လား႐ိႈးတြင္ သတင္းသမား ၂ ဦးအား ျခိမ္းေျခာက္သည္ဟုဆိုကာ သတင္းမီဒီယာေကာင္စီသို႔ တိုင္ၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, July 23, 2019

လား႐ိႈးတြင္ သတင္းသမား ၂ ဦးအား ျခိမ္းေျခာက္သည္ဟုဆိုကာ သတင္းမီဒီယာေကာင္စီသို႔ တိုင္ၾကား


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ ဇူလိုင္လ ၂၂ ရက္၊ မြန္းလြဲပိုင္းက DVB သတင္းဌာနမွ သတင္းေထာက္ ခြန္ေဇာ္ဦးႏွင့္ အလြတ္တန္းသတင္းေထာက္ ျမတ္မိုးသူတို႔ ၂ ဦးအား Gold Luck Water Park ပိုင္ရွင္မွ ျခံတံခါး ပိတ္ကာ ၿခိမ္းေျခာက္ခဲ့သည္ဟု ဆိုကာ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီသို႔ တိုင္ၾကားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
 .
လား႐ိႈးၿမိဳ႕တြင္ ေနထိုင္သည့္ ေန႔စားအလုပ္သမားမ်ားကို Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္မွ လုပ္အားခ ေပးေခ်ျခင္း မရွိေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည့္အတြက္ အဆိုပါ သတင္းသမား ၂ ဦးမွ ႏွစ္ဘက္အသံ ရရွိႏိုင္ေရးအတြက္ ဦးရဲႏိုင္အား ဆက္သြယ္ရာ ၎၏ ႐ံုးခန္းသို႔ လာေရာက္ရန္ ေျပာဆိုသည့္အတြက္ ဇူလိုင္လ ၂၂ ရက္၊ မြန္းလြဲ ၁ နာရီတြင္ သတင္းေမးျမန္းႏိုင္ရန္အတြက္ သြားေရာက္ခဲ့ရာတြင္ Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္မွ ျခံတံခါးပိတ္ကာ “င့ါအမိန္႔မရရင္ ဒီျခံထဲက ဘက္သူမွ ေပးမထြက္နဲ႔။ မင္းတို႔ကို တရားစြဲမယ္။ ဖမ္းခိုင္းမယ္။ မင္းတို႔ကို ငါ့ျခံထဲက ဒီအတိုင္းမသြားခိုင္းဘူး ဟု ေျပာဆိုၿခိမ္းေျခာက္ခဲ့သည္​ဟု တိုင္​ၾကားစာတြင္​ ​ေဖာ္​ျပထားသည္။
.
အလုပ္သမားေတြကေနၿပီးေတာ့ သူတို႔ အလုပ္ရွင္က လုပ္အားခ မရွင္းေပးလို႔ ဆိုၿပီး သတင္းသမားေတြကို လာေျပာ ပါတယ္။ ဒါနဲ႔ အလုပ္သမားေတြကို အင္တာဗ်ဴးၿပီးေတာ့ ႏွစ္ဘက္ အသံရဖို႔ လုပ္ငန္းရွင္ဆီကို သြားတဲ့အခါမွာ ျဖစ္တာပါ။ မသြားခင္မွာ ဖုန္းနဲ႔ အရင္ဆက္ေတာ့ သူ႔ျခံထဲကို ဘယ္အခ်ိန္မွာ လာခဲ့ပါဆိုၿပီး ေခၚပါတယ္။ တျခား သတင္းသမားေတြလည္း ပါ ပါတယ္။ အဲဒီအခ်ိန္ ကၽြန္မတို႔ ၂ ေယာက္က ျခံထဲကို အရင္ ဝင္သြားေတာ့ အဲဒီမွာ စျဖစ္တာပါ။ အဲဒီမွာ ကၽြန္မတို႔ကို ၄၅ မိနစ္ေလာက္ ပိတ္ထားတာပါ။ မိန္းကေလး တစ္ေယာက္အေနနဲ႔ေတာ့ ေၾကာက္တာေပါ့ ဟု အလြတ္တန္းသတင္းေထာက္ ျမတ္မိုးသူက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
သတင္းသမား ၂ ဦးမွ ယင္းကဲ့သို႔ သတင္းရယူႏိုင္ေရးအတြက္ သြားေရာက္ခဲ့ရာတြင္ Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္မွ သတင္းသမားမ်ား ေမာင္းႏွင္ စီးနင္းလာသည့္ ေမာ္ေတာ္ယာဥ္အား လိုင္စင္မဲ့ယာဥ္ျဖစ္သည္ဟု ဆိုကာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔ တိုင္တန္းခဲ့ေၾကာင္းလည္​း သိရသည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍  Gold Luck Water Park မွ ဦးရဲႏိုင္အား ကေမ႓ာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာတြင္ “အဆာက္အဦတစ္ခု ေဆာက္တာပဲျဖစ္ေစ အလုပ္ရွင္နဲ႔ အလုပ္သမားၾကားမွာ အထစ္အေငါ့ေလးေတြ ရွိတတ္တာ ကေတာ့ သဘာဝပါ။ ကၽြန္ေတာ္တို႔ဆီမွာ ကုမၸဏီက ဝန္ထမ္းကလြဲလို႔ ေဆာက္လုပ္ေရးအပိုင္းမွာ ေန႔စား၊ လခစား ဆိုတာ မရွိပါဘူး။ ကန္ထ႐ိုက္စနစ္နဲ႔ပဲ ေပးထားတာပါ။ အခုက လုပ္ငန္းသေဘာမဟုတ္ဘဲ ကိုုယ္ေရးကိုယ္တာေတြ ပါလာတာပါ။ သူတို႔နဲ႔ ေတြ႕တဲ့ အခ်ိန္မွာ စရဖ ပါတယ္။ SB ပါပါတယ္။ အဲဒီေရွ႕မွာ ကၽြန္ေတာ္ ဘယ္လိုၿခိမ္းေျခာက္ လို႔ရပါ့မလဲ။ ဘယ္လိုနည္းနဲ႔ ၿခိမ္းေျခာက္လို႔ရမွာလဲ။ သူက သတင္းမီဒီယာက်င့္ဝတ္အရ ႏွစ္ဘက္အသံယူဖို႔အတြက္ လို႔ေျပာပါတယ္။ ဒါေပမဲ့ သူ႔ Facebook မွာ တင္ထားတာက ဘယ္က်င့္ဝတ္အရလဲဆိုတာ သိရဖို႔အတြက္ မီဒီယာ ေကာင္စီကို ျပန္ေမးဖို႔ ကၽြန္ေတာ္ စာထုတ္ခိုင္းထားပါတယ္ ဟု ျပန္လည္ေျဖၾကားခဲ့သည္။
.
ထို႔အတူ လိုင္​စင္​မဲ့ယာဥ္​မွာ ဌာနဆိုင္​ရာ၏ အလုပ္​သာ ျဖစ္​သည္​့အတြက္​ ၄င္​းႏွင္​့ သက္​ဆိုင္​ျခင္​း မရွိ​ေၾကာင္​း ကိုလည္​း ဦးရဲႏိုင္​က ဆက္​လက္​ ​ေျပာၾကားသည္​။
.
ယင္းကဲ့သို႔ သတင္းသမားမ်ားအား ၿခိမ္းေျခာက္ခဲ့မႈႏွင့္ ပတ္သက္၍ သတင္းသမား ၂ ဦးမွ သတင္းရပိုင္ခြင့္ႏွင့္ သတင္းသမားမ်ား၏ အသက္အႏၲရာယ္ကို ထိခိုက္ေစႏိုင္သည္ ဟုဆိုကာ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီသို႔ ဇူလိုင္​လ ၂၂ ရက္​၊ ညပိုင္​းက တင္ျပ တိုင္ၾကားထား​ေၾကာင္း သိရသည္။
.
လား႐ိႈးၿမိဳ႕ရွိ Gold Luck Water Park တည္ေဆာက္ေရးလုပ္ငန္း၌ လုပ္ကိုင္ခဲ့သည့္ အလုပ္သမားမ်ား၏ ရရွိရန္ က်န္ေငြမ်ားအား ရလိုမႈအတြက္ အလုပ္သမားမ်ားမွ သက္ဆိုင္ရာသို႔ တိုင္ၾကားစာ ေပးပို႔ခဲ့ရာ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ အတြင္းက အလုပ္ရွင္ႏွင့္ အလုပ္သမား ၿမိဳ႕နယ္ညိွႏႈိင္းျဖန္ေျဖေရးအဖဲြ႔မွ ႏွစ္ဖက္ ေခၚယူကာ ေျဖရွင္းေပးခဲ့ရဖူးေၾကာင္း သိရသည္။
.
============================================================
လားရှိုးတွင် သတင်းသမား ၂ ဦးအား ခြိမ်းခြောက်သည်ဟုဆိုကာ သတင်းမီဒီယာကောင်စီသို့ တိုင်ကြား
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲပိုင်းက DVB သတင်းဌာနမှ သတင်းထောက် ခွန်ဇော်ဦးနှင့် အလွတ်တန်းသတင်းထောက် မြတ်မိုးသူတို့ ၂ ဦးအား Gold Luck Water Park ပိုင်ရှင်မှ ခြံတံခါး ပိတ်ကာ ခြိမ်းခြောက်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
လားရှိုးမြို့တွင် နေထိုင်သည့် နေ့စားအလုပ်သမားများကို Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ လုပ်အားခ ပေးချေခြင်း မရှိကြောင်း အလုပ်သမားများထံမှ သိရသည့်အတွက် အဆိုပါ သတင်းသမား ၂ ဦးမှ နှစ်ဘက်အသံ ရရှိနိုင်ရေးအတွက် ဦးရဲနိုင်အား ဆက်သွယ်ရာ ၎င်း၏ ရုံးခန်းသို့ လာရောက်ရန် ပြောဆိုသည့်အတွက် ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီတွင် သတင်းမေးမြန်းနိုင်ရန်အတွက် သွားရောက်ခဲ့ရာတွင် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ ခြံတံခါးပိတ်ကာ “င့ါအမိန့်မရရင် ဒီခြံထဲက ဘက်သူမှ ပေးမထွက်နဲ့။ မင်းတို့ကို တရားစွဲမယ်။ ဖမ်းခိုင်းမယ်။ မင်းတို့ကို ငါ့ခြံထဲက ဒီအတိုင်းမသွားခိုင်းဘူး” ဟု ပြောဆိုခြိမ်းခြောက်ခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။
.
“အလုပ်သမားတွေကနေပြီးတော့ သူတို့ အလုပ်ရှင်က လုပ်အားခ မရှင်းပေးလို့ ဆိုပြီး သတင်းသမားတွေကို လာပြော ပါတယ်။ ဒါနဲ့ အလုပ်သမားတွေကို အင်တာဗျူးပြီးတော့ နှစ်ဘက် အသံရဖို့ လုပ်ငန်းရှင်ဆီကို သွားတဲ့အခါမှာ ဖြစ်တာပါ။ မသွားခင်မှာ ဖုန်းနဲ့ အရင်ဆက်တော့ သူ့ခြံထဲကို ဘယ်အချိန်မှာ လာခဲ့ပါဆိုပြီး ခေါ်ပါတယ်။ တခြား သတင်းသမားတွေလည်း ပါ ပါတယ်။ အဲဒီအချိန် ကျွန်မတို့ ၂ ယောက်က ခြံထဲကို အရင် ဝင်သွားတော့ အဲဒီမှာ စဖြစ်တာပါ။ အဲဒီမှာ ကျွန်မတို့ကို ၄၅ မိနစ်လောက် ပိတ်ထားတာပါ။ မိန်းကလေး တစ်ယောက်အနေနဲ့တော့ ကြောက်တာပေါ့” ဟု အလွတ်တန်းသတင်းထောက် မြတ်မိုးသူက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
သတင်းသမား ၂ ဦးမှ ယင်းကဲ့သို့ သတင်းရယူနိုင်ရေးအတွက် သွားရောက်ခဲ့ရာတွင် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ သတင်းသမားများ မောင်းနှင် စီးနင်းလာသည့် မော်တော်ယာဉ်အား လိုင်စင်မဲ့ယာဉ်ဖြစ်သည်ဟု ဆိုကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ သတင်းပေးပို့ တိုင်တန်းခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍  Gold Luck Water Park မှ ဦးရဲနိုင်အား ကမေ႓ာဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “အဆာက်အဦတစ်ခု ဆောက်တာပဲဖြစ်စေ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အထစ်အငေါ့လေးတွေ ရှိတတ်တာ ကတော့ သဘာဝပါ။ ကျွန်တော်တို့ဆီမှာ ကုမ္ပဏီက ဝန်ထမ်းကလွဲလို့ ဆောက်လုပ်ရေးအပိုင်းမှာ နေ့စား၊ လခစား ဆိုတာ မရှိပါဘူး။ ကန်ထရိုက်စနစ်နဲ့ပဲ ပေးထားတာပါ။ အခုက လုပ်ငန်းသဘောမဟုတ်ဘဲ ကိုုယ်ရေးကိုယ်တာတွေ ပါလာတာပါ။ သူတို့နဲ့ တွေ့တဲ့ အချိန်မှာ စရဖ ပါတယ်။ SB ပါပါတယ်။ အဲဒီရှေ့မှာ ကျွန်တော် ဘယ်လိုခြိမ်းခြောက် လို့ရပါ့မလဲ။ ဘယ်လိုနည်းနဲ့ ခြိမ်းခြောက်လို့ရမှာလဲ။ သူက သတင်းမီဒီယာကျင့်ဝတ်အရ နှစ်ဘက်အသံယူဖို့အတွက် လို့ပြောပါတယ်။ ဒါပေမဲ့ သူ့ Facebook မှာ တင်ထားတာက ဘယ်ကျင့်ဝတ်အရလဲဆိုတာ သိရဖို့အတွက် မီဒီယာ ကောင်စီကို ပြန်မေးဖို့ ကျွန်တော် စာထုတ်ခိုင်းထားပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အတူ လိုင်စင်မဲ့ယာဉ်မှာ ဌာနဆိုင်ရာ၏ အလုပ်သာ ဖြစ်သည့်အတွက် ၄င်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကိုလည်း ဦးရဲနိုင်က ဆက်လက် ပြောကြားသည်။
.
ယင်းကဲ့သို့ သတင်းသမားများအား ခြိမ်းခြောက်ခဲ့မှုနှင့် ပတ်သက်၍ သတင်းသမား ၂ ဦးမှ သတင်းရပိုင်ခွင့်နှင့် သတင်းသမားများ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည် ဟုဆိုကာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ဇူလိုင်လ ၂၂ ရက်၊ ညပိုင်းက တင်ပြ တိုင်ကြားထားကြောင်း သိရသည်။
.
လားရှိုးမြို့ရှိ Gold Luck Water Park တည်ဆောက်ရေးလုပ်ငန်း၌ လုပ်ကိုင်ခဲ့သည့် အလုပ်သမားများ၏ ရရှိရန် ကျန်ငွေများအား ရလိုမှုအတွက် အလုပ်သမားများမှ သက်ဆိုင်ရာသို့ တိုင်ကြားစာ ပေးပို့ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ အတွင်းက အလုပ်ရှင်နှင့် အလုပ်သမား မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ နှစ်ဖက် ခေါ်ယူကာ ဖြေရှင်းပေးခဲ့ရဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats