လား႐ိႈးၿမိဳ႕တြင္ အာဇာနည္ေခါင္းေဆာင္ႀကီး မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္းအား ရည္စူး၍ ဆြမ္းဆက္ကပ္လွဴဒါန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, July 20, 2019

လား႐ိႈးၿမိဳ႕တြင္ အာဇာနည္ေခါင္းေဆာင္ႀကီး မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္းအား ရည္စူး၍ ဆြမ္းဆက္ကပ္လွဴဒါန္း


စိုင္းရာဇာ
.
၁၉၄၇ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္တြင္ က်ဆုံးခဲ့ေသာ ရွမ္းအမ်ိဳးသား အာဇာနည္ေခါင္းေဆာင္ႀကီး မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္းအား ေအာက္ေမ့ရည္စူး၍ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရွိုးၿမိဳ့တြင္ ယေန႔ ဇူလိုင္လ ၂၀ ရက္၊ နံနက္ပိုင္းက သံဃာေတာ္မ်ားအား ဆြမ္းႏွင့္ လွဴဖြယ္ဝတၳဳ အစုစုတို႔ကို ဆက္ကပ္လွဴဒါန္းခဲ့ၾကေၾကာင္း သိရသည္။
.
 .
“ဒီလိုလုပ္တာကေတာ့ ပထမဆုံးအႀကိမ္ျဖစ္တယ္။ သံဃာေတာ္ေတြကို ဆြမ္းနဲ႔ တျခား လွူဖြယ္ပစၥည္းေတြ လွဴခဲ႔တယ္” ဟု ပြဲျဖစ္ေျမာက္ေရး ဦးေဆာင္သူ စိုင္းေက်ာ္ေစာဟန္က ကေမၻာဇတိုင္းသို့ ေျပာသည္။
.
မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္းသည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို့ႏွင့္အတူ ဇူလိုင္လ ၁၉ ရက္တြင္ လုပ္ႀကံခံခဲ့ရ ေသာ္လည္း ယင္းေန႔တြင္ ကြယ္လြန္ျခင္းမဟုတ္ဘဲ ရရွိဒဏ္ရမ်ားျဖင့္ ဇူလိုင္လ ၂၀ ရက္တြင္ က်ဆုံးခဲ့ျခင္း ျဖစ္ၿပီး ယင္းသမိုင္းအမွန္အား သိရွိေစရန္၊ မိုင္းပြန္ေစာ္ဘြား စဝ္စံထြန္း အပါအဝင္ ရွမ္းျပည္နယ္ေခါင္းေဆာင္မ်ား၏ လြတ္လပ္ျခင္းအတြက္ ႀကိဳးပမ္းခဲ့မွုမ်ားကို ျပည္သူလူထုအၾကား သိရွိေစရန္၊ ရွမ္းလူငယ္အဖြဲ႕အစည္းမ်ား စုံညီစြာ ပါဝင္သည့္ ပြဲတစ္ခုမွ အားေကာင္းသည့္ အဖြဲ႕အစည္းတစ္ခုအျဖစ္ ဆက္လက္ခ်ီတက္နိုင္ရန္ စသည့္ရည္ရြယ္ခ်က္ မ်ားျဖင့္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ အခမ္းအနားကို ရွမ္းျပည္နယ္ေက်ာင္းသားမ်ားသမဂၢႏွင့္ ရွမ္းလူငယ္အစည္းအ႐ုံး (TYO) အဖြဲ ့မ်ားမွ ဦးေဆာင္ ျပဳလုပ္ခဲ႔ေၾကာင္း သိရသည္။
.
============================================================
လားရှိုးမြို့တွင် အာဇာနည်ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်း
.
စိုင်းရာဇာ
.
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် ကျဆုံးခဲ့သော ရှမ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းအား အောက်မေ့ရည်စူး၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းက သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
.
“ဒီလိုလုပ်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်။ သံဃာတော်တွေကို ဆွမ်းနဲ့ တခြား လှူဖွယ်ပစ္စည်းတွေ လှူခဲ့တယ်” ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ စိုင်းကျော်စောဟန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ဇူလိုင်လ ၁၉ ရက်တွင် လုပ်ကြံခံခဲ့ရ သော်လည်း ယင်းနေ့တွင် ကွယ်လွန်ခြင်းမဟုတ်ဘဲ ရရှိဒဏ်ရများဖြင့် ဇူလိုင်လ ၂၀ ရက်တွင် ကျဆုံးခဲ့ခြင်း ဖြစ်ပြီး ယင်းသမိုင်းအမှန်အား သိရှိစေရန်၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း အပါအဝင် ရှမ်းပြည်နယ်ခေါင်းဆောင်များ၏ လွတ်လပ်ခြင်းအတွက် ကြိုးပမ်းခဲ့မှုများကို ပြည်သူလူထုအကြား သိရှိစေရန်၊ ရှမ်းလူငယ်အဖွဲ့အစည်းများ စုံညီစွာ ပါဝင်သည့် ပွဲတစ်ခုမှ အားကောင်းသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ချီတက်နိုင်ရန် စသည့်ရည်ရွယ်ချက် များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ်ကျောင်းသားများသမဂ္ဂနှင့် ရှမ်းလူငယ်အစည်းအရုံး (TYO) အဖွဲ ့များမှ ဦးဆောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats