွိေအာင္ ေဆာင္ရြက္ေပးေရး ဒို႔အေရး၊စသည့္ ဗီႏိုင္းပိုစတာမ်ားကို ကိုင္ေဆာင္ကာ ေၾကြးေက်ာ္ဆႏၵေဖာ္ထုတ္ ခဲ့ၾကေၾကာင္း သိရွိရသည္။
.
ဆႏၵေဖာ္ထုတ္ပြဲကို  ဇူလိုင္လ ၁၄ ရက္၊ နံနက္ ၉ နာရီမွ ၁၁ နာရီအထိ လားရႈိးၿမိဳ႕၊ အမွတ္ (၄) ရပ္ကြက္၊ မဟာေဗာဓိရံုေက်ာင္း႐ံု ေက်ာင္းေရွ႕မွ ေရကန္လမ္း၊ လမ္းမေတာ္လမ္း၊ ဘူတာလမ္းအတိုင္း ဗ်ဴဟာလမ္းအထိ ပိုစတာမ်ားကိုင္ေဆာင္ကာ ေၾကြးေက်ာ္သံမ်ားျဖင့္ ခ်ီတက္ခ့ဲၾကၿပီး အျပန္တြင္ ပရဟိတကားမ်ားျဖင့္ ျပန္လည္ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
.
နေပြည်တော်တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် လားရှိုး၌ လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်
.
မင်းဇော်မင်း 
.
နေပြည်တော်ရှိ ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက် စေရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၁၄ ရက်၊ နံနက်ပိင်းက လူအင်အား ၅၀၀ ဦးခန့်ဖြင့် စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
.
“ဆန္ဒဖော်ထုတ်ပွဲမှာ ဘာအခက်အခဲမှ မရှိပါဘူး။ စိတ်တူကိုယ်တူ ခံစားချက်တူသူတွေစုပေါင်းပြီးလုပ်ကြတာ ဖြစ်လို့ အင်အား ၅၀၀ လောက် ပါဝင်ခဲ့ပါတယ်။ ရှေ့ဆက်လဲ သက်ငယ်မုဒိန်းတွေ ဆက်လက်မဖြစ်ပွားရေး၊ အမျိုးသမီးများဘဝ လုံခြုံရေး၊ တရား ဥပဒေခိုင်မတ်ရေးတို့ကို လုပ်ဆောင်သွားဖို့ ရှိပါမယ်”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဒေါ်နန်းစံပယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် Victoria လေးကို ရည်ညွှန်းသည့် စတစ်ကာ အသေးများကို မျက်နှာတွင် ကပ်ခြင်း၊ ပုံအသေးများကို ကိုင်ဆောင်ခြင်းများအပြင် Justic for Victoria  အတွက် အမှန်တရား ရှာဖွေဖော်ထုတ်ပေးရေး ဒို့အရေး၊ သက်ငယ်မုဒိန်းမှုပပျောက်ရေး အမြန်ဆောင်ရွက်ပေးရေး ဒို့အရေး၊ ကလေးငယ်များအတွက် လွတ်လပ်လုံခြုံသော ဘဝပတ်ဝန်းကျင်များ ဖန်တီးရေး ဒို့အရေး၊ Justic for All လူတိုင်းအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးရေး ဒို့အရေး၊စသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ကြွေးကျော်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။
.
ဆန္ဒဖော်ထုတ်ပွဲကို  ဇူလိုင်လ ၁၄ ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ လားရှိုးမြို့၊ အမှတ် (၄) ရပ်ကွက်၊ မဟာဗောဓိရုံကျောင်းကျောင်းရှေ့မှ ရေကန်လမ်း၊ လမ်းမတော်လမ်း၊ ဘူတာလမ်းအတိုင်း ဗျူဟာလမ်းအထိ ပိုစတာများကိုင်ဆောင်ကာ ကြွေးကျော်သံများဖြင့် ချီတက်ခဲ့ကြပြီး အပြန်တွင် ပရဟိတကားများဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats